စိတ်ကူးယဉ် ၀တ္ထုတွေထဲက ဇာတ်ကောင်တွေလား မှတ်ရတဲ့ လက်တွေ့ဘ၀မှ လူထူးဆန်းများ

လူတိုင်းဟာ ထူးခြားပြီး သူအလှတရားနဲ့သူ ရှိကြပါတယ်။ ဒါပေမယ့် တစ်ချို့ကတော့ လူအုပ်ထဲမှာ တခြားသူတွေနဲ့ယှဉ်ရင် ထင်းပြီး ထွက်နေတတ်ကြတယ်။ ၄င်းတို့ရဲ့ ကြီးမားတဲ့ လက်တွေ၊ ခြေထောက်တွေ၊ မျက်တောင်ရှည်တွေ၊ အလွန် ပျော့ပျောင်းနိုင်တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေက ၄င်းတို့ကို ထူးခြားတယ်ဆိုတာထက် ပိုစေပါတယ်။ ၄င်းတို့ကို အံအားသင့် မှင်သက်လေးစားနေရတာကလွဲရင် ကျန်တဲ့သူတွေမှာလည်း ဘာမှ မတတ်နိုင်ကြပါဘူး။

ဒါကြောင့် ကျွန်တော်တို့ ကမ္ဘာကြီးထဲမှာ အလွန်ထူးခြားစွာနဲ့ ရှင်သန်နေပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ လူတစ်ချို့ အကြောင်း ဖော်ပြပေးချင်ပါတယ်။

Sajad Gharibi ဆိုတာ အီရန်နိုင်ငံသား Hulk တစ်ယောက်ဖြစ်ပါတယ်…
instagram
 Jeff Dabe ဟာ လက်ဝှေ့ သမားတစ်ယောက်ဖြစ်ပြီး လက်ဖျံဟာ ၁၉ လက်မရှိပါတယ်…။
Jeff Dabe
John Ferraro ဆိုတဲ့ အမျိုးသားဟာ သူရဲ့ ဦးခေါင်းနဲ့ သံချောင်းတွေကို ကွေးနိုင်ပါတယ်….
instagram
တရုတ်နိုင်ငံက မျက်တောင်အရှည်ဆုံး အမျိုးသမီးဖြစ်ပါတယ်။ You Jianxia ရဲ့ မျက်တောင်တွေဟာ ၄.၈ လက်မရှည်တယ်လို့ သိရပါတယ်။

Jyoti Amge ဆိုတာ အိန္ဒိယနိုင်ငံက အရပ်ပုဆုံးအမျိုးသမီးဖြစ်ပြီး ပါရမီရှိတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။
twitter
 Sultan Kösen ဆိုတဲ့ တူရကီနိုင်ငံက အမျိုးသားဟာ အရပ် ၈ ပေမြင့်ပြီး ကမ္ဘာ့အရှည်ဆုံး လူသားဖြစ်ပါတယ်။
instagram
Mehmet Özyürek ဟာ နှာခေါင်းအရှည်ဆုံး လူသားဖြစ်ပြီး ၄င်း နှာခေါင်းဟာ ၃.၅၅ လက်မ ရှည်ပါတယ်။
instagram
 Maxwell Day ရဲ့ ခြေထောက်တွေဟာ အလွန် ပျော့ပျောင်းနိုင်စွမ်းရှိပါတယ်။ ညာဘက်ခြေထောက် ၁၅၇ ဒီဂရီ လှည့်နိုင်ပြီး ဘယ်ဘက်က ၁၄၃ ဒီဂရီလှည့်နိုင်တယ်လို့ သိရပါတယ်။
instagram

Jeison Orlando Rodríguez Hernández  ဆိုသူ ခြေဖ၀ါး အကြီးဆုံးလူသားဖြစ်ပြီး တစ်ဖက်ကို ၄၀.၅ စင်တီမီတာရှိကြောင်း သိရတယ်။
facebook
 Lee Redmond ဆိုတဲ့ အမျိုးသမီးရဲ့ လက်သည်းတွေဟာ လက်တစ်ချောင်းကို ၂ ပေ ၁၁ လက်မ ရှိပါတယ်။
facebook
Charlotte Guttenberg ဆိုတဲ့ ဒီအမျိုးသမီးဟာ သူမ ခန္ဓာကိုယ်ရဲ့ ၉၈.၇၅ ရာခိုင်နှုန်းကို တက်တူးတွေနဲ့ ဖုံးအုပ်ထားပါတယ်။
facebook
 Craig Golias ဆိုတဲ့ ကာယအလှ ကစားသမားဟာ အခုလိုပဲ အိမ်သာနဲ့တောင်မဆံ့တဲ့ထိ သန်မာထွားကြိုင်ပါတယ်….
instagram
Xie Qiuping ဆိုတဲ့ တရုတ်နိုင်ငံက အမျိုးသမီးရဲ့ ဆံပင်ဟာ ၁၈ ပေအထိရှိပါတယ်။ သူမဟာ အသက် ၁၃ နှစ်အရွယ်ကတည်းက ဆံပင်မညှပ်တော့တာဖြစ်ကြောင်း သိရပါတယ်။
instagram
နီပေါ နိုင်ငံက ကြောင်မျက်လုံးနဲ့ ကလေးငယ်
instagram
Novia Galaxia ဆိုတဲ့ အမျိုးသမီးဟာ Polycystic ဆိုတဲ့ သားအိမ် ရောဂါတစ်မျိုးကို ခံစားနေရပြီး အဲ့ဒါက သူမကို အခုလို ထူထဲတဲ့ အမွေးအမျှင်တွေ ထွက်လာစေပါတယ်။
instagram
လူသား ဘာဘီ

ရေခဲမှတ်မှာ အ၀တ်ဗလာနဲ့ နေနိုင်တဲ့ ရေခဲလူသား Wim Hof
twitter
လူတော့မဟုတ်ပါဘူး… ဒါပေမယ့် ထူးဆန်းတဲ့ ယုန်တစ်ကောင်အနေနဲ့ ဖော်ပြပေးလိုက်တာပါ…
instagram

Ref: Brightside

READ
သစ်ပင်တော့ သစ်ပင်ပဲ ... ထူးခြားတဲ့ သစ်ပင်ပါ
Matthew (ShweMOM)
SHARE