အရာဝတ္ထုပစ္စည်းတွေနဲ့ အတည်ပေါက်ကြီး လက်ထပ်ထားကြတဲ့ လူထူးလူဆန်းများ

Eiffel-Eklöf Erika Aya/Facebook, @_davidsikorski/Twitter

လူအမျိုးမျိုးစိတ်အထွေထွေဆိုသလိုပါပဲ။ လူတွေဟာကိုယ်အတွေးနဲ့ကိုယ် ကိုယ့်ခံယူချက်နဲ့ကိုယ်ဆိုတဲ့အထဲမှာမှ သာမန်မင်္ဂလာပွဲတွေထဲက ခွဲထွက်ပြီး လူမဟုတ်တဲ့အရာတွေနဲ့ မင်္ဂလာဆောင်ခဲ့ကြတဲ့ လူထူးလူဆန်းတွေလည်း ရှိလို့နေပြန်ပါတယ်။ ဘယ်သူတွေလဲ၊ ဘာတွေနဲ့ လက်ထပ်ထားကြသလဲဆိုတာ Bright Side မှ ကိုးကားဖော်ပြ သွားမှာမလို့ ဆက်ကြည့်လိုက်ရအောင်ပါနော်။

#Kevin Nadal 

Image:kevinnadal.com

Kevin Nadal ကတေ့ စာရေးဆရာ၊တက်ကြက်ွလှုပ်ရှားသူ၊စိတ်ပညာဆိုင်ရာ professor တစ်ယောက်ပါ။ လော ကကြီးမှာ ကိုယ့်ကိုယ်လောက် ဘယ်သူမှမကောင်းဘူးဆိုပြီး ပြောတတ်ကြတယ်မလား။ Kevin Nadal ဆိုတဲ့အ မျိုး သားကတော့ ကိုယ့်ကိုယ့်ကိုပြန်လက်ထပ်ပြီး ဘဝကြီးကိုတစ်သက်လုံး စင်ဂယ်အနေနဲ့ဖြတ်သန်းနေပါတယ်။

#Aaron Chervenak

သူ့နာမည်ကတော့ Aaron Chervenak ပါ။ စမတ်ဖုန်းနဲ့လက်ထပ်ထားခဲ့ပါတယ်။ တကယ်လည်း အခုခေတ်နောက်ပိုင်းမှာ လူတွတော်တော်များများဟာ စမတ်ဖုန်းတွေနဲ့လုံးဝခွဲထားလို့ မရတော့လောက်အောင်အထိ တပူးပူးတွဲတွဲရှိနေခဲ့ကြပြီး တစ်ခါတစ်ရံ ရည်းစားနဲ့ဖုန်းပြောဖို့ထက် ဖုန်းကလိဖို့ကို ပိုဦးစားပေးနေတတ်တယ်မဟုတ်လား။

#David Sikorski

View this post on Instagram

🌯🖤#valentinesday

A post shared by David Alan Sikorski (@david.sikorski) on

သူကတော့ David Sikorski လို့ခေါ်ပြီး သတို့သမီးလေးကတော့ burrito ဆိုတဲ့ စားစရာပါ။ ဆန်ဖရန်စစ္စကိုသားေ လးဟာ သတို့သမီးလေးနဲ့ လက်ထပ်တုန်းက ရိုမန်တစ်ဆန်ဆန်ဓာတ်ပုံလေးတွေတောင် ရိုက်ခဲ့ပြီး သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့လူတွေဟာ မင်္ဂလာဆောင်ဆောင်သွားကြတဲ့အခါ အလုပ်နဲ့အိမ်၊ အိမ်နဲ့အလုပ်ဖြစ်နေခဲ့တဲ့ သူ့ဘဝဟာ သိပ်ပြီး အထီးကျန်လွန်းတာကြောင့် သူအကြိုက်ဆုံး burrito မုန့်လေးနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။

View this post on Instagram

😘🌯#burritovalentines #happyvalentinesday

A post shared by David Alan Sikorski (@david.sikorski) on

#Tracey Emin

READ
အိပ်ယာထက်မှာ လှဲနေရတဲ့အဖွားကို အမြဲအပျော်တွေနဲ့ တင်ဆက်ပေးနေသူ မြေးမလေး
mage :@TraceyEmin

ဒီအမျိုးသမီး Tracey Emin ကတော့ ကျောက်ခဲနဲ့လက်ထပ်ယူခဲ့ပါတယ်တဲ့။ မင်္ဂလာပွဲကိုတော့ ပြင်သစ်မှာရှိတဲ့ သူ့ရဲ့ပန်းခြံသေးသေးလေးထဲမှာ ကျင်းပခဲ့ပြီး ကျောက်ခဲလေးနဲ့သူမတို့ဟာ စိတ်ဝိဥာဉ်ချင်း ထိဆက်နေတယ်လို့ ခံစားခဲ့ရပြီး စစတွေ့ပုံလေးကတော့ ပင်လယ်ကိုမျက်နှာမူနေတဲ့ တောင်ကုန်းလေးပေါ်မှာ ရှေးဟောင်းဆန်တဲ့ ကျောက်ခဲလေးကို မလှုပ်မယှက်တွေ့ခဲ့ရင်း ချစ်ကျွမ်းဝင်သွားခဲ့တာပါ။

#Erika Eiffel

 

Posted by Eiffel-Eklöf Erika Aya on Wednesday, February 21, 2018

Erika Eiffel ကတော့ ပြင်သစ်ရဲ့ Eiffel Tower ကြီးနဲ့ လက်ထပ်ခဲ့သူလေးပါ။ ၂၀၀၉ ခုနှစ်တုန်းက လက်ထပ်ခဲ့ တာဖြစ်ပြီး အခုအချိန်မှာတော့ Lance လို့ နာမည်ပေးထားတဲ့ လေးနဲ့ ချစ်ကျွမ်းဝင်ကာ ကမ္ဘာ့အဆင့်မီမြှားအားက စားမယ်တစ်ယောက် ဖြစ်နေခဲ့ပါပြီ။

#Akihiko Kondo

ဒီဂျပန်အမျိုးသားကတော့ hologram ထဲက ဇာတ်ကောင်မိန်းကလေးနဲ့ လက်ထပ်ခဲ့ပါတယ်တဲ့။ Akihiko Kondo ဟာ သူ့ရဲ့ hologram လေးနဲ့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတုန်းက လက်ထပ်ခဲ့တာပါ။

READ
မှန်အဟောင်းရောင်းဖို့ ရိုက်ထားတဲ့ပုံလို့ လုံးဝမထင်ရတဲ့ မှန်ကြော်ငြာဓာတ်ပုံများ

#Pascale Sellick

View this post on Instagram

So excited about my upcoming duvet wedding!

A post shared by Pascale Sellick (@pascalesellick) on

Pascale Sellick ဆိုသူအမျိုးသမီးကတော့ သူမရဲ့ဖုံစောင်ကြီးနဲ့ လက်ထပ်ထားပါတယ်တဲ့။ ချစ်သူများနေ့မှာ စင်ဂယ်ဖြစ်နေလို့ ဝမ်းနည်းနေမယ့်အစား အိပ်ယာထဲမှာ ဖုံစောင်ကြီးခြုံနေလိုက်တာ ပိုဇိမ်ရှိပါတယ်လို့ဆိုသတဲ့။

Penny

SHARE