အသံကျယ်ကျယ်နဲ့ စကားပြောသူတွေဟာ ကိုဗစ် ပိုမိုပြန့်နှံ့စေသူတွေဖြစ်ကြောင်း သိရ

Image:shutterstock/ By Ollyy

COVID-19 ကပ်ရောဂါ ကတော့ ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပွားနေတဲ့ ရောဂါ ပါ။ကာကွယ်ဆေးရော ကုသ ဆေးပါ မပေါ် သေးတာ မို့ ကူးစက်မှု မဖြစ် အောင် ဂရုတစိုက် နေထိုင်နေရတဲ့ ရောဂါ မျိုးပါ။အသက်ရှုလမ်း ကြောင်း ဆိုင် ရာကပ် ရော ဂါ ဖြစ်ပြီး အသက်ရှု လမ်း ကြောင်းဆိုင်ရာ အရည်တွေ  က နေ ကူးစက်နိုင်ပါတယ်။ရောဂါ ပိုး ကလည်း အရာ ၀တ္ထု တွေ အပေါ်မှာ ပါ ရှင်သန်  အသက်ရှင် နိုင်တဲ့ ပိုးမျိုး ဖြစ် နေပါတယ်။လက်ရှိမှာတော့ အပြင် သွားရင် Mask တပ် ဖို့ နဲ့ လက်ကို မကြာခဏ ဆေး ကြဖို့  ၊Social Distancing လုပ် ဖို့ နဲ့ပဲ ကပ် ရောဂါ ကို ကြိုးစား ဟန့် တား နေရ ပါတယ်။လူတွေရဲ့ ပါးစပ်က  နေ ထွက်တဲ့ တံ ထွေး က လည်း ရောဂါကူး စက်ပျံ့ ပွားမှု ကို ဖြစ်စေ ကြောင်း Asiaone မှာ ဖော်ပြ ထားပါတယ်။

Image:Pixabay/OpenClipart-Vectors

The Proceedings of the National Academy of Sciences က နေ မေ (၁၃) ရက်နေ့က ထုတ် ပြန် ချက် မှာ တော့ အရည်အစက် လေးတွေ ဟာ လေထု ထဲမှာ (၁၄)မိနစ် လောက်အထိ နေနိုင်တယ်လို့ ဆိုပါတယ်။ airborne virus ဖြစ်တာ ကြောင့် ပုံမှန်လူတစ်ယောက်နဲ့ တစ်ယောက် အနီးကပ် စကားပြောဆိုတဲ့ အခါ မျိုး တွေ တောင်မှာမှ ရောဂါကူး စက်မှု ကို ဖြစ်စေ နိုင်တယ်လို့ လေ့လာ တွေ့ရှိမှု မှာ ဖော်ပြ ထားပါတယ်။ကူး စက် ခံရ ဖို့ ဗိုင်းရပ်စ် အမှုန် တွေ အများကြီး လိုပါတယ်။

READ
မိဘတွေဆီက အမွေဆက်ခံရနိုင်တဲ့ ဆိုးရွားတဲ့ဗီဇလက္ခဏာ ၆ ခုအကြောင်း

ဒါကြောင့် Mask တပ်တာနဲ့ Social Distancing က ရောဂါ ကူး စက် မှု ကို လျော့ ချ နိုင် တာပါ။ လူ တွေ ဟာ စကား ပြောရင် တံ ထွေးအမှုန် ဘယ်လောက် ထွက်လဲ ဆိုတာကို Univ ersity of Pennsylvania က နေ လေ့လာ ခဲ့ပါတယ်။လေဆာ အလင်းရောင် ပါတဲ့ Sheet တစ်ခုကို သုံး ခဲ့ တာပါ။ Laser Scan မှာ ပြ တာ ကတော့ ပုံမှန် အသံ နဲ့ ပြောရင် တံ ထွေး အမှုန် (၂၆၀၀) လောက် စကား ပြောရင် ထွက် တယ်ဆိုတဲ့ အချက်ကို  တွေ့ ခဲ့ပါတယ်။အသံ ကျယ်ကျယ်နဲ့ ပြောရင် တော့ ဒီ့ထက် ပိုပြီး ထွက် ပါတယ်။အသံ ကျယ် ကျယ် နဲ့ စကားပြောရင် တစ်မိနစ် ကို ဗိုင်း ရပ်စ် အစက် ကလေး တစ်ထောင် လောက် ထွက်လာနိုင်ပါတယ်။

READ
အမျိုးသမီးတွေဖို့ စိတ်ကျရောဂါကိုဖိတ်ခေါ်နေတဲ့ ပိတ်ရက်မှာ အလုပ်လုပ်ခြင်းအလေ့အထ
Image:unplush/Noah Buscher

ဒီလေ့လာစမ်းသပ်မှုကိုတော့ အလုံပိတ် အခန်းထဲမှာ စမ်းသပ်ခဲ့တာဖြစ်ပြီး လေ ၀င်လေ ထွက် ကောင်းတဲ့ နေရာ မျိုး မှာ စမ်းရင် တော့ ရလဒ် က အခု ရလဒ် နဲ့ တူ မှာ မဟုတ်ဘူးလို့ လည်း သု တေသီ တွေ က ဖြည့် စွက် ပြောဆို ခဲ့ပါတယ်။ဒါကြောင့် အသံ ကျယ်ကျယ်နဲ့ ပြောရင် တံ ထွေးအမှုန်တွေ များများ  စင်ပြီး ရောဂါ ကူးစက် နိုင် ချေ ပို များ နိုင် တယ်လို့ သု တေသီ တွေ က ကောက်ချက် ချ ခဲ့တာပါ။ Werner E. Bischoff, ဆိုတဲ့ ဆေးပညာ ဆိုင်ရာ ဒါရိုက်တာ ကတော့ ပုံမှန် အသံ နဲ့ စကားပြောတတ်တဲ့ လူမျိုး တွေ ကိုတော့ social distancing နဲ့ Mask တပ် ထား ရင် ပို ပြီး စိတ်ချ ရတယ်လို့ ဆိုပါတယ်။

Image:shutterstock/By pang_oasis

#SHWEMOM

SHARE