အသစ်ထွက်လာတဲ့ iPhone 11 စီးရီးကြောင့် အသဲတယားယား ဖြစ်နေကြတဲ့လူတချို့

@Seokjiminah, Apple.com/Compare

စက်တင်ဘာလ ၁၀ ရက်နေ့လောက်ဆို အမြဲတမ်း မော်ဒယ်အသစ်တွေနဲ့ မိတ်ဆက်ပေးနေကျဖြစ်တဲ့ Apple ကတော့ ၂၀၁၉ ခုနှစ် အတွက် မော်ဒယ်သစ် iPhone 11 စီးရီးကို မိတ်ဆက်လိုက်ပါပြီ။ ဖုန်းအနေနဲ့ကတော့  11, 11 Pro နဲ့ 11 Pro Max ဆိုပြီး သုံးမျိုးပါ။ အရင်တုန်းကတော့ လူတွေက iPhone သစ်ရဲ့မိတ်ဆက်ပြီဆိုရင် ဘယ်လို specification တွေပါမလဲ၊ ဓာတ်ပုံဘာညာကောင်းလာမလားစသည့်ဖြင့် ကြည့်တတ်ကြပေမယ့်လို့ အခုတစ်ခေါက်မှာတော့ social media user တွေကြားထဲ 11 Pro နဲ့ Pro Max တို့ရဲ့ ဖုန်းဘော်ဒီလို လူပြောများနေခဲ့ပါတယ်။

Apple.com/Compare

11 မှာ back camera ၂ လုံးပါဝင်မှာဖြစ်ပြီး 11 Pro နဲ့ Pro Max တို့မှာတော့ အားလုံးတွေ့ကြတဲ့အတိုင်း ကင်မရာ သုံးလုံးတောင်ပါဝင်နေပါတယ်။ ကင်မရာတွေကိုကြည့်လိုက်မယ်ဆိုရင် ခပ်မည်းမည်းအဝိုင်းဝိုင်းလေးတွေဖြစ်နေခဲ့တာကြောင့်တစ်ခုတည်းနဲ့ပဲ လူတွေကတော့ အသည်းယားနေကြပါတယ်တဲ့။

Trypophobia ဆိုတဲ့ အပေါက်တွေကိုကြောက်တဲ့ရောဂါကို သိကြမယ်ထင်ပါတယ်နော်။ ကျွန်တော်တောင် ပြောရင်းနဲ့ကြက်သီးထလာပြီ။ ဒီလိုစိတ်ရောဂါရှိသူတွေကတော့ iPhone 11 စီးရီးဟာ သူတို့အတွက် လုံးဝမဝယ်ရမယ့် ဖုန်းတွေပဲဆိုပြီးတောင် အတိအလင်းကြေငြာခဲ့တာပါ။

READ
အခွင့်မရှိဘဲ VIPနေရာကိုဝင်လို့ တားဆီးတဲ့နိုက်ကလပ်အစောင့်ကို ဖန်ခွက်နဲ့ရိုက်ခဲ့တဲ့မော်ဒယ်

တချို့တွေကလည်း အခု iPhone ကြီးရဲ့ ကင်မရာထားသိုပုံတွေဟာ ရုပ်ဆိုးလွန်းတယ်ဆိုပြီး မှတ်ချက်ပေးနေကြသလို နောက်ထွက်မယ့် အိုင်ဖုန်းတွေသာဆိုရင် ဒီလိုများဖြစ်မလားဆိုပြီးလည်း ဟာသဆန်ဆန်ပြောထားကြပါသေးတယ်။

သင်ရော iPhone သစ်တွေကိုကြည့်ရင်း ဘယ်လိုမြင်မိသလဲ?

@Seokjiminah/Twitter

Penny

SHARE