အခုဆိုရင် ၂၀၂၁ ထဲလည်း ရောက်လို့လာခဲ့ပါပြီ။ နှစ်ဟောင်းက အကျင့်ဆိုးတွေကို နှစ်သစ်ကို သယ်မလာသလိုပဲ သင့်ပတ်ဝန်းကျင်မှာလည်း နှစ်သစ်ထဲကို သယ်မလာသင့်တဲ့ ဆက်ဆံရေးတစ်ချို့ရှိကောင်းရှိနေမှာပါ။ ၂၀၂၁ ထဲကို မသယ်ဘဲ ၂၀၂၀ ထဲမှာပဲ အပြီးပိုင်ထားခဲ့သင့်တဲ့ လူအမျိုးအစားတွေကတော့..

(၁) ကြမ်းတမ်းတဲ့လူတွေ
ဒေါသကိုမထိန်းချုပ်နိုင်ဘဲနဲ့ နှုတ်ကြမ်း၊ ကိုယ်ကြမ်းနဲ့ သင့်ကို အမြဲတမ်း ဆက်ဆံနေတဲ့လူတွေကို နှစ်ဟောင်းမှာပဲ ထားခဲ့လိုက်ပါ။ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ရလေအောင် ကိုယ့်ဖက်ကပဲ အတတ်နိုင်ဆုံး ရှောင်ရှားလိုက်ပေါ့။
(၂) သင့်ကိုအသုံးချနေတဲ့လူတွေ
မိသားစုပဲဖြစ်ဖြစ်၊ သူငယ်ချင်းမိတ်ဆွေပဲဖြစ်ဖြစ် ဘယ်လိုပတ်သက်မှုမျိုးပဲဖြစ်ဖြစ် သင့်ဖက်က အပေးချည်းပဲ ဖြစ်နေပြီးတော့ အသုံးချခံနေရပြီဆိုရင် ဒီနှစ်ထဲမှာတော့ ငြိမ်ခံမနေပါနဲ့တော့။

(၃) သင့်တိုးတက်မှုကို အတားအဆီးဖြစ်စေမယ့်လူမျိုး
သင့်ကိုကောင်းစေချင်လို့ဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ အနာဂတ်ကို “မင်းမလုပ်နိုင်ပါဘူး”၊ “မင်းနဲ့တော့မဖြစ်ပါဘူး
“၊ “အပိုတွေေလုပ်မနေနဲ့”၊ “ဘာမှဖြစ်မြောက်မှာလည်းမဟုတ်ပါဘူး” ဆိုပြီး ပြောနေတဲ့လူတွေကို နှစ်သစ်ထဲခေါ်မလာပါနဲ့တော့။ သူတို့ဟာ သင့်ကို ရှုံးနိမ့်မှုနွံထဲ နှစ်မှန်းမသိ နှစ်နေတာပါ။
(၄) တန်ပြန်မေတ္တာမပေးတဲ့သူတွေ
မေတ္တာဆိုတာ အမြဲတမ်းချည်းရောင်ပြန်ဟပ်မနေနိုင်ပမေယ့်လို့ ကိုယ်ချစ်သလောက် ကိုယ့်ကိုမချစ်တဲ့လူတွေ၊ တန်ဖိုးမထားနေတဲ့လူတွေကို ကိုယ့်ဖက်ကလည်း ပြတ်သားလိုက်ပါ။

(၅) ပြီးခဲ့တဲ့ဇာတ်လမ်းဟောင်းများ
ရည်းစားဟောင်းတွေပေါ့။ လူတွေရဲ့ဘဝမှာ သူတို့မမေ့နိုင်တဲ့ ရည်းစားဟောင်းတွေဆိုတာရှိကြစမြဲပါပဲ။ ဒါပေမဲ့ ဒဏ်ရာဟောင်းကို ဆက်ပြီး ကိုယ်တိုင် ပိုဆိုးအောင် ထိုးနှက်မနေပါနဲ့တော့။ Move on လုပ်လိုက်ပါ။ ပြီးခဲ့တဲ့ ဇာတ်လမ်းအကျဉ်းကို အဲဒီနေရာမှာပဲ ထားခဲ့လိုက်ပါတော့။
penny