ချစ်သူကောင်မလေးကို ပြီးပြည့်စုံတဲ့မွေးနေ့ကတ်ဖန်တီးပေးခဲ့ပေမယ့် အလွဲကြီးလွဲသွားတဲ့အဖြစ်

Mirror

လက်တွဲလာကတည်းက ချစ်သူလေးမွေးနေ့တိုင်း မွေးနေ့ကတ်လက်ဆောင်ပေးလေ့ရှိပါတယ်။ ဖြစ်ချင်တော့ မွေးနေ့တိုင်း ချစ်သူနှစ်ယောက်ဟာ ခရီးတစ်ခုခုထွက်လေ့ရှိပြီး ဘယ်နေရာကိုသွားမယ်ဆိုတာကိုတော့ ကြိုမပြောဘဲ မွေးနေ့ကတ်ထဲမှာပဲ ရေးထားပါတယ်။ ဒါပေမဲ့ နှစ်တိုင်း မွေးနေ့ပြီး နောက်ရက်တွေမှ ကတ်ကရောက်ရောက်လာတော့ ဒုက္ခတွေ့နေခဲ့တာပါ

Mirror

Ryan Smith ဟာ သူ့ကောင်မလေး Laura ကို ဒီနှစ်အတွက် အံ့သြစေမယ့် မွေးနေ့လက်ဆောင်လေး စီစဉ်ပေးထားတယ်ဆိုတဲ့အကြောင်း မွေးနေ့နီးကတည်းက တဖွဖွပြောနေခဲ့တာပါ။

Mirror

တကယ်လည်း မွေးနေ့ရက်နဲ့ကွက်တိကို Ryan ရဲ့ ကတ်ကရာက်လာခဲ့သော်လည်း ကောင်မလေးခင်ဗျာပျော်ရမယ့်အစား ငိုရခက် ရယ်ရခက် အခြေအနေတစ်ခုကိုကြုံခဲ့ရပါတယ်။ မွေးနေ့ကတ်လေးဟာ သူတို့နှစ်ယောက်ပုံလေးတွေ၊ Laura ရဲ့ ပုံလေးတွေနဲ့ သေသေချာချာကို စီစဉ်ထားတဲ့ မွေးနေ့ကတ်လေးပါ။

Laura ဆိုတဲ့ နာမည်နေရာမှာ Georgia ဆိုပြီး ဖြစ်နေတာလေးတစ်ခုပါပဲ။

Mirror

Ryan ဟာ ကတ်အတွက် ရှိပြီးသား Frame တစ်ခုကို ယူပြီး ဓာတ်ပုံတွေသာပြန်ပြောင်း အစားထိုးခဲ့သော်လည်း အောက်က အသင့်ပါပြီးသား စာသားကိုတော့ ပြန်ပြောင်းဖို့မေ့ခဲ့လို့ မူလ Frame မှာပါတဲ့အတိုင်း “Happy Birthday Georgia” ဆိုပြီး ဖြစ်နေတာပါတဲ့။

READ
တရုတ်နိုင်ငံမြစ်ထဲက ရေထဲမြောနေတဲ့ (၅)ထပ်တိုက်အဆောက်အဦး
Mirror
Mirror

Laura ကတော့ ဒီအဖြစ်အပျက်ကို စိတ်တိုရမယ့်အစား ချစ်သူရဲ့ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ နားလည်ပေးပြီး အလွဲလေးကိုဟာသတစ်ခုအနေနဲ့တောင် Twitter မှာ ပြန်တင်ခဲ့ပါတယ်။

Source: Mirror

Penny

 

SHARE