ထိရက်တို့ရက်စရာမရှိပဲ တစိမ့်စိမ့်ကြည့်နေချင်တဲ့ အစားအသောက်ဓာတ်ပုံများ

စားသောက်ဖွယ်ရာတစ်ခုလှပအောင်ဖန်တီးတာဟာ အနုပညာတစ်ရပ်လို့ခေါ်နိုင်ပါတယ်။ စာဖတ်သူတွေအနေနဲ့ အသီးအနှံတွေ၊ ဟင်းပွဲတွေ၊ မုန့်အချိုတွေကိုလှလှပပပုံဖော်ထားကြတာကို တွေ့ဖူးမြင်ဖူးပါလိမ့်မယ်။ တစ်ခါတစ်လေများဆိုရင် ပုံဖော်ထားတာလက်ရာမြောက်လွန်းလို့ စားလိုက်ရင်ပုံပျက်သွားမယ်ဆိုပြီး စိုးရွံ့တဲ့စိတ်တောင်ဖြစ်မိမှာပါ။ အောက်မှာတွေ့ရမယ့်ဓာတ်ပုံတွေကတော့ မယုံနိုင်စရာကောင်းလောက်အောင် လှပပြီးအချိုးအစားကျနနေတဲ့ အစားအသောက်ဓာတ်ပုံလေးတွေပါ။ တကယ်ပဲစားလို့ရသလား၊ အရုပ်ပဲလားဆိုတာတောင်ပြန်စဉ်းစားရစေမယ့် ပုံလေးတွေပဲဖြစ်ပါတယ်။

ထောပတ်သီးကို ပုံဖော်ထားတာပါ..
အပြစ်အနာမရှိပဲ လုံးဝန်းချောမွေ့နေတဲ့ရေခဲမုန့်လေးပါ..
ကွတ်ကီးလေးတွေကြည့်ရတာ မျက်စိပသာဒရှိလှပါတယ်..
သက်တန့်ရောင်မုန်လာဥလေးများ
ဒီဝေဖာကတော့ ပလတ်စတစ်ဝေဖာလားတောင်အထင်မှားရပါတယ်။
အိုရီယိုဘီစကစ်ထဲမှာ မရရအောင်ပုံဖော်ထားတာလေး..
ကြက်သွန်နီကွင်းထဲမှာ ကွက်တိဝင်နေတဲ့ဝက်သားကွင်းလေး
အမှန်တော့ ကွတ်ကီးတွေအပေါ်မှာ ပလတ်စတစ်အပါးလေးထပ်အုပ်ထားပါ။ မြင်ရရဲ့လား?
မသိရင်တော့ စက္ကူဘူးကြီးပေါ့… အမှန်တော့ အထဲမှာက မျက်နှာပြင်ချောမွတ်နေတဲ့ရေခဲမုန့်အတုံးကြီးပါ…
တြိဂံပုံစံအချွန်လေးဖြစ်အောင် အထဲမှာကတ်ထူခံပြီးပုံဖော်ထားတာပါ…
ဘောလုံးလေးနဲ့တူတဲ့ကြက်ဥလေးပါ…
အပေါ်ယံအခွံအစိမ်းလေးကို အခုလိုမျိုးရအောင် အခွံခွာနိုင်ဖို့ဆိုတာတကယ်မလွယ်တာပါ..
အတိအကျအရောင်ခြယ်ထားသလို အရောင်နှစ်ရောင်ကွဲနေတဲ့ ချယ်ရီသီးလေး
သက်တန့်ရောင်လေးနဲ့ ငရုတ်သီးလေး

လင်းလင်း (ShweMom)

Source: Dailymail

SHARE