မိုးအေးအေးလေးနဲ့ကွေးရင်း ကြည့်သင့်တဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားကောင်းများ

movienewsletters.net/rottentomatoes.com/IMDb

မိုးရွာတဲ့နေ့တွေမှာ အပြင်ထွက်ရတာလည်းပျင်းပြီး ဘာမှလည်းမလုပ်ပဲ အိမ်ထဲမှာပဲ စောင်လေးနဲ့ ကွေးချင်ကြတယ်မလား။ ဒါပေမဲ့လည်း အဒါက နည်းနည်းပျင်းစရာကောင်းနေသေးတယ်နော်။ ဒါကြောင့် ဒီကနေ့မှာတော့ မိုးရာသီ အေးအေးလေးမှာ စောင်လေးနဲ့ကွေးရင်း ကြည့်ဖို့အတွက် ဟော်လိဝုဒ်ရုပ်ရှင်ကားကောင်းတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

10 Things I Hate About You

Cameron ဆိုတဲ့ကောင်လေးက ကျောင်းအသစ်ကို ပြောင်းလာတဲ့နေ့မှာ Bianca ဆိုတဲ့ ကျောင်းသူလေးကို မြင်မြင်ချင်းချစ်မိသွားခဲ့ပါတယ်။ဒါပေမဲ ပြဿနာကတော့ Bianca ဟာ ဂေါ်မစွံတဲ့ သူအစ်မ Katရည်းစားမရမချင်း ရည်းစားမထားဖို့ တားမြစ်ခံထားရတာဖြစ်ပါတယ်။ ဒါကြောင့် Cameron ကတော့ Kat နဲ့လိုက်ဖက်မယ့် ကောင်လေးကို ရအောင်ရှာခဲ့ပြီးနောက် သူတို့တွေ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ကြည့်ရမယ့် အချစ်ဟာသ ဇာတ်လမ်းလေးဖြစ်ပါတယ်။

READ
မြန်မာအိုင်ဒေါပြိုင်ပွဲနဲ့ ပတ်သတ်ပြီး ပြောဆိုရေးသားလိုက်တဲ့ ယုန်လေး

Pride & Prejudice

ဒီဇာတ်လမ်းကတော့  Bennet  မိသားစုအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။ Bennet  မိသားစုကတော့ သမီး၅ယောက်ရှိပြီး သူတို့ရဲ့ ဖခင်ဆုံးပါးသွားတဲ့အခါ ပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ Bennetရဲ့ လက်ရှိအိမ်ကြီးကို တစ်ခါမှတောင် မတွေ့ဖူးတဲ့ အမျိုးတွေကို ပေးလိုက်ရမှာဖြစ်ပါတယ်။ဒါကြောင့် မိသားစုရှေ့ရေးအတွက် စိတ်ချရအောင် သမီးတွေကို အိမ်ထောင်ကောင်းကောင်းချပေဖို့အတွက် လုပ်တဲ့အကြောင်း ရိုက်ပြထားပြီး သမီးအကြီးဆုံး Elizabethရဲ့ ရိုမန်တစ်ဆန်တဲ့ အချစ်ရေးကို ဒီဇာတ်လမ်းမှာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Bridget Jones’ Diary

ဒီဇာတ်လမ်းကတော့ အချစ်ဟာသ ဇာတ်လမ်းဖြစ်ပြီး အသက် ၃၂ နှစ်အရွယ် အမျိုးသမီး Bridgetရဲ့ ရွေးချယ်ရခက်တဲ့ အချစ်ရေးအကြောင်းကို ရိုက်ပြထားတာဖြစ်ပါတယ်။

The Notebook (2004)

မိဘတွေ သဘောမတူတဲ့ အချစ်ရေးကို ချစ်သူနှစ်ယောက် ဘယ်လို ဖြတ်ကျော်ကြမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။

READ
အိမ်ထောင်ရေးအဆင်မပြေမှုနဲ့ပတ်သက်ပြီး ရင်ဖွင့်ပြောဆိုလာတဲ့ မျိုးစန္ဒီကျော်

Me Before You

အက်စီးဒင့်ကြောင့် အောက်ပိုင်းသေသွားခဲ့တဲ့ လူချမ်းသာကောင်လေး နဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ ကောင်မလေးတို့ ရိုမန်တစ်ဆန်တဲ့ အချစ်ဇာတ်လမ်းလေးဖြစ်ပါတယ်။ အရိုတစ်လိုင်းကြိုက်တဲ့သူတွေအတွက် ဇာတ်ကားကောင်းလေးပါ။

Source: Youtube

SHARE