ပြည့်စုံတဲ့ အချစ်ရေး (သို့မဟုတ်) အိမ်ထောင်ရေးဆိုတာ

ပြည့်စုံအောင်မြင်တဲ့ အချစ်ရေး (သို့မဟုတ်) အိမ်ထောင်ရေးကို လူတိုင်းလိုချင်တောင့်တကြပါတယ်။ ဒါပေမယ့် လက်တွေ့မှာ ပိုင်ဆိုင်ထားနိုင်သူဟာ နည်းပါးပါလိမ့်မယ်။ အကြောင်းကတော့ တစ်ယောက်နဲ့တစ်ယောက် အပြီးအပိုင် ချည်နှောင်ပြီး ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုမရှိဘဲ နားလည်မှုနဲ့ သစ္စာတရားတွေ ပျက်ကွက်ကြလို့ ဖြစ်ပါတယ်။ ဒါကြောင့် ပြည့်စုံအောင်မြင်တဲ့ အချစ်ရေး၊ အိမ်ထောင်ရေးတွေကို ပိုင်ဆိုင်နိုင်မယ့် အကြောင်းရင်းလေးတွေကို ဝေမျှပေးလိုက်ပါ တယ်။

ပြည့်စုံတဲ့ အချစ်ရေးမှာ တစ်ယောက်နဲ့တစ်ယောက် ကန့်သတ်ချုပ်ချယ်မှုတွေ၊ နှိမ့်ချအထင်သေးမှုတွေ မရှိပါဘူး။ ကောင်လေးက အလုပ်လုပ်သလို၊ ကောင်မလေးကလည်း အလုပ်လုပ်ပါတယ်။ နှစ်ယောက်ရပ်တည်မှုအတွက် ကုန်ကျတဲ့ စားရိတ်တွေကို တူတူမျှဝေပြီး အကုန်ကျခံကြပါတယ်။

ကိုယ့်ချစ်သူနဲ့ တစ်ဘ၀လုံး အေးအေးချမ်းချမ်း၊ ပျော်ပျော်ရွှင်ရွှင် လက်တွဲသွားဖို့ ၀ါသနာတွေ၊ စိတ်ဝင်စားတဲ့အရာတွေ ထပ်တူကျနေဖို့ မလိုပါဘူး။ ကောင်လေးက ဂိမ်းဆော့ရတာ ၀ါသနာပါနိုင်သလို ကောင်မလေးရဲ့ ၀ါသနာဟာ စာဖတ်တာနဲ့ Facebook သုံးတာ ဖြစ်နိုင်ပါတယ်။ ဘာတွေကို ဘယ်လိုဝါသနာပါပါ၊ ကိစ္စမရှိပါဘူး။ တစ်ယောက်ရဲ့ အရှိအတိုင်းကို တစ်ယောက်က နားလည်လက်ခံပေးဖို့သာ လိုအပ်ပါတယ်။ တစ်ယောက်ရဲ့ ၀ါသနာပါရာကို ကျန်တစ်ယောက်က နှောင့်ယှက်ဟန့်တားတာမျိုး မလုပ်မိဖို့သာ အရေးကြီးပါတယ်။

READ
တစ်သက်လုံးလက်တွဲနိုင်ဖို့ အိမ်ထောင်ရှင်တွေနေ့စဉ်လုပ်သင့်တဲ့အရာတစ်ခု

ညဘက်ရောက်တဲ့အခါ နှစ်ယောက်တူတူကြည့်ဖို့ သဘောတူထားတဲ့ ဇာတ်ကားလေးတစ်ကားကို တူတူကြည့်ကြပါ လိမ့်မယ်။ ကောင်မလေးက ကောင်လေးအတွက် ဟင်းချက်ပေးနိုင်ပြီး ကောင်လေးက ကောင်မလေးရဲ့ ကျောကို နှိပ်နယ်ပေးနိုင်ပါတယ်။ အသိမိတ်ဆွေတွေထဲက လူတစ်ချို့အကြောင်းကို တူတူအတင်းထိုင်တုတ်နိုင်သလို ကြည့်မရတဲ့ လူတွေရဲ့အကြောင်းကိုလည်း အပြန်အလှန် ရင်ဖွင့်နိုင်ပါတယ်။ ပြီးတဲ့အခါ အားရပါးရ ရယ်မောပစ်နိုင်ကြ ပါတယ်။

ပိတ်ရက်တွေမှာတော့ အင်တာနက် တူတူသုံး၊ ဂိမ်းတူတူဆော့၊ ဒါမှမဟုတ် ရုပ်ရှင်တူတူကြည့်ရင်း ကုန်ဆုံးကောင်း ကုန်ဆုံးနိုင်ပါလိမ့်မယ်။ ဒါမှမဟုတ်လည်း အေးအေးလူလူရှိတဲ့ ကော်ဖီဆိုင်လေးတစ်ဆိုင်မှာ သွားထိုင်တာမျိုး၊ အစား အသောက်ကောင်းတဲ့ ဆိုင်လေးတွေမှာ သွားစားတာမျိုး၊ window shopping တူတူထွက်တာမျိုးတွေ ပြုလုပ်နိုင်ပါ တယ်။

တစ်ယောက်နဲ့တစ်ယောက် နှစ်သက်တဲ့အရာလေးတွေနဲ့ မထင်ထားတဲ့အခါမျိုးတွေမှာ surprise လုပ်နိုင်ပါတယ်။ surprise ဆိုတာဟာ ဈေးကြီးမှ၊ လူတွေအများကြီးပါမှ မဟုတ်ဘဲ အမှန်တကယ် နှစ်သက်တဲ့ အရာမျိုးကို မထင်ထားတဲ့ အချိန်မျိုးမှာ တန်ဖိုးထားပြီး တလေးတစား ပေးအပ်ခြင်း ဖြစ်ပါတယ်။တစ်ယောက်နဲ့တစ်ယောက် လေးလေးစားစား ဆက်ဆံကြမယ်။ ဆဲရေးတိုင်းထွာမှုတွေ၊ နှိမ့်ချအထင်သေးတာတွေ ဘယ်တော့မှ မလုပ်ကြဘူး။

READ
မှန်ကြောင်လေးတွေကို မိန်းကလေးတွေ သဘောကျရတဲ့ အကြောင်းအရင်း

ဒါပေမယ့် တစ်ခါတစ်ရံတော့ သ၀န်တိုတတ်ကြပါလိမ့်မယ်။ အဓိကအချက်ကတော့ မယိုင်လဲတဲ့ သစ္စာတရားနဲ့ တစ်ယောက်ကိုတစ်ယောက် ယုံကြည်ကြခြင်းပဲ ဖြစ်ပါတယ်။ တစ်ခါတစ်လေမှာ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေကို ကလေးလေးတွေလို ငြင်းခုန်ရန်ဖြစ်ကြပါလိမ့်မယ်။ ဒီလိုအချစ်ရေးမျိုးကို ပိုင်ဆိုင်ထားသူတွေဟာ ချစ်သူစုံတွဲ၊ မောင်နှံဆိုတာမျိုးထက်ပိုတဲ့ နှစ်ယောက်တည်းသီးသန့် ပါဝင်တဲ့ အသင်းအဖွဲ့တစ်ခုပါ။ ရဲဖော်ရဲဖက်တွေပါ။ မိတ်ဆွေသူငယ်ချင်းတွေပါ။ ဒါဟာ ပြီးပြည့်စုံတဲ့ နှစ်ကိုယ်တူ တိုင်းပြည်ပါ။

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref: pinterest

SHARE