သတို့သားလောင်းဖြစ်ခဲ့ဖူးသူ Zayn ရဲ့ မင်္ဂလာသတင်း အပေါ် Perrie တုံု့ပြန်

Image:IG/Perrie Edwards/Zayn & gigi

Zayn နဲ့ Gigi တို့ ရင်သွေးလေး လွယ်ထား ရပြီ ဆိုတဲ့ သတင်း ကတော့ ဟောလိဝုဒ်မှာ တော်တော်လေး လူ ပြော များနေပါတယ်။ဒီသတင်းမှန်ကန် ကြောင်းကိုလည်း Giggi ရဲ့  အ မေ ကိုယ်တိုင်က အဘွားဖြစ် တော့မယ် လို့ ပြော ပြီး အတည်ပြု ထားပါတယ်။Gigi ရဲ့ အသက် (၂၅)နှစ်ပြည့် မွေးနေ့ပွဲ ကျင်းပြီး ရက်ပိုင်း လောက်မှာပဲ ကိုယ်ဝန် ရ နေ တဲ့ သတင်း ထွက်ပေါ် ခဲ့တာပါ။မွေး နေ့ပွဲ ပုံမှာတည်းက ဗိုက်လေး ပူ နေခဲ့ပါတယ်။ကိုယ်ဝန် ကတော့ (၅)လ လော က်ရှိ နေပြီလို့  သတင်းတွေ ထွက်ပေါ် ခဲ့ပြီး သူမရဲ့ မွေးနေ့မှာ သုံးထားတဲ့ အရောင်၊ သူမကို ပေးတဲ့ လက် ဆောင် တွေ က ပန်းရောင်တွေ မို့  ကိုယ်ဝန်က သမီးလေး ဆိုပြီး ပြော နေကြပါတယ်။

Image:IG/Perrie Edwards

Zayn ရဲ့ မင်္ဂလာသတင်းထွက်ပေါ် လာပြီး နောက်မှာတော့ တစ်ချိန်က Zayn နဲ့ စေ့စပ်ခဲ့ဖူးတဲ့ အဆိုတော် Perrie Edwards  က လည်း သူမရဲ့ Relationship အကြောင်းကို ရုတ်တရက် ထုတ်ပြော ခဲ့ပါတယ်။သူမရဲ့ ချစ်သူသစ် Alex  Oxlad e-Chamberlain နဲ့ လက်ရှိမှာ အရမ်းကို ပျော်နေပါပြီလို့ ပထမဆုံး အကြိမ် ထုတ် ပြောလာခဲ့ပါ တယ်။

Image:Zayn & Gigi

KIIS  ရဲ့ Kyle And Jackie O Show  မှာ ဧပြီ (၂၉)ရက်နေ့က ထုတ်ပြောခဲ့တာပါ။လက်ရှိ Relationship မှာ သူမ ပျော် နေ  ကြောင်း၊သူမရဲ့ ချစ်သူ နဲ့ တခါ မှ ဒီလောက် အချိန် အကြာကြီး အတူရှိ မ နေခဲ့ ဖူး ကြောင်း၊သူမ ကလည်း ဘ၀မှာ တစ်ခါ မှ ဒီလောက်ထိ အိမ်မှာ အချိန် ကြာကြာ နေတာမျိုး လည်း မရှိခဲ့ ဘူးလို့ ဆိုပါတယ်။

 

View this post on Instagram

 

Here’s some rare selfies I forced my boyfriend to do! Enjoy 🖤

A post shared by Perrie Edwards ✌️🌻 (@perrieedwards) on

အသက် (၂၆)နှစ်ရှိနေတဲ့ Little Mix အဆိုတော် Perrie Edwards ကတော့ လက်ရှိမှာ Liverpool  ဘောလုံး သမား Alex နဲ့ (၂၀၁၆)တည်းက တွဲလာခဲ့တာပါ။Zayn  နဲ့ ပြတ်ပြီးနောက်မှာပဲ လက်ရှိချစ်သူနဲ့ တွဲ ခဲ့တာပါ။Perrie နဲ့ Zayn တို့ ကတော့ (၂၀၁၂) မေလ တည်းက တွဲ ခဲ့ကြတာပါ။(၂၀၁၃)မှာတော့ စေ့စပ်ခဲ့ ပါတယ်။ အတူ နေ ဖို့ ပေါင် (၃)သန်း တန် အိမ်ကြီးကိုပါ နှစ်ယောက်အတူ ၀ယ်ထားခဲ့ ကြ ပေမယ့် လည်း ဒါပေမယ့် (၂၀၁၅) သြဂုတ်လ မှာတော့  Zayn က  မက်ဆေ့ခ်ျ တစ်စောင်ပို့ပြီး သူမကို ဖြတ်ခဲ့တာလို့ Perrie Edwards  က လမ်းခွဲပြီး နောက် အင်တာဗျူးတွေမှာ ထုတ်ပြောခဲ့တာပါ။

READ
Justin Bieber နဲ့ Selena Gomez တို့ လမ်းခွဲလိုက်ပြန်ပြီလား..?
Image:IG/Perrie Edwards/gig

အတူနေဖို့ အိမ် တောင် ၀ယ်ထားတာကြောင့် Zayn က သူမတို့ နှစ်ယောက်ရဲ့ အနာဂါတ်ကို ကြိုပြင်နေပြီလို့ တွက်ထားတဲ့ အချိန်မှာပဲ အဖြတ်ခံ လိုက်ရတာပါ။Perrie နဲ့ ဖြတ်ပြီး သိပ် မကြာ ခင် မှာပဲ Gigi နဲ့ ပတ်သက်ခဲ့တပါ။(၂၀၁၅)ဒီဇင်ဘာမှာတော့ IG မှာ တရားဝင် ချ ပြပြီးတွဲခဲ့တာပါ။

Image:IG/Perrie Edwards/Zayn & gig

Perrie က တော့ Zayn နဲ့ ပြတ်ပြီး တစ်နှစ် အကြာမှာAlex နဲ့ တွဲ ခဲ့တာပါ။(၂၀၁၇) ဖေ ဖော်ဝါရီမှာတော့ သူမ ချစ်သူသစ်ရ နေတာ ကို တရားဝင် ချ ပြခဲ့ပါတယ်။

Source:mirror

SHARE