အသက်၂၄နှစ်အရွယ် Sajad Gharibiဟာ 25 stone( 1stone=14 pound) အလေးချိန်ရှိပြီး 27 stoneအလေး ချိန်လောက်အထိကို မနိုင်ပါတယ်။ အင်စတာဂရမ်ပေါ်မှာ သူ့ကို Iranian Hulkလို့ ခေါ်တဲ့သူက ခေါ်ကြပြီးအချို့ကလည်း
Persian Herculesလို့ခေါ်ကြပါတယ်။ အင်စတာဂရမ်ပေါ်မှာ Follower 60,000ခန့်ရှိပါတယ်။
သူဟာ သူ့ရဲ့အလေးချိန်ထက်မြင့်မားတဲ့ အရာတွေကိုတောင် မနိုင်တာဖြစ်ပါတယ်။ သူဟာ သူ့နိုင်ငံအတွက် ကာယာဗလ မောင်ပြိုင်ပွဲတွေမှာလည်း ကိုယ်စားပြုသူဖြစ်ပါတယ်။ လူမှုကွန်ယက်ပေါ်မှာတော့ သူဟ သူ့ထက်အလွန်သေးငယ်တဲ့အရာ
တွေနဲ့ ဓာတ်ပုံတွဲရိုက်ပြီးတင်လေ့ရှိပါတယ်။ ဥပမာ Fantaဘူးလိုဟာမျိုးပေါ့။
Follower တွေများလာကတည်းက Gharibiဟာ သူ့ရဲ့ခန္ဓာကိုယ်ပုံတွေကို ပိုပြီးတင်လာခဲ့တာလည်းဖြစ်ပါတယ်။ သူနဲ့
အပြင်မှာ သိတဲ့လူတွေကတော့ Gharibiဟာ လူကောင်ကြီးပေမယ့် ကြင်နာတတ်ပြီး ညင်သာတဲ့သူလို့ဆိုပါတယ်။
source:thesun