သွားတိုက်ဆေးကို ညှစ်ပုံနဲ့ ပတ်သက်ပြီး သိနိုင်မယ့် လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား

စိတ်ပညာရှင်တွေက သင်ရဲ့ အပြုအမှု (၄၀%)က သင့်အမူအကျင့်တွေကနေ ဖြစ်လာတယ်လို့ပြောကြတယ်။ သင့်ပုံမှန်လုပ်နေကြ အမှုအကျင့်တွေက သင့်စိတ်နေစိတ်ထားကိုဖော်ပြနေပါတယ်။

ပုံ(၁) သွားတိုက်ဆေးကို အောက်ဖျားကနေ လိမ့်တင်ပြီးသုံးသူ

Brightside

သင့်ကတော့ သိပ်သိပ်ရပ်ရပ်နေတတ်သူတစ်ယောက်ဖြစ်ပြီး သင့်ပိုင်ဆိုင်တဲ့အရာတွေကို ဂရုစိုက်သုံးတတ်သူဖြစ်တယ်။ သင့်ဘေးမှာ ရှိတဲ့သူတွေကိုလည်း ဂရုစိုက်တတ်တယ်။ သင့်က ဖြုန်းတီးရမှာမုန်းသူ ၊ အလုပ်ကြိုးစားသူဖြစ်သလို လုပ်နေတဲ့အလုပ်ပေါ်မှာလည်း စေတနာပါပါလုပ်ပေးသူဖြစ်တယ်။ သင့်အိမ် ၊ သင့်အခန်းက အမြဲသန့်ရှင်းနေအောင် စီမံနေတတ်သူဖြစ်တယ်။

ပုံ(၂) အလည်ကနေ ညှစ်သုံးသူ

Brightside

သင့် လက်တွေ့ကို သဘောကျသူ ၊ အလွန်တက်ကြွသူဖြစ်ပေမယ့် အလောတကြီးလုပ်တတ်တယ်။ သင့်က သပ်သပ်ရပ်ရပ်မနေတတ် ၊ မစီမံတတ်သူဖြစ်ပေမယ့် စိန်ခေါ်မှုတွေကို ကောင်းကောင်းရင်ဆိုင်နိုင်သူဖြစ်သလို ဖြေရှင်းနိုင်သူလည်းဖြစ်တယ်။ သင့်က အပြင်ထွက်ရတာကြိုက်သူ ၊ အပေါင်းအသင်းများသူဖြစ်တယ်။

READ
ပျင်းစရာကောင်းတဲ့ မိုးလေ၀သအစီအစဉ်ကို ချစ်စရာကောင်းစွာ နှောင့်ယှက်ခဲ့သူလေး

ပုံ(၃) ထိပ်ကနေ ညှစ်သုံးသူ

brightside

သင့်က ခေါင်းမာတတ်သူ ၊ သင်ဖြစ်ချင်တာတွေ ဖြစ်ခွင့်ရဖို့ ပန်းတိုင်ရောက်အောင် လုပ်မှာပါ။ လူတွေကို လွယ်လွယ်မယုံတတ်ဘူး ၊ သင့်ကိုယ်သင်ပဲ အားကိုးတတ်တယ် ။ သင့်က သင်ကိုယ်သင်ပိုချစ်တတ်လို့ တစ်ခါတစ်လေ တစ်ကိုယ်ကောင်းဆန်တယ်။

ပုံ(၄) ဖြေးဖြေးချင်း ညှစ်သုံးသူ

brightside

သင့်က တစ်ယောက်တည်းနေရတာကြိုက်သူ ၊ စိတ်ကူးယဉ်ဆန်သူ့ ဖစ်တယ်။ တစ်ခါတစ်လေ သင်စိတ်ထဲမှာ ကမ္ဘာလေးတစ်ခုဆောက်ပြီး တစ်ယောက်တည်း နေချင်သူဖြစ်တယ်။ အကြမ်းမခံနိုင် ၊ နူးနူးညံညံနေတတ် ၊ လွယ်လွယ်လေးပဲလုပ်တတ် ၊ သည်းခံတတ်သူဖြစ်တယ်။

ပုံ(၅) ထိပ်ကနေ အောက်ဖျားထိ ချေပြီး ညှစ်သုံးသူ

brightside

သင့်မှာ လောကကြီးကို ကွဲပြားစွာကြည့်တတ်တဲ့အမြင်ရှိတယ် ၊ ဖန်တီးရတာကြိုက်တယ်။ နေရာတိုင်းမှာ အလှတရားဆိုတာရှိတယ်ဆိုတာ သင်ယုံတယ်။ ပွင့်လင်းတယ် ၊ စိတ်အပြောင်းအလဲမြန်တယ်။

READ
အခြားဘာသာစကားကိုတက်တူးထိုးချင်သူများ သတိထားစရာ

Hannwe Soe

SHARE