လူတစ်ယောက်က ဒီ(၅)ချက်နဲ့ ပြည့်စုံနေပြီဆိုရင် IQ တွေ အရမ်းမြင့်နေသူဖြစ်ပါတယ်တဲ့..

Pexels/Pixabay

လူတွေပြောပြောနေကြတဲ့ IQ မြင့်တယ်ဆိုတဲ့ စကားကို သိတယ်မို့လား။ တစ်နေရာရာမှာ အရမ်းတွေဥာဏ်ကောင်းပြီး ထူးချွန်နေတဲ့သူတွေဆိုတာ အမြဲရှိနေတတ်တာပဲလေ။ တကယ်တော့ IQ မြင့်တဲ့သူတွေဆိုတာ ဥပဓိရုပ်ကို ကြည့်ပြီး မသိနိုင်ပေမယ့် သူတို့ရဲ့ အပြုအမူတွေကို ကြည့်ပြီးသိနိုင်ပါတယ်တဲ့။ အထူးသဖြင့် ဒီအချက်(၅)ချက်စလုံးနဲ့ ကိုက်ညီနေတဲ့သူဆိုရင် IQ မြင့်တဲ့သူတစ်ယောက်ဖြစ်ဖို့ သေချာသလောက်ပါပဲ။ ဘယ်လိုအချက်တွေလည်းဆိုတော့…..။

(၁)။ စကားပြောရင် အဆဲလေးတွေပါတဲ့သူမျိုး

စကားပြောတဲ့အခါ အဆဲလေးတွေ ထည့်ပြီး ပြောတတ်တဲ့သူမျိုးဟာ ပုံမှန်လူတွေထက် စကားလုံးအသုံးအနှုန်းစွမ်းရည် ပိုကြွယ်ဝသူလို့ ကောက်ချက်ချလို့ရပြီး သိပ္ပံပညာအရတော့ ဥာဏ်ရည်မြင့်သူတစ်ယောက်ဖြစ်လာနိုင်ပါတယ်တဲ့။

brenkee/Pixabay

(၂)။ စိန်ခေါ်မှုအသစ်တွေကို လိုချင်တဲ့သူ

ဖလော်ရီဒါနိုင်ငံထဲက ကျောင်းသားတွေ ပြုလုပ်ထားတဲ့ စစ်တမ်းတစ်ခုမှာ စိန်ခေါ်မှုတွေ၊ စွန့်စားမှုတွေအတွက် အဆင်သင့်ဖြစ်နေသူတွေဟာ တခြားသူတွေထက် ပိုပြီး ဥာဏ်ရည်မြင့်မားသူတွေပါလို့ ဖော်ပြထားပါတယ်။ ကားမောင်းတဲ့ စမ်းသပ်မှုကို အခြေခံပြီး လေ့လာမှု ပြုလုပ်ခဲ့ရာမှာ ဥာဏ်ရည်မြင့်တဲ့သူတွေက ပိုပြီး စွန့်စားရတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်တာကို ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။

READ
မီးပြတ်တဲ့အခါ သတိထားရှောင်ကြဉ်ပြီး မလုပ်သင့်တဲ့အရာများ

(၃)။ ပျင်းရိသူတွေ

ဒါကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလေးကမှ နိုင်ငံတကာ သတင်းဌာနတွေမှာ ဖော်ပြခဲ့ကြတဲ့ တွေ့ရှိမှုတစ်ခုပါ။ ဘာမှမလုပ်ချင်ဘဲ တစ်နေရာတည်းမှာ ထိုင်ပြီး ပျင်းနေတတ်တယ်လို့ ဆိုသူတွေက ဦးနှောက်ရဲ့ အာရုံစူးစိုက်မှုအပိုင်းကို အတော်များများအသုံးချနိုင်ကြတာကြောင့် IQ ပိုမြင့်တဲ့ လက္ခဏာပဲလို့ ပညာရှင်တွေက ကောက်ချက်ချခဲ့ကြပါတယ်။

lukasbieri/Pixabay

(၄)။ အကြီးဆုံးသားသမီးတွေ

အကြီးဆုံးသားသမီးတွေဟာ မိဘရဲ့ ဂရုစိုက်မှုကို ပိုမိုရရှိတတ်ကြသလို အောင်မြင်ချင်စိတ် များတတ်ကြတာကြောင့် IQ မြင့်တဲ့သူတွေ ဖြစ်လေ့ရှိပါတယ်တဲ့။ မိဘတွေက သူတို့ရဲ့ ပထမဆုံး သားသမီးတွေအပေါ် မျှော်လင့်ချက် ပိုထားတတ်ကြပြီး အဲဒီအတွက် ကြိုးစားရာကနေပြီး သူတို့ရဲ့ IQ က သူများတွေထက် သာလွန်သွားတတ်ကြပါတယ်။

(၅)။ စိတ်ပူတတ်သူတွေ

ဘာကိုမှ အပူအပင်မရှိပဲ အေးအေးဆေးဆေးနေချင်သူတွေထက်စာရင် အမြဲတစေ စိတ်ပူနေတတ်သူတွေက IQ ပိုမြင့်တယ်လို့ စစ်တမ်းတွေက ဆိုပါတယ်။ ဒီလိုလူမျိုးတွေက ပြဿနာတွေကို ဖြေရှင်းတဲ့နေရာ၊ ဝေဖန်ဆန်းစစ်တဲ့နေရာတွေမှာ ထူးချွန်သူတွေဖြစ်ကြပြီး ဥာဏ်လည်းကောင်းကြသူတွေပါတဲ့။

READ
အဆိုးရွားဆုံး သင်ပြ၊ဆုံးမနည်းတွေသုံးတဲ့ ဆရာ/မများ
lukasbieri/Pixabay

Linn

Source : www.inc.com

SHARE