အနာဂတ်အလားအလာကောင်းပေမယ့် အနုပညာလောကကို ကျောခိုင်းခဲ့သူများ

လူအများစုဟာ လူတိုင်းရဲ့ အလေးအမြတ်ပြုတာကို ခံယူလိုပြီး ထင်ပေါ်ကျော်ကြားလိုစိတ်ရှိကြပါတယ်။ ဒါပေမယ့် တချို့ တချို့သောသူတွေကတော့ အနီရောင်ကော်ဇောပေါ်မှာ လျှောက်လှမ်းပြီး ကင်မရာတွေ တဖျတ်ဖျတ်ရိုက်ခံရင်း နေရတဲ့ဘ၀မှာ မသာယာကြပါဘူး။ အခုဖော်ပြပေးမှာကတော့ ဟောလီးဝုဒ်ရုပ်ရှင်လောကမှာ အနုပညာလောကထဲ ခြေစလှမ်းကတည်းက နာမည်ရခဲ့ပေမယ့် အကြောင်းမတိုက်ဆိုင်တဲ့အတွက် ဟောလီးဝုဒ်ကို စောစီးစွာ ကျောခိုင်းခဲ့သူတွေအကြောင်းပဲ ဖြစ်ပါတယ်။

Amanda Bynes

View this post on Instagram

✨ #tbt

A post shared by Amanda Bynes (@rlamandabynes) on

သရုပ်ဆောင်အလုပ်က ထွက်ခဲ့ပြီးတဲ့နောက် ကယ်လီဖိုးနီးယား ဖက်ရှင်နဲ့ဒီိဇိုင်းကျောင်းမှာ တက်ခဲ့ပြီး စီးပွားရေးလောကထဲ ၀င်ခဲ့ပါတယ်။

Jack Gleeson

(၂၀၁၄) ခုနှစ်မှာ Game of Thrones အခန်းဆက်ရုပ်ရှင်ထဲ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ကာ ပညာရေးဘက် လိုက်စားခဲ့ပါတယ်။

Jake Lloyd

Star Wars ထဲ ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူပါ။ ကောလိပ်တက်ခဲ့ပြီး (၂၀၁၂) ခုနှစ်မှာ အိန္ဒိယမှာရှိတဲ့ တိဘက်လူမျိုးဒုက္ခသည်တွေအကြောင်း မှတ်တမ်းရိုက်ကူးခဲ့ပါသေးတယ်။ (၂၀၁၅) ခုနှစ်မှာ စိတ်ကစဉ့်ကလျားရောဂါခံစားခဲ့ရပြီး စိတ်ရောဂါကုဆရာဝန်နဲ့ တွေ့ဆုံခဲ့ရပါတယ်။

Carrie Henn

Aliens ဇာတ်ကားနဲ့ ကျော်ကြားခဲ့သူဖြစ်ပေမယ့် နောက်ပိုင်း ပညာရေးဘက် ဦးစားပေးခဲ့သူပါ။ ကယ်လီဖိုးနီးယားပြည်နယ်တက္ကသိုလ်ကနေ ဘွဲ့ယူခဲ့ပြီး အခုဆိုရင် မူလတန်းပြဆရာမအဖြစ် အလုပ်လုပ်နေပါတယ်။

Nikki Blonsky

View this post on Instagram

Thank you so much @emilymaparkin for all the amazingly adorable jewelry you sent me from across the pond. Your creativity and passion for what you do and what you create is so inspiring and makes people so happy! I will forever wear your jewelry my dear, it makes me feel fun and beautiful! Thank you so much for sending these awesome pieces to me and I can’t wait to wear more of your stuff on future red carpets and at events! And to everyone reading this post @emilymaparkin is so brilliant with her jewelry and is the kindest person so hurry up and go check out her page and pick up some of her amazing creations for your fun events all year around! Her creations make you feel like a kid again but with an adult touch, my purple gummy bear necklace now goes everywhere with me! So thank you Emily for your beautiful creations, I can’t wait to wear more in the future! You’re a wonderfully talented and generous soul and I can’t wait for my next trip across the pond, maybe we can create some pieces together! Thanks again doll! Xoxo Nikki

A post shared by Nikki Blonsky (@nikkiblonsky) on

အနုပညာလောကကို စွန့်ခွာပြီး ဆံသနဲ့ အလှပြင်ဆရာမအဖြစ် နယူးယောက်မှာ အလုပ်လုပ်နေသလို လူ့အခွင့်အရေးလှုပ်ရှားသူအဖြစ်လည်း လုပ်ကိုင်နေပါတယ်။

READ
Instagram Post တစ်ခုကြောင့် လူမုန်းခံနေရတဲ့ Dwayne Johnson

Ariana Richards

Ariana Richards ဟာ Jurassic Park ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးတစ်လက်ပါ။ ဒါပေမယ့် ပုံတူပန်းချီရေးတဲ့ဘက်ကို ပိုစိတ်ဝင်စားတာကြောင့် အလားအလာကောင်းတဲ့ မင်းသမီးအလုပ်ကို စွန့်လွှတ်ခဲ့ပါတယ်။

Charlie Korsmo

ဟောလီးဝုဒ်ကို ကျောခိုင်းလာခဲ့ပြီးတဲ့နောက် ယေးလ်တက္ကသိုလ်ကျောင်းဆင်း ဥပဒေ ပရော်ဖက်ဆာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။

READ
ချစ်စရာ Tik Tok ဗီဒီယိုဖိုင်ကို ဝေမျှလိုက်တဲ့ "ပျားရည်အိုင်" မင်းသမီးလေး မေမီကိုကို

Shirley Temple

ရုပ်ရှင်ဇာတ်ကားပေါင်း (၄၄) ကားမှာ ပါဝင်ပြီးတဲ့နောက် အသက်(၂၂) မှာ ရုပ်ရှင်လောကထဲက အနားယူခဲ့ပါတယ်။ နိုင်ငံရေးနဲ့ သံတမန်ရေးရာကို လေ့လာလိုက်စားခဲ့ပြီး အခုအခါမှာ ဂါနာနဲ့ ချက်ကိုစလိုဗက်ကီးယားအတွက် အမေရိကန်သံတမန်တစ်ဦး ဖြစ်နေပါပြီ။

Mara Wilson

စာရေးဆရာမဖြစ်ချင်တာကြောင့် သရုပ်ဆောင်အလုပ်ကို စွန့်လွှတ်ခဲ့သူပါ။ တွစ်တာပေါ်မှာလည်း သူမဟာ ရယ်စရာကောင်းပါတယ်။

Peter Ostrum

Willy Wonka & the Chocolate Factory ထဲမှာ ချာလီအဖြစ် ကလေးသရုပ်ဆောင်လုပ်ခဲ့သူပါ။ နောက်ပိုင်းတော့ သရုပ်ဆောင်မလုပ်တော့ပဲ မြင်းတွေ၊ နွားတွေကို စောင့်ရှောက်ကုသပေးရတဲ့ တိရစ္ဆာန်ဆရာဝန်တစ်ယောက် ဖြစ်လာပါတယ်။

လင်းလင်း (ShweMom)

 

SHARE