
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၉ ရက်နေ့ကတည်းက ကလပ်ပွဲ တော်တော်မျာမျးားဟာ ခေတ္တခဏနားပြီး World Cup Qualifation ပွဲတွေ၊ UEFA နိုင်ငံပွဲစဉ်တွေ တောက်လျှောက်ကန်နေရတာကိုတော့ ဘောလုံးပရိသတ် တော်တော်များများ သိရှိကြပြီး ဖြစ်မှာပါ။ အခုအချိန်မှာတော့ နိုင်ငံပွဲစဉ်တွေဟာ ပြီးဆုံးသွားပြီ ဖြစ်တာကြောင့် ဘောလုံးသမားတိုင်းဟာ ကိုယ်ကန်နေကျ ကလပ်အသင်းတွေဆီကို ရောက်တဲ့ နိုင်ငံကနေပြီးတော့ အသီးသီး ပြန်သွားနေကြပြီပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဘောလုံးသမားတစ်ယောက်ခမျာမှာတော့ သူကစားနေတဲ့ ကလပ်အသင်းကို ပြန်ခွင့်မရပဲ ရောက်ရှိတဲ့ နိုင်ငံမှာ ခဏတာ သောင်တင်နေခဲ့ပါတယ်။ အဲဒီသူကတော့ Ecuador နိုင်ငံရဲ့ နောက်တန်းကစားသမား တစ်ဖြစ်လဲ ဗီလာရီးရဲနောက်ခံလူ Pervis Estupinan ပဲ ဖြစ်ပါတယ်။ အကြောင်းကတော့ လေဆပ်ရောက်ပြီး လေယာဉ်ပေါ်တက်ခါနီးမှ သူ့ရဲ့ Passport ပျောက်သွားတာကြောင့်ပဲဖြစ်ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Hola a todos❗️
Quiero hacer un llamamiento para que me ayuden a recuperar las 3 maletas de color negro y el pasaporte que perdí ayer en Carapungo (Quito).Agradecería de todo corazón que si las encuentran envíen un email a: [email protected]
Agradecimientos de antemano 🙏🏾 pic.twitter.com/XQuRYdAPu5
— Pervis Estupiñan (@PervisEstupinan) November 18, 2020
Ecuador အသင်းဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့(၁၈.၁၁.၂၀၂၀) နေ့တုန်းက ကမ္ဘာ့ဖားခြေစစ်ပွဲကို Colombia အသင်းနဲ့ ယှဉ်ပြိုင်ကစားဖို့အတွက် Colombia နိုင်ငံ၊ Quito မြို့မှာ သွာူရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး Ecuador အသင်းက Colombia အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Ecuador အသင်းကဘောလုံးကစားသမားတွေဟာ သက်ဆိုင်ရာကလပ်အသင်းတွေဆီ ပြန်သွားဖို့ စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် နောက်ခံလူ Pervis ကတော့ Passport ပျောက်နေခဲ့ပြီး Colombia နိုင်ငံမှာပဲ သောင်တင်နေခဲ့ပါတယ်။
Gracias a su ayuda conseguí recuperar la maleta más importante y el pasaporte. ❤️🙏🏾
Que DIOS les bendiga. pic.twitter.com/OB5HUICiAi
— Pervis Estupiñan (@PervisEstupinan) November 18, 2020
အဲဒီနောက်မှာတော့ Pervis ဟာ သူ့ရဲ့ Twitter ပေါ်မှာ Passport ပျောက်သွားတဲ့အကြောင်း၊ Quito မြို့မှာ အိတ်အမည်း၃ အိတ်ပျောက်သွားခဲ့တာဖြစ်ကြောင်း၊ ရှာတွေ့တဲ့သူကို ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါမယ်ဆိုတဲ့အကြောင်းကို ပို့စ်တင်ခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ Ecuadorian Football Associastions က လူတွေရဲ့ ဝိုင်းဝန်းကူညီမှုကြောင့် သိပ်မကြာခင်မှာပဲ ပျောက်သွားတဲ့ အိတ် ၃ လုံးနဲ့ Pervis ရဲ့ Passport ကို ပြန်လည်ရှာတွေ့ခဲ့ပါတယ်။
View this post on Instagram
“ကူညီပြီး ရှာဖွေပေးတဲ့ လူတွေအကုန်လုံးကို ကျွန်တော် တစ်ကယ်ကျေးဇူးတင်ပါတယ်။ သူတို့ကြောင့်သာ မဟုတ်ရင် ကျွန်တော်ဘယ်လိုမှ ပြန်ရှာတွေ့နိုင်မှာ မဟုတ်ပါဘူး။ လာမယ့် တနင်္ဂနွေနေ့မှာလည်း ရီးရဲမက်ဒရစ်အသင်းနဲ့ ကန်ဖို့ရှိတာကြောင့် ကျွန်တော့်အသင်းက တာဝန်ရှိတဲ့ သူတွေကလည်း ကျွန်တော် Passport ပျောက်လို့ ခေါင်းမီးတောက်နေကြတာပါ။ တစ်ကယ့်ကို ကျေးဇူးတင်ပါတယ်”လို့ Pervis က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw