ခွေးထီးကိုတောင် အလွတ်မပေးသူကို အရေးယူဖို့ တိုင်တန်းခဲ့တဲ့ ပိုင်ရှင်အမျိုးသမီး

ထိုင်းနိုင်ငံ ချောင်ဘူရီမှာနေထိုင်တဲ့ Bang-orn Phumkaew အမည်ရ အသက် 56 နှစ်အရွယ်အမျိုးသမီးဟာ သူမရဲ့ ခွေးလေး Jao Jut ကို Chen လို့ အမည်ရတဲ့ ပင်စင်စားအမျိုးသားတစ်ဦးက လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့အတွက် အရေးယူပေးဖို့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။

ခွေးလေး Jao Jut ဟာ အသက် 7 နှစ်ရှိပြီ ဖြစ်ပြီး၊ ခွေးထီးဖြစ်ပါတယ်။ အဆိုပါ ခွေးဟာ Bang တို့ အိမ်နဲ့ မီတာ 50 လောက် ဝေးတဲ့ လူမနေတဲ့ အိမ်ကြီးထဲကို ပျောက်ကွယ်သွားလေ့ရှိပြီး၊ အသက် 65 နှစ်အရွယ် မုဆိုးဖို Chan ကို မြင်ရင်လည်း နဂိုကနဲ့မတူ၊ အမြှီးတရမ်းရမ်းနဲ့ ခင်မင်ရင်းနီးတဲ့ ပုံစံကိုတွေ့နေရတယ်လို့ ဆိုပါတယ်။

ဒါနဲ့ Bang နဲ့ သူမရဲ့ သားဟာ ဖြစ်စဉ်ကို စုံစမ်းဖို့အတွက် တိုင်ပင်ခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သက်ကျားအို Chan နဲ့ ခွေးလေး Jao Jut တို့ရဲ့ မဖွယ်မရာဇာတ်လမ်းကို လက်ပူးလက်ကြပ် ဖမ်းနိုင်ခဲ့ပါတယ်။ Bang က ” ခွေးရဲ့ တအီအီ အော်သံကို ကြားနေရတယ် … ကျမတို့သားအမိ အသံကြားရာကို လိုက်ပြီး ရှာဖွေလိုက်တော့ … လား လား ခွေးထီးကိုတောင် အလွတ်မပေးဘဲ နောက်ကနေ မဟုတ်တရုတ်လုပ်နေတဲ့ သူို့ တွေ့ရတော့တာပါဘဲ “လို့ ပြောခဲ့ပါတယ်။

READ
အင်ဒို ကူးတို့ယာဉ် နစ်မြုပ်မှုဖြစ်ပွားပြီး လူပေါင်းရာကျော် ပျောက်ဆုံးနေဆဲဖြစ်

Chan ကို ဖမ်းမိတဲ့အချိန်မှာ သူဟာ ကိုယ်လုံးတီးဖြစ်နေပြီး၊ အခင်းဖြစ်ပွားစဉ်အချိန်က ဗွီဒီယိုမှတ်တမ်း ယူဖို့ ပြင်ဆင်ခဲ့ပေမယ့် တံခါးတွေအလုံပိတ်ထားတဲ့ အိမ်ကြီးထဲမှာ အလွန်မှောင်မဲနေလို့ လက်လျှော့ခဲ့ရတယ်လို့ ဆိုပါတယ်။ Bang ရဲ့ အဆိုအရ သက်ကျားအို Chen ဟာ ဒီလို ကျူးလွန်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ကြောင်း၊ ယခင်ကလည်း ငှက်ပျောတောထဲမှာ ဒီလိုလုပ်ရပ် ကျူးလွန်နေတာကို ဒေသခံအမျိုးသမီးတစ်ဦးနဲ့ ပက်ပင်းတိုးခဲ့ကြောင်း ဆိုပါတယ်။

ဒါပေမယ့် ရဲတပ်ဖွဲ့က Chan ကို အသက်အရွယ်အရ ထောက်ထားညှာတာပြီး၊ နောက်တစ်ကြိမ် ယခုလိုပြစ်မှုမျိုး ကျူးလွန်ပါက ယခင်ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအတွက်ပါ ထောင်ဒဏ်ကျခံရမှာဖြစ်ကြောင်း အသိပေးပြီး၊ ခံဝန်ချုပ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE