Leonardo ကို ကြည့်ပြီး အာသာဖြေတယ်ဆိုတဲ့ Ariana Grande ရဲ့ရည်းစားဟောင်း

[email protected], The Beach

ကလေးဘဝကတည်းက ချောမောပြေပြစ်လွန်းလှတဲ့ ရုပ်ရည်နဲ့ အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့ Leonardo ဟာ လက်ရှိ အသက် ၄၆ နှစ်အရွယ် အထိကို ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်နေဆဲပါပဲ။ ဒါပေမဲ့ Buzz Feed ရဲ့သတင်းအရ Leonrdo ဟာ အမျိုးသားပရိတ်သတ်လည်း ခိုင်ခိုင်မာမာရရှိုထားခဲ့တယ်ဆိုတာ သေချာသွားခဲ့ပါပြီ။

[email protected]

အကြောင်းကတော့ Ariana Grande ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Pete Davidson ကတောင်မှပဲ Leonardo ကို အစွဲလန်းကြီးစွဲလန်းနေခဲ့ပါသတဲ့လေ။ ဒီလို Leonardo ကို စွဲလန်းစိတ်ဖြစ်မိတဲ့အကြောင်းကိုတာ့ Pete Davidson ဟာ Paper Magazine နဲ့ အင်တာဗျူးလုပ်ရင်း ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။

Imdb/The Beach

Pete Davidson ဟာ Leonardo ကို ပရိတ်သတ်တစ်ယောက်အနေနဲ့ အားပေးရုံတင်မဟုတ်ဘဲ crush ပါ crush နေတာပါတဲ့လ။ ဒါကြောင့်လည်း The Beach ရုပ်ရှင်ထဲက Leonardo ရဲ့ပုံကိုတာင် အခန်းထဲမှာပိုစတာအဖြစ် ကပ်ထားနေတာပါတဲ့။ နောက် Leonardo ထွက်သမျှကားတိုင်းကိုလည်း ကြည့်ဖူးတယ်၊ ဓာတ်ပုံတွေကိုလည်း ညှပ်ညှပ်ပြီးသူ့ပုံတွေနဲ့တောင် တွဲကပ်ခဲ့ဖူးသတဲ့။ Titanic ထွက်တော့ပဲ Pete Davidson ဟာ ၃၊ ၄ တန်းလောက်ပဲ ရှိဦးမှာပါ။

READ
“Bride of the water God” ပါတီညရဲ့ ပုံရိပ်များ
[email protected]

အပြင်မှာတော့ Leonardo နဲ့ ၂ ကြိမ်တိတိတွေ့ခဲ့ဖူးသတဲ့။ ဒါပေမဲ့ တွေ့တိုင်းလည်း Pete Davidson ဟာ စိတ်တွေလှုပ်ရှားလွန်ပြီး ကတုန်ကယင်ဖြစ်ကာ ထွက်ပြေးခဲ့တာချည်းတဲ့လေ။ အဲဒီလိုမနှုတ်ဆက်ရဲလောက်အောင်ကို ကြိုက်လွန်းတယ်ပေါ့။ နောက်ထပ်ပြီး ပြောသွားခဲ့စကားတွေကြောင့် Pete Davidson ဟာ လူတွေရဲ့ ဝေဖန်မှုတွေကို ခံနေခဲ့ရပါတယ်။

အဲဒါကတော့ Pete Davidson ဟာ Leonardo ရဲ့ပုံကိုကြည့်ရင်း အာသာဖြေလေ့ရှိသတဲ့လေ။ ဘယ်လောက်တောင် ကကျိုးကဂျောင်နိုင်တဲ့စကားလဲဆိုတာ..

[email protected]

Penny

SHARE