Jungkook ရထားတဲ့ ဆုကို ပြန်သိမ်းဖို့ အိမ်ပြာတော်ကို ၀ိုင်းပြီး တောင်းဆိုနေကြ

Image:twitter & IG /bts

BTS  အဖွဲ့ဝင် Jungkook က တော့ အခု လက် တ လောမှာ ၀ဖေန်ပြစ်တင်မှုတွေ နဲ့ ဆိုးဆိုးရွားရွား ရင် ဆိုင် နေ ရပါတယ်။COVID-19 ကူးစက်မှု နှုန်းကို တ ကျော့ပြန်လည် မြင့်တက် စေခဲ့တဲ့ Itaewon က အငြင်းပွားဖွယ်ရာ Social Distancing ကိစ္စ မှာ ပါဝင်ပတ် သက် ခဲ့တဲ့ အတွက် အခုလို ပြစ်တင် ပြောဆိုခံ နေရတာပါ။Jungkook  ရ ခဲ့ဖူးတဲ့ Order of Cultural Merit ဆု ကို ပြန်သိမ်း ဖို့ အိမ် ပြာတော်ကို အသနားခံစာ(လူအများ လက်မှတ် ၀ိုင်း ထိုးပြီး တောင်းဆိုတဲ့ စာ)တင်ပြီး တောင်းဆို နေကြပါတယ်။ဒီဆု ကတော့ နိုင်ငံရဲ့ယဉ် ကျေးမှုအနုပညာနဲ့  ဖွံ့ ဖြိုး တိုးတက်မှုကို ကမ္ဘာက သိအောင် မြှင့်တင်ပေးနိုင်လို့ ပေးခဲ့တဲ့ ဆုပါ။BTS တစ်ဖွဲ့လုံးကို ချီးမြှင့်ခဲ့ တာဖြစ်ပြီး အခု ကတော့ Jungkook  ရဲ့ ဆု တစ်ခု တည်းကိုပဲ ပြန်သိမ်းဖို့ တောင်းဆို နေကြတာပါ။ဒီ အ ကြောင်းကိုတော့ Allkpop မှာ ဖော်ပြ ထားတာပါ။

Image:twitter/bts

BTS ကတော့ ဒီဆုကို (၂၀၁၈) အောက်တိုဘာ (၂၄)က ရခဲ့တာပါ။ဒီဆုကို ရတဲ့ အသက် အငယ်ဆုံး K Pop အဖွဲ့ ပါ။Presidential Award ထက် တောင်မှ ပိုပြီး မြင့်တဲ့ ဆုပါ။မေလ (၁၈) ရက်နေ့ မှာတော့ “Please revoke BTS Jungkook’s Order of Cultural Merit medal” လို့ ခေါင်းစဉ် တပ်ထားတဲ့ စာကို အိမ်ပြာ တောင် ကို ပို့ ခဲ့တာ ပါ။တစ်နိုင်ငံလုံးမှာရှိတဲ့ လူတွေက COVID-19  ကို ကျော်လွှားနိုင်ဖို့ ကြိုးစားနေချိန်မှာ Big Hit Entertainment  ရဲ့ အနုပညာရှင် BTS အ ဖွဲ့ ၀င် Jungkook  နဲ့ သူ့ရဲ့ သူငယ်ချင်း Idol (၃) ယောက်ကို Itaewon ကို သွားပြီး Nightlife မှာ စားသောက် ပျော်ပါးခဲ့ကြတယ်။သူ့ရဲ့ ဒီလို လုပ်ရပ်က ဗိုင်းရပ်စ်အ န္တရယ်ကို ကျော်လွှားဖို့ ကြိုးစား နေတဲ့ အစိုးရအရာရှိတွေနဲ့ ပြည်သူတွေ ကို လျစ်လျူရှုလိုက်တာပါ။သူ့ကို ပေးထားတဲ့ ဆုရဲ့ ရည်ရွယ် ချင်နဲ့ မကိုက် ညီ ဘူး။ဒီဆုက နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် ထူးချွန် အောင်စွမ်းဆောင် ပေးတဲ့သူမျိုးကို ပေးတာ ဆိုပြီး အသနား ခံစာ မှာ ရေးထားပါတယ်။စာရဲ့ အဆုံးသတ်မှာတော့ ဆု ပြန် သိမ်း ပေးဖို့ တောင်းဆိုထားပါတယ်။

Jungkook,  NCT က  Jaehyun, ASTRO က Cha Eunwoo နဲ့ SEVENTEEN က  Mingkyu တို့ ဟာ ကပ် ရောဂါ ကူးစက်ပြန့်ပွားမှု တွေကို ထိန်းချုပ်ဖို့ Social Distancing ကာလမှာ Itaewon မှာရှိတဲ့ ကလပ်ကို သွားခဲ့ကြ တာပါ။ Big Hit Entertainment   ကလည်း Itaewon ကို Jungkook သွားခဲ့တယ်ဆိုတာ မှန် ကန် ကြောင်း ၊ကိုဗစ် စစ်ဆေးမှု ခံယူ ခဲ့ပြီး Negative အ ဖြေ လည်း ထွက်ခဲ့ ကြောင်းနဲ့ နောက် နောင် ဒီလို အဖြစ်မျိုး မဖြစ် စေရပါ ဘူးလို့ တရားဝင် တောင်းပန် ခဲ့ပါတယ်။ဗိုင်းရပ်စ် ကူး စက်ခံထားရမှန်းကို မသိတဲ့ အသက် (၂၉)နှစ်အရွယ် အမျိုး သားတစ်ယောက်က Itaewon မှာရှိတဲ့ နိုက်ကလပ် တွေ ကို  သွားရောက် ပျော်ပါးခဲ့ပါတယ်။မေ (၁-၂)အတွင်းမှာ နိုက်ကလပ်နဲ့ Bar က ငါးခု လောက် ကို သွားခဲ့တာပါ။ Itaewon  က တကယ့် လူစု လူဝေး နေရာ တွေ ကို သွား ရောက် ခဲ့တာ ကြောင့် ပိုးရှိသူနဲ့ ထိ တွေ့ ဆက်ဆံ ခဲ့သူ ဦး ရေ ကလည်း အများကြီး ဖြစ်ခဲ့ကာ ရောဂါကူးစက်ခံရတဲ့ နှုန်း ကလည်း အရင် နည်းပါး ခဲ့ရာ က နေ ပြန်များခဲ့ရတာပါ။ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ် ရေး အဖွဲ့ အစည်း က တော့  ဧပြီ (၂၄ ကန မေ ၆) အတွင်း Itaewon က ကလပ်တွေ၊ ဘား တွေနဲ့ တခြားနေရာ တွေကို သွားခဲ့တဲ့ ဘယ်သူ မဆို နေအိမ်ကနေ အပြင် ထွက် သွားလာတာမျိုးတွေ မလုပ် ကြဖို့ တောင်းဆို ထားပါတယ်။

#SHWEMOM

SHARE