အသက်ငယ်ငယ်နဲ့ အောင်မြင်မှုတွေ ရနေခဲ့တဲ့ Youtube Star ဖိလစ်ပိုင် မောင်နှမ နှစ်ယောက်

www.facebook.com/RanzAndNiana/photos

အင်တာနက်တွေ ဆိုရှယ်မီဒီယာတွေ များလာခြင်းက လူတွေအတွက် အကျိုးကျေးဇူးတွေ အများကြီးပဲ ရှိနေခဲ့ပါတယ်။ လေ့လာမှုတွေ အလွယ်တကူလုပ်လို့ ရခဲ့သလို ဖြန့်ဝေလိုတဲ့ အရာတွေကိုလည်း အလွယ်တကူ ဖြန့်ဝေလာနိုင်ခဲ့ပါတယ်။ အင်တာနက်ကနေ ကမ္ဘာတစ်ဝှမ်းကို အနုပညာရှင်တွေက ထိုးဖောက်ပြီး အောင်မြင်မှုတွေ အမြောက်အများ ရရှိလာနေကြဆဲပဲ ဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေနဲ့ ပြည့်နေခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံက မောင်နှမ နှစ်ယောက်ကတော့ ကမ္ဘာတစ်ဝှမ်းက အချစ်တွေကို အောင်မြင်မှုနဲ့အတူ လက်ခံရရှိနေကြပါတယ်။

Ranz and Niana ဆိုတဲ့ မောင်နှမ နှစ်ယောက်အမည်နဲ့ သီချင်းဗီဒီယိုတွေ၊ အကဗီဒီယိုတွေ၊ Vlog တွေ ရိုက်ကူးရင်း တဖြည်းဖြည်း လူကြိုက်များလာခဲ့ကြတဲ့ သူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ အဓိက ဆွဲဆောင်နိုင်မှုကတော့ ချစ်ခြင်းနဲ့ လိုက်ဖက်မှုပါပဲ။ မောင်နှမတွေဆိုပေမဲ့ ဝါသနာတူ အလုပ်တူပြီး အမြဲချစ်ခြင်းတွေနဲ့ ရင်းနှီးနေတာမျိုးက အတော့်ကို ရှားပါတယ်။ အခုလို မောင်နှမနှစ်ယောက်ရဲ့ ကကွက်ကဟန်နဲ့ အရည်အချင်းအပြင် မောင်နှမ နှစ်ယောက် လိုက်ဖက်ညီမှုတွေကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ကြတာပါ။

Ranz Kyle ကတော့ အစ်ကို ဖြစ်ပါတယ်။ သူတို့မှာ စုစုပေါင်း မောင်နှမ လေးယောက်ရှိပါတယ်။ Ranz ကို ၁၉၉၇ ခုနှစ် မေလ ၆ ရက်နေ့မှာ မွေးခဲ့တာ ဖြစ်ပြီး အခုဆို ၂၃ နှစ် ပြည့်တော့မှာပါ။ သူရဲ့ ပထမဆုံး Youtube ဗီဒီယိုကို သူ ၁၄ နှစ်မှာ စတင်ခဲ့ပါတယ်။ အခုဆို သူ့ရဲ့ Ranz Kyle ဆိုတဲ့ Youtube Channel မှာဆိုရင် 10.2 Millions Subscribers ရှိနေပြီ ဖြစ်ပါတယ်။

READ
"သူဘယ်သူလဲ"ရိုက်ကွင်းက ပုံရိပ်တွေကို မျှဝေပေးလိုက်တဲ့ သင်ဇာဝင့်ကျော်
www.facebook.com/ranzkyle/photos

Niana ကတော့ အခုဆို ၁၄ နှစ်ရှိပါပြီ။ ဆယ်ကျော်သက်အရွယ်မှာ ရှက်ရွံ့မှုပုံစံအမျိုးမျိုးတွေ ရှိနေတတ်ကြပြီး အိပ်မက်တွေကို ဖန်တီးဖို့ ကမ္ဘာတစ်ဝှမ်းက တွေးနေခဲ့ချိန်မှာ Niana တစ်ယောက်တော့ Youtube Star တစ်ယောက်အဖြစ်နဲ့ လူအများရှေ့မှာ သူမ အိပ်မက်တွေကို အကောင်အထည်ဖော်နေခဲ့ပါတယ်။ အခုဆို သူမရဲ့ Youtube Channel Subscribers ကလည်း 9.02 Millions ရှိနေပါပြီ။ ၂၀၁၆ မှာ မွေးခဲ့တဲ့ Niana က သူမရဲ့ ပထမဆုံး Youtube ကို လွန်ခဲ့တဲ့ ၇ နှစ်အကြာ အသက် ၇ နှစ်အရွယ်မှာ စတင် ရိုက်ကူးခဲ့ပါတယ်။ ဒါ့အပြင် သူမ အသက် ၈ နှစ်အရွယ် ၂၀၁၄ ခုနှစ်မှာ အစ်ကိုဖြစ်သူနဲ့အတူ ပထမဆုံး Youtube ဗီဒီယိုကို စတင်ရိုက်ကူးခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ အစ်ကိုဖြစ်သူက ၁၇ နှစ် ဖြစ်ပါတယ်။

READ
ယုံကြည်မှုရှိရှိနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံလေးတွေကို မျှဝေလိုက်တဲ့ ဟန်လေး
www.facebook.com/RanzAndNiana/photos

ဒီလိုနဲ့ အခုဆို အငယ်ဆုံး ညီမလေးကပါ သူတို့နဲ့ အတူ အကဗီဒီယိုတွေ ရိုက်ကူးနေသလို စင်မြင့်ထက်မှာ ကနေခဲ့ပါပြီ။ ဗီဒီယိုတွေကိုကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အစ်ကိုဖြစ်သူ Ranz က သူတို့ကို ဘယ်လောက်ချစ်သလဲဆိုတာကို အမြဲ မြင်နေတွေ့နေရမှာပါ။

www.facebook.com/ranzkyle/photos

ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ မောင်နှစ်မတွေ အိပ်မက်တွေကို အကောင်အထည်ဖော်ပြီး အောင်မြင်နေကြတာ လူငယ်တွေအတွက်တော့ အတော့်ကို အားကျစရာ ဖြစ်ပါတယ်။ သူတို့ရဲ့မိဘနှစ်ပါးလည်း ရံဖန်ရံခါ သူတို့ရဲ့ ဗီဒီယိုမှာ ပါဝင်လေ့ ရှိပါတယ်။ ချစ်ဖို့ကောင်းတဲ့ မိသားစုပုံစံလေး ဖြစ်တာကြောင့်ရော ပရိသတ်တွေကတော့ အားပေးနေကြဆဲ သဘောကျနေကြဆဲ ဖြစ်ပါတယ်။

Written by Kham

SHARE