နေအိမ်မှအလုပ်လုပ်ခြင်းကို ဥပဒေထုတ်ပြီး သဘောတူလိုက်တဲ့ ဖိလစ်ပိုင်သမ္မတ Duterte

Pixabay, Twitter/CNN (Presidential Photos)

ရုံးအလုပ်တွေကို ရုံးသို့လာစရာမလိုအပ်ဘဲ လစာအပြည့်ခံစားစေပြီး အိမ်မှအလုပ်လုပ်ခြင်းကို telecommuting လို့ ဆိုနိုင်ပါတယ်။ နည်းပညာတွေ တိုးတက်ပြောင်းလဲလာတာနဲ့အမျှ အလုပ်အခွင့်အရေးတွေလည်း ပိုမိုများပြားလာပြီး အရင်ခေတ်တွေတုန်းက မပေါ်သေးတဲ့ အလုပ်နေရာတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

လူကိုယ်တိုင်လုပ်ရမယ့် အလုပ်တွေကိုလည်း နည်းပညာများနဲ့ အစားထိုးလုပ်ကိုင်နိုင်နေပြီဖြစ်တဲ့အတွက် အလုပ်အခွင့်အရေးတိုင်းလိုလိုဟာ နည်းပညာပိုင်းဆိုင်ရာတွေနဲ့ မပတ်သက်လို့ကိုမရတော့ပါဘူး။ ဥပမာ- စာပို့တာ၊ ကြေးနန်းရိုက်တာ၊ စာရွက်စာတန်းပါဆယ်ပို့တာတွေအစား internet ကိုအသုံးပြုကာ အချိန်တိုအတွင်း လူပင်ပန်းစရာမလိုဘဲ ဘယ်လောက်ဝေးတဲ့ နေရာကိုမဆို ပို့လို့ရနေပါပြီ။

Telecommuting အလုပ်တွေဟာ ဆောက်လုပ်ရေးပညာရှင်တွေ၊ ဆေးဝါးပညာရှင်စတဲ့ အလုပ်ခွင်တွေလို လူကိုယ်တိုင်အင်အား စိုက်ထုတ်စရာမလိုပဲ စက်တစ်လုံးတည်းနဲ့အလုပ်လုပ်နိုင်တာမို့ နေရာမရွေး အချိန်မရွေးမှာ အလုပ်လုပ်နိုင်ကြပါတယ်။

 

၂၀၁၉ ဇန်နဝါရီလ (၁၀) ရက်နေ့၊ ဖိလစ်ပိုင်မှာတော့ ဒီလိုမျိုး Telecommuting အလုပ်ခွင်မှ ဝန်ထမ်းများ၊ ပညာရှင်များကို ရုံးသို့နေ့တိုင်းလာစရာမလိုဘဲ ကြိုက်တဲ့နေရာမှာ အလုပ်လုပ်ခွင့်ပေးလိုက်ခဲ့ပါပြီ။ Telecommuting Act ကို ဖိလစ်ပိုင်သမ္မတ Rodrigo R. Duterte ကိုယ်တိုင်မှ ကြာသပတေးနေ့မှာ ခွင့်ပြုမိန့်လက်မှတ်ထိုးကာ တရားဝင်ကြေငြာခဲ့တာပဲဖြစ်ပါတယ်။

READ
အလန်းစား ဂျင်းဝတ်စုံကြောင့် လူမှုကွန်ယက်မှာ Hot နေတဲ့ အမျိုးသမီး
Twtiiter/CNN_Presidential Photo

ယမံနှစ် ဒီဇင်ဘာလ (၂၀) ရက်နေ့တုန်းက Telecommuting Act ကို “a work arrangement that allows an employee in the private sector to work from an alternative workplace with the use of telecommunication and/or computer technologies” (အစိုးရ မဟုတ်တဲ့ လုပ်ငန်းမှ ၀န်ထမ်းများဟာ telecommunication နည်းပညာ သို့မဟုတ် ကွန်ပျုတာ နည်းပညာ အသုံးပြုပြီး လုပ်ငန်းခွင်မဟုတ်တဲ့ အခြားတစ်နေရာကနေ အလုပ် လုပ်ခြင်း) လို့ အဓိပ္ပာယ်ဖွင့်ဆိုခဲ့ပါတယ်။

Pixabay

ဒီဥပဒေအရ လုပ်ငန်းခွင် မဟုတ်တဲ့ နေရာတွေမှာ အလုပ် လုပ်ဖို့ ခွင့်ပြုထားတဲ့အထဲမှာ  technicians တွေ၊ IT ပိုင်းဆိုင်ရာအလုပ်တွေ၊ Online media စတဲ့အလုပ်တွေပါဝင်ပါတယ်။ ရုံးလာစရာမလိုဘဲ အိမ်မှာ (သို့မဟုတ် အခြားနေရာမှာ) တစ်နေ့တာအလုပ်တွေကို လုပ်ခွင့်ရရှိမှာဖြစ်ပြီး အလုပ်လစာဟာလည်း နေရာအပြောင်းအလဲကြောင့် လျော့သွားမှာမဟုတ်ဘဲ ပုံမှန်အတိုင်းတည်ရှိကာ အချိန်ပိုလုပ်ခလစာကိုလည်း မှန်ကန်တိကျစွာ ခံစားခွင့်ရရှိဦးမှာဖြစ်ပါတယ်။

READ
ဒဏ်ရာရထားတဲ့ပါလက်စတိုင်းအမျိုးသမီးရဲ့သားကို နို့တိုက်ခဲ့တဲ့ဂျူးသူနာပြုမလေး

ဒီအစီအစဉ်ကိုတော့ သမ္မတလက်မှတ်ထိုးပြီး ရက် (၆၀) အတွင်းမှာ တရားဝင် ကျင့်သုံးနိုင်မှာပဲဖြစ်ပါတယ်။

Source: CNN (Philppines), Business World

Penny

 

SHARE