သမီးဖြစ်သူရဲ့ အမိန့်ကြောင့် ဟောင်ကောင်ကို ရုတ်တရက် သွားလိုက်ရတဲ့ ဒူတာတေး

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ကို နိုင်ငံတကာမှ တိကျပြတ်သားပြီး လက်ရဲဇတ်ရဲနိုင်တဲ့ သမ္မတအဖြစ် လူတွေသိထားကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေးသုံးစွဲသူတွေကို အဖမ်းခံရင်ခံ၊ မခံရင်ပစ်မိန့်ပေးခဲ့ရာမှစကာ နိုင်ငံတကာရဲ့ မျက်စေ့ဒေါက်ထောက် စောင့်ကြည့်ခြင်းကို ခံနေရတာပါ။

EPA

ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေပိတ်ရက်တုန်းက Duterte ဟာ ဟောင်ကောင်သို့ အစီအစဉ်မရှိဘဲ သွားရောက်ခဲ့တယ်လို့သိရပါတယ်။ ဟောင်ကောင်အာဏာပိုင်တွေကိုလည်း ကြိုတင်အကြောင်းမကြားဘဲ သွားခဲ့တဲ့အတွက် ကောက်ခါငင်ခါ ထသွားရတဲ့ အကြောင်းရင်းကို လူတိုင်းက စိတ်ဝင်စားလျက်ရှိကြပါတယ်။

Instagram

ဟောင်ကောင်ခရီးစဉ်ဟာ တကယ်တမ်းတော့ အလုပ်ကိစ္စနဲ့သွားတာမျိုးမဟုတ်ဘဲ ဟောင်ကောင်မှာရောက်နေတဲ့ ဇနီးသည်ရဲ့ (၄၉) နှစ်ပြည့်မွေးနေ့ပွဲမှာ အတူတူရှိပေးဖို့ အငယ်ဆုံးသမီး Kitty ရဲ့ အမိန့်အရ သွားခဲ့တယ်လို့ဆိုပါတယ်။

Bong Go/Release
Instagram

Duterte ဟာ Kitty ကိုတော့ ဒုတိယအိမ်ထောင်ဆက်ဖြစ်တဲ့ Honeylet Avanceña နဲ့ မွေးခဲ့တာဖြစ်ပြီး ၂၀၀၀ ခုနှစ်မှာ ကွာရှင်းခဲ့တဲ့ ပထမအိမ်ထောင် Elizabeth Zimmerman နဲ့ကတော့ Sara နဲ့ Paolo ဆိုတဲ့ သားသမီးနှစ်ယောက်ရခဲ့ပါတယ်။

READ
နွားဦးချိုနဲ့စအိုဝ တစ်သားတည်းကျသွားလို့ အီစလံဝေသွားတဲ့ မက္ကဆီကန် နွားရိုင်းသတ်သမား
Instagram
Facebook.com Vice Mayor Pulong Duterte Official

Duterte ဟာ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်ပြီး တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေကြောင့် ခက်ထန်တဲ့သမ္မတတစ်ဦးအဖြစ် ကမ္ဘာမှာထင်ရှားပေမယ့် သမီးနှစ်ယောက်ဖြစ်တဲ့ Sara နဲ့ Kitty တို့ရှေ့မှာတော့ ဗိုလ်ချုပ်ရဲ့စကားကိုနာခံရတဲ့ တပ်သားပမာ အမြဲတမ်း ငြိမ်ဝပ်ပိပြားနေရတယ်လို့ ကိုယ်တိုင်ဖွင့်ပြောခဲ့ပါတယ်။ သားဖြစ်သူ Paolo နဲ့ကတော့ ယောက်ျားချင်းဖြစ်တာကြောင့် ဆက်ဆံရေးဟာ သာမန်သားအဖလိုဖြစ်ပေမယ့် သမီးနှစ်ယောက်ကိုတော့ ကြောက်ရတယ်လို့ဆိုပါတယ်။

Instagram

ဒီတစ်ခေါက်မှာလည်း အငယ်ဆုံးသမီးဖြစ်တဲ့ Kitty ရဲ့ စေခိုင်းမှုကြောင့် ဇနီးဖြစ်သူ Honeylet ရဲ့ မွေးနေ့မှာ အတူရှိပေးဖို့ ဟောင်ကောင်အထိ သွားခဲ့တာပါ။

ဟောင်ကောင်မှာရှိတဲ့ Causeway Bay ရဲ့ World Trade Center မှာ လုံခြုံရေးတစ်သိုက်နဲ့ ရှော့ပင်ထွက်နေတဲ့ Duterte ကို အများစုကမြင်ခဲ့ကြပေမယ့် ဘယ်သူမှအနားသွားကာ မနှုတ်ဆက်ရဲကြဘူးလို့ဆိုပါတယ်။

READ
ဒေါ်လာ ၉၁.၁ သန်းနဲ့လေလေံအောင်သွားကာ စံချိန်တင်နိုင်ခဲ့တဲ့ စတီးယုန်ရုပ်ထုကြီး

Source: GMA News Online, Phil Star, SCMP

Penny

SHARE