Iceland ငြိမ်းချမ်းတယ်ဆိုတာ ရေခဲတွေစားနေတာကိုးလို့ ပြောခဲ့တဲ့ ဖိလစ်ပိုင်သမ္မတ

janoon028/Free Pik , Rody Duterte/Facebook

ဖိလစ်ပိုင်သမ္မတဒူတာတေးရဲ့ ဇာတ်လမ်းတွေကတော့ ပြောမဆုံးပေါင် တော်သုံးတောင်ပါပဲ။ ဒူတာတေးအနေနဲ့ ဖိလစ်ပိုင်သမ္မတရာထူး စစရချင်း ၂၀၁၆ ခုနှစ်မှာတင်ကို ဖိလစ်ပိုင်နိုင်ငံရဲ့ မူးယစ်ဆေးဆွဲသူများ ပပျောက်ရေးစီမံချက်နဲ့ လာအဖမ်းမခံခဲ့ရင် တွေ့တဲ့နေရာမှာ ပစ်မိန့်ပေးကာ ဖမ်းဆီးခိုင်းခဲ့ပါတယ်။ ဒီလုပ်ဆောင်မှုကြောင့်ပဲ ခဏအတွင်းမှာတင် လူပေါင်း ၆ သောင်းကျော်ဘာရောက် အဖမ်းခံခဲ့ကြပါတယ်။

Rody Duterte/Facebook

ဒီကိစ္စနဲ့ပတ်သက်ပြီး UN လူ့အခွင့်အရေး အစည်းအဝေးမှာ Iceland ကနေပြီး ဖိလစ်ပိုင်သမ္မတကို ပစ်ခတ်မှုတွေရုတ်သိမ်းပေးဖို့ အများရှေ့မှာပြောခဲ့ပါတယ်လို့ Metro သတင်းဌာနက ဖော်ပြထားပါတယ်။ ဒီကိစ္စကိုမဲခွဲဆုံးဖြတ်ရာမှ ၁၈ မဲမှာ ရပ်ဆိုင်းဖို့ တိုက်တွန်းတဲ့မဲအရေအတွက်ဟာ ၁၄ မဲရရှိခဲ့တယ်။

BiZKettE1/Free Pik

ဒီက္စိနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတ ဒူတာတေးဖက်နေပြီး Iceland ကို အခုလိုပဲတုန့်ပြန်ခဲ့ပါတယ်။ Iceland ဟာ ကမ္ဘာ့အငြိမ်းချမ်းဆုံး နိုင်ငံများစာရင်းမှာ ထိပ်ဆုံးနေရာက ရပ်တည်နေခဲ့တာပါ။ နိုင်ငံအတွင်းမှာ ဒုစရိုက်မှုရယ်လို့ ရေရေရာရာမရှိတဲ့အတွက် တချို့သောနေရာတွေမှာ နယ်စောင့်ရဲတွေတောင် ထားရှိခြင်းမရှိခဲ့တာ ကြာနေပါပြီ။ ဒီအချက်ကိုအခွင့်ကောင်းယူကာ ဖိလစ်ပိုင်သမ္မတဒူတာတေးက နင်းပြောခဲ့တာပါ။

President Rodrigo Roa Duterte and President Xi Jinping of People's Republic of China pose for a photo after declaring…

Posted by Rody Duterte on Wednesday, November 21, 2018

“Iceland ရဲ့ပြဿနာက ဘာလဲသိလား။ ရေခဲတွေချည်း မြင်မြင်ရာရှိနေတာပဲ။ နေ့မှန်းမသိ၊ ညမှန်းမသိ ရေခဲတွေကြားမှာ ပျော်မွေ့နေကြတာကို” ဆိုပြီး ဒူတာဒေးမှ အစချီခဲ့ပါတယ်။ “နိုင်ငံမှာ ဘာဒုစရိုက်မှုမှမရှိမနေ၊ ရဲတွေလည်း အလုပ်လက်မဲ့သာသာ အေးအေးချမ်းချမ်းနေနေရတာ ဘာကြောင့်လဲသိလား။ အေးချမ်းအောင် ရေခဲချည်းစားနေလို့ပေါ့” တဲ့။ ဒူတာတေးဟာ ခနဲ့တဲ့တဲ့ရွဲ့တဲ့တဲ့ပြောသွားခဲ့ပေမယ့် သူပြောချင်တဲ့အဓိကရည်ရွယ်ချက်ကတော့ Iceland လိုမျိုး အေးအေးဆေးဆေး ငြိမ်းငြိမ်းချမ်းချမ်းနေနေရတဲ့ နိုင်ငံဖို့ ဖိလစ်ပိုင်ရဲ့ ပြည်တွင်းရေးအခြေအနေကို ဘယ်လိုလုပ်နားလည်နိုင်မှာလဲဆိုတာပါပဲ။

Posted by Rody Duterte on Friday, August 4, 2017

Penny

SHARE