နိုင်ငံရဲ့နာမည်ကို ပြောင်းချင်စိတ်ပြင်းထန်နေတဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး

Valerie Escalera / Presidential Photo, Pixabay

၂၀၁၉ ဖေဖော်ဝါရီလ (၃) ရက်နေ့က Basilan မြို့ရှိ Isabela မြို့တော်အားကစားရုံမှာ ပြုလုပ်ခဲ့တဲ့ ပွဲတစ်ခုမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေးကနေပြီး ဖိလစ်ပိုင်နိုင်ငံနဲ့ပတ်သက်တဲ့ ဆန္ဒတစ်ခုကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အဲဒါကတော့ ဖိလစ်ပိုင်ရဲ့နာမည်ကို ပြောင်းဖို့ပါပဲ။

Asia News Network
AFP

ဟိုးအရင်ခေတ်က သမ္မတ Ferdinand Marcos လက်ထက်တုန်းကလည်း နိုင်ငံရဲ့နာမည်ဖြစ်တဲ့ ဖိလစ်ပိုင်မှ Maharlika အဖြစ်ပြောင်းချင်တယ်ဆိုပြီး ပြောခဲ့ပေမယ့် အတည်မဖြစ်ခဲ့ပါဘူး။ သူ့လက်ထက်မှာလည်း နိုင်ငံရဲ့နာမည်ကို ပြောင်းချင်စိတ်တွေ ပြင်းထန်နေတယ်လို့ သိရပါတယ်။ နာမည်ကိုတော့ အခုအချိန်အထိ မစဉ်းစားရသေးပေမယ့် Maharlika ဆိုတဲ့ နာမည်လေးကိုတော့ သဘောတွေ့တယ်လို့ ဆိုပါတယ်။

Famous People

သူ့အနေနဲ့ ဖိလစ်ပိုင်ဆိုတဲ့နာမည်ကို သဘောမတွေ့ခြင်းဟာ နိုင်ငံရဲ့ကိုယ်ပိုင်အငွေ့အသက်တွေ မပါဝင်တာကြောင့်ဖြစ်ပါတယ်။ ဖိလစ်ပိုင်ဆိုတဲ့နာမည်ဟာ (၁၅၂၁) ခုနှစ်မှာ ကျွန်းကိုစစတွေ့ခဲ့တဲ့ စူးစမ်းရှာဖွေသူ Ruy Lopez de Vlilalobos နေထိုင်ရာနိုင်ငံ၊ စပိန်ရဲ့ အဲဒီအချိန်တုန်းက နန်းတက်ဘုရင် Philip II ရဲ့နာမည်ကို အဆွဲပြုပြီး မှည့်ထားတဲ့နာမည်ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံက သူများနိုင်ငံဘုရင်ရဲ့နာမည်လွှမ်းမိုးမှုအောက်မှာ ရှိနေတဲ့အတွက် နိုင်ငံရဲ့အုပ်ချုပ်သူတော်တော်များများက သူတို့လက်ထက်တွေမှာ နာမည်ပြောင်းလဲဖို့ ကြိုးစားခဲ့ပါတယ်။

READ
(၄.၈.၁၈) မှ (၁၀.၈.၁၈)အတွင်း လူစိတ်ဝင်စားမှုအများဆုံး သတင်း (၅)ပုဒ်
pixabay

သို့ပေမယ့် နိုင်ငံရဲ့နာမည်ပြောင်းလဲရေးဟာ နိုင်ငံတစ်နိုင်ငံတည်းနဲ့မဆိုင်ဘဲ ကမ္ဘာ့အဖွဲ့အစည်းတော်တော်များများရဲ့ သဘောတူညီချက်များကို ရယူရမယ်လို့ ခန့်မှန်းရပါတယ်။ အကယ်၍ နာမည်ပြောင်းပြီးသွားခဲ့ရင်လည်း အခြေခံဥပဒေတွေမှာ ရေးသားထားတဲ့ ဖိလစ်ပိုင်စကားလုံးတွေကအစ၊ ပြည်သူတွေရဲ့ နိုင်ငံကူးလက်မှတ်၊ မှတ်ပုံတင်တွေစတာတွေပါ အကုန်လုံးလိုက်ပြောင်းပေးရမှာဖြစ်တဲ့အတွက် လွယ်ကူရိုးရှင်းတဲ့ ကိစ္စရပ်တစ်ခုတော့မဟုတ်ပါဘူး။

Valerie Escalera / Presidential Photo

Source: Philstar, Asia One

Penny

 

 

SHARE