ကျောင်းသားတစ်ဦးကို သစ်ပင်(၁၀) ပင်စီစိုက်ပြီးမှ ဘွဲ့ရတော့မယ့် ဖိလစ်ပိုင်ဥပဒေသစ်

ဖိလစ်ပိုင် အထက်တန်းနဲ့ ကောလိပ်ကျောင်းသားကျောင်းသူတွေဟာ အနည်းဆုံးသစ်ပင်(၁၀)ပင်စီ စိုက်ပျိုးပြီးမှ ဘွဲ့ယူနိုင်မည်ဖြစ်ကြောင်း ဥပဒေတစ်ရပ်ထုတ်ပြန်ထားပါတယ်။ အဆိုပါဥပဒေဟာ တစ်ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက်ဖို့အတွက် ပြင်ဆင်နေတဲ့ ဖိလစ်ပိုင်ရဲ့ ဥပဒေသစ်လည်း ဖြစ်ပါတယ်။ တကယ်လို့ ဒီအစီအမံသာ ကောင်းမွန်စွာ အကောင်အထည်ဖော်နိုင်ခဲ့ရင် မျိုးဆက်တစ်ဆက်မှာ သစ်ပင်ဘီလီယံသန်းပေါင်း(၅၂၅) ကို စိုက်ပျိုးနိုင်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

shutterstock

ဖိလစ်ပိုင်တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဥပဒေအဆိုပြုသူ ဂယ်ရီအလီဂျာနိုကတော့ နှစ်စဉ် မူလတန်းကလေးပေါင်း(၁၂) သန်းကျော်၊ အထက်တန်းကျောင်းက ကျောင်းသားပေါင်း(၅) သန်းနဲ့ ကောလိပ်ကျောင်းသားပေါင်း (၅၀၀,၀၀၀) နီးနီးတို့ကို တွက်ကြည့်လိုက်ရင် တစ်နှစ်တစ်နှစ်ကို အနည်းဆုံးအပင်ပေါင်း (၁၇၅) သန်း စိုက်ပျိုးသွားနိုင်မည်ဖြစ်ကြောင်း ဆိုပါတယ်။ မျိုးဆက်တစ်ဆက်စာနဲ့ တွက်ချက်ကြည့်ရင်တော့ အပင်ပေါင်း (၅၂၅) ဘီလီယံ စိုက်ပျိုးလာနိုင်မှာဖြစ်ပြီး ထိုထဲက (၁၀) ရာခိုင်နှုန်းလောက်ပဲ ရှင်သန်တယ်ထားဦး၊ (၅၂၅) သန်းလောက်ကတော့ ကျန်နေဦးမယ်လို့ တွက်ချက်ထားတာပါ။

READ
ခရီးသည်က အမှိုက်ပစ်တယ်ဆိုရင်ပင် ဒရိုင်ဘာကို ပေါင်(၁၅၀)အထိ ဒဏ်တပ်မယ့်ဗြိတိန်
shutterstock

အပင်သစ်တွေကိုတော့ လမုတောတွေ၊ သစ်တောတွေနဲ့ တပ်ပိုင်သစ်တောကြိုးဝိုင်းတွေ၊ အစွန့်ပစ်ခံမိုင်းတွင်းတွေနဲ့ မြို့ပြနေရာအချို့ မှာ စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။ အပင်တွေကိုတော့ စိုက်ပျိုးမယ့် မြေအနေအထားရယ်၊ နေရာဒေသရယ်၊ စိုက်ပျိုးမယ့်နေရာမှာနေထိုင်ကြတဲ့ ဒေသခံတွေရဲ့ အကြိုက် စတာတွေကို အားလုံးတွက်ချက်ပြီး ရွေးချယ်သွားမှာ ဖြစ်ပါတယ်။

shutterstock

ကာဗွန်စုပ်ယူမြန်တဲ့ သစ်ပင်တွေစိုက်ပျိုးမယ့် ဥပဒေဟာ ဖိလစ်ပိုင်က နောက်လာမယ့် မျိုးဆက်တွေအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိလိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ဆိုးဆိုးရွားရွား သစ်တောပြုန်းတီးမှုကို ခံစားခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ (၂၀) ရာစုအတွင်းမှာပဲ သစ်တောနယ်မြေ(၇၀) ရာခိုင်နှုန်းကနေ (၂၀) ရာခိုင်နှုန်းကို လျော့ကျသွားခဲ့တာ ဖြစ်ပါတယ်။ သစ်တောပြုန်းတီးမှုတွေထဲမှာတော့ တရားမ၀င် သစ်ခုတ်တာဟာ ပြဿနာတစ်ရပ်ဖြစ်နေပြီး သစ်ရိပ်ဝါးရိပ်မရှိတဲ့ဒေသတွေဟာ မြေပြိုခြင်းနဲ့ ရေကြီးခြင်းတို့လို သဘာဝဘေးဒဏ်အန္တရာယ်တွေကို ခံစားရနိုင်ကြောင်း သတင်းဌာနတစ်ခုဖြစ်တဲ့ independent ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

လင်းလင်း (ShweMom)

SHARE