ရောဂါပိုးရှိ၊မရှိ တစ်အိမ်တက်တစ်အိမ်ဆင်း ရုတ်တရက် ဝင်စစ်တော့မယ့် ဖိလစ်ပိုင်နိုင်ငံ

Pixabay-dylanagonzales2011

လက်ရှိအချိန်ဟာ COVID 19 ဖြစ်ပွားနေတဲ့ အချိန်ဖြစ်တာကြောင့် လူတော်တော်များများ အိမ်ထဲမှာပဲ နေနေရဆဲပါပဲ။ တစ်ချို့နိုင်ငံတွေမှာတော့ Lockdown စည်းမျဉ်းစည်းကမ်းတွေ လျော့ချလိုက်ပြီ ဖြစ်ပေမယ့် အရာအာလုံး စိတ်ချရတဲ့ အနေအထားမှာ မရှိသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရောဂါကာကွယ်ဆေးလည်းမပေါ်သေး၊ ရောဂါဖြစ်သူတွေကလည်း နေ့စဉ်နဲ့အမျှတိုးနေဆဲ အချိန်ကာလဖြစ်တာကြောင့် လူတိုင်း အစစ အရာရာ သတိထားနေရမယ့်အချိန်ပါပဲ။

အခုလည်း ဖိလစ်ပိုင်နိုင်ငံဟာ မကြာခင်အချိန်အတွင် အိမ်တိုင်းလိုလိုမှာ နေထိုင်တဲ့ လူတိုင်းကို COVID 19 ရှိမရှိ ရှောင်တခင် ဝင်ရောက်စစ်ဆေးတော့မည်ဖြစ်ကြောင်း Reuters သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အကြောင်းအရင်းကတော့ ရှင်းပါတယ်။ လက်ရှိအချိန်အထိ ဖိလစ်ပိုင်နိုင်ငံမှာ COVID 19 ဖြစ်ပွားနေတဲ့လူတွေ နေ့စဉ်နဲ့အမျှ တိုးနေဆဲပါပဲ။ လက်ရှိအချိန်အထိ COVID 19 ဖြစ်ပွားသူ ၅၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၅၀၀ ကျော် ရှိနေမို့လို့ပါပဲ။ အခုဆိုရင်တော့ ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှမှာ COVID 19 အဖြစ်ပွားဆုံး နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။

READ
ယူနီဖောင်းစည်းကမ်းကို ချိုးဖောက်ပြီး ဘွဲ့တက်ယူခဲ့လို့ နာမည်ကြီးသွားတဲ့ ဥပဒေကျောင်းသား
Google

ဒီလိုမျိုး ရဲတပ်ဖွဲနဲ့ ကျန်းမာရေးဝန်ထမ်းတွေက အိမ်တွေကို ရောဂါရှောင်တခင် ဝင်စစ်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် ဒီလိုလုပ်ရပ်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပဲလို့ လူတော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။ အကြောင်းကတော့ အိမ်မှာနေရင် ကိုယ်ကြိုက်တာ ကိုယ်လုပ်နေရင်း ရဲတွေ ရုတ်တရက်ဝင်ရောက်လာတာ မကောင်းပါဘူး။ ဒီအချိန်ဟာ အိမ်ထဲမှာပဲ နေရတာကြောင့် လူတိုင်း အိမ်မှာကိုယ်ကြိုက်တဲ့ တရားဝင်ကိစ္စဖြစ်စေ၊ တရားမဝင်တာတွေဖြစ်စေ လုပ်နေကြမှာပါပဲ။ ဒါပေမယ့် ရုတ်တရက် ဒီလိုမျိုးရှောင်တခင် ဝင်စစ်ရင် လူ့အခွင့်အရေးကို ချိုးဖောက်တာဖြစ်ကြောင်း လူတစ်ချို့က ဝေဖန်ခဲ့ပါတယ်။

Pixabay-dylanagonzales2011

“ကျွန်တော်တို့ဖက်ကတော့ ရှင်းပါတယ်။ အကြောင်းကတော့ COVID 19 ဖြစ်နေတဲ့ လူတွေကို အပြင်မှာ ရှိမနေစေချင်လို့ပါ။ တစ်ခြားလူတွေကို ရောဂါကူးစက်ရင် မကောင်းဘူးလေ။ ဒါမျိုးတွေက မျက်စိနဲ့ မြင်ရတဲ့ ကိစ္စတွေ မဟုတ်ဘူး။ ရောဂါရှိနေရင်လည်း ကုသမယ့်နေရာကို တန်းခေါ်သွားမှာပါ။ ဘာမှမလုပ်ပါဘူး။ အဲဒါကြောင့်မို့လို့ ဖိလစ်ပိုင် ပြည်သူတစ်ရပ်လုံး ကျွန်တော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပေးဖို့ တောင်းဆိုချင်ပါတယ်” လို့ ဖိလစ်ပိုင်နိုင်ငံရဲ့ ပြည်ထဲရေးဝန်ကြီးဖြစ်သူ Eduardo Ano က ပြောကြားခဲ့ပါတယ်။

READ
သူများနဲ့ မတူအောင် မီးတောင်မှာ Pre-Wedding ဓါတ်ပုံ ရိုက်ခဲ့တဲ့ စုံတွဲ

Pyi Hein Kyaw

SHARE