မြင်သူတိုင်းရဲ့ ရင်ထဲကို နွေးထွေးသွားစေမယ့် NBA ပြိုင်ပွဲထဲက အခိုက်အတန့်လေးတစ်ခု

[email protected]

လက်ရှိအချိန်ဟာ COVID 19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလဖြစ်တာကြောင့် အားကစားပြိုင်ပွဲတော်တော်များများ ကျင်းပရင်တောင်မှ ပရိသတ်လုံးဝမပါပဲ ယှဉ်ပြိင်ကစားနေရတဲ့ အနေအထားပါ။ ထိုနည်းတူစွာ NBA ဘတ်စကတ်ဘောပြိုင်ပွဲတွေဟာလည်း လက်ရှိအချိန်မှာ ကွင်းပိတ်ကျင်းပနေရတဲ့အပြင် NBA ကစားသမားတွေ အကုန်လုံး မိသားစုနဲ့ ခွဲခွာနေရတာပါ။ အကြောင်းကတော့ NBA ပွဲစဉ်တိုင်းကို Disney Land ထဲမှာ ကစားကွင်းပါပိတ်ပြီး ကျင်းပနေတာဖြစ်တာကြောင့် ကစားသမားတွေ အကုန်လုံးကို ဇွန်လ(၂၃)ရက်နေ့ထဲကစပြီး Disney Land မှာ camp သွင်းထားတဲ့ သဘောပါပဲ။

[email protected]

အခုလည်း NBA အသင်းတစ်သင်းဖြစ်တဲ့ Phoenix Suns အသင်းဟာ သူတို့ကစားသမားတွေအတွက် surprise တစ်ခု ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ ပွဲမစခင်မှာ ပွဲထဲမှာ ကစားရမယ့် lineup ကို အသင်းသားတွေရဲ့ မိသားစုကိုယ်တိုင် ခေါ်ပေးတာပဲ ဖြစ်ပါတယ်။ Phoenix Suns အသင်းက တာဝန်ရှိသူတွေဟာ ကစားသမားတွေရဲ့ မိသားစုတွေဆီကနေ အကူအညီတစ်ခု တောင်းခဲ့ပါတယ်။ အဲဒါကတော့ သူတို့ကစားသမားတွေကို ပြောချင်တဲ့ စကားနဲ့ သူတို့ နာမည်ကို ခေါ်ပေးဖို့ပဲ ဖြစ်ပါတယ်။

READ
ခွေးကြီး ၉ ကောင်နဲ့အတူ လူနာတွေကို စိတ်ဓာတ်မြှင့်တင်ပေးနေတဲ့ သူမ

 

ဗီဒီယိုထဲမှာတွေ့ရတဲ့အတိုင်း Phoenix Suns အသင်းသားတွေဟာ သူတို့ရဲ့ နာမည်ကို သူတို့မိသားစုဝင်တွေက ခေါ်ပေးနေမှန်းသိလိုက်ရတဲ့ အချိန်မှာတော့ တော်တော်လေးပျော်သွားခဲ့ပြီး တစ်ချို့ဆို မျက်ရည်တောင်ကျနေကြပါတယ်။ “သူတို့တွေလည်း မိသားစုနဲ့ဝေးပြီး နေနေရတာ တစ်လကျော်နေပြီလေ။ တစ်ခါမှ မခွဲဖူးတော့ NBA ကစားသမားတိုင်း သူတို့ မိသားစုကို လွမ်းနေကြမှာ အမှန်ပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ Phoenix Suns အသင်းကစားသမားတွေအတွက် ကျွန်တော်တို့ဖက်ကနေ လုပ်ပေးနိုင်တာလေးကို လုပ်ပေးခဲ့တာပါ”လို့ Phoenix Suns အသင်းရဲ့ နည်းပြဖြစ်သူ Monty Williams က ပြောကြားခဲ့ပါတယ်။

READ
မင်္ဂလာဓာတ်ပုံရိုက်နေစဉ်၊ ရေနစ်နေတဲ့ကလေးမလေးကို ကယ်ဆယ်နိုင်ခဲ့တဲ့စုံတွဲ
[email protected]

Pyi Hein Kyaw

SHARE