မုန့်ဖိုး၁သိန်း၂သိန်းလောက်ပဲတောင်းတယ်ဆိုတာကို ပြန်လည်ဖြေရှင်းလိုက်တဲ့ ဘုန်းမင်းနေလ

phone min nay la facebook

ဘုန်မင်းနေလကတော့ နာမည်ကျော် မင်းသမီးကြီး ခင်ဇာခြည်ကျော်ရဲ့ သားချောလေးဖြစ်ပြီး လက်ရှိမှာ မိခင်နဲ့အတူ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတာဖြစ်ပါတယ်။ သူကတော့  မိန်းကလေး ပရိသတ်တွေ အများကြီး ပိုင်ဆိုင်ထားတဲ့ ဆယ်လီတစ်ယောက်လည်းဖြစ်ပါတယ်။ သူကတော့ လတ်တလောမှာ ပရိသတ်တွေကြား အထင်လွဲစရာဖြစ်နေတဲ့ သတင်းတစ်ခုနဲ့ ပတ်သတ်ပြီး ပြန်လည်ပြီးတော့ ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။

phone min nay la facebook
phone min nay la facebook

ပရိသတ်တွေကြားမှာတော့ ခင်ဇာခြည်ကျော်က “သားလေးက အပြင်သွားတဲ့အခါ မုန့်ဖိုး ၁သိန်း၊၂သိန်းလောက်ပဲ တောင်းတယ် ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတွေ ဖေစ်ဘုတ်ပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။ အဒါကြောင့် ဘုန်းမင်းနေလကတော့ ဝေဖန်မှုတွေလည်း ရရှိနေတာဖြစ်ပါတယ်။

phone min nay la facebook

ဘုန်းမင်းနေလကတော့ ဒီအကြောင်းနဲ့ ပတ်သတ်ပြီး “ရတဲ့ပိုက်ဆံ အမေ့ကိုအကုန်အပ်တယ်
အပြင်သွာတော့မှကလေးလိုမုန့်ဖိုးပြန်တောင်းတယ် ပိုက်ဆံလည်းမကိုင်တတ်ဘူး အဲ့တာကို Page တွေကလူတွေအထင်လွဲအောင်လျှောက်တင်တာတော့မကောင်းပါဘူး ပြီးတော့ သူဌေးလည်းမဟုတ်ပါဘူးဗျာ” လို့ ပြန်လည်ဖြေရှင်းလိုက်တာဖြစ်ပါတယ်။ အထင်လွဲနေကြတဲ့ ပရိသတ်တွေအတွက် ဒီသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

READ
Box Office တွင် "Ralph Breaks the Internet" သုံးပတ် ဆက်တိုက် အောင်ပွဲခံ
phone min nay la facebook
phone min nay la facebook

Source: Phone Min Nay La

 

SHARE