Photoshop မသုံးပဲ အံ့မခန်းဓာတ်ပုံကောင်းတွေ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဆရာရဲ့ လျို့ဝှက်ချက်

စာဖတ်သူဟာ ဓာတ်ပုံပညာကို စိတ်ပါဝင်စားပေမယ့် ကင်မရာအတွင်းပိုင်းက အလုပ်လုပ်ပုံကိုတော့ သေချာမသိဘူးဆိုရင် အခုလိုရိုးရှင်းတဲ့ ဓာတ်ပုံရိုက်နည်းလေးဟာ များစွာအသုံးဝင်ပါလိမ့်မယ်။ မကြာသေးခင်က မင်္ဂလာဆောင်ဓာတ်ပုံဆရာတစ်ဦးဖြစ်တဲ့ မာသီးယက်စ်ဖာ့စ်ဟာ ဓာတ်ပုံတွေကို ရောင်ပြန်ထည့်ပြီး ရိုက်ကူးနိုင်တဲ့အကြောင်း သူ့တွေ့ရှိချက်ကို အခုလို မျှဝေခဲ့ပါတယ်။ သူ့လျို့ဝှက်ချက်ကတော့ ရိုးရှင်းပါတယ်။

Image credits: Mathias Fast

သူက ဖုန်းမှန်သားပြင်ကို ရောင်ပြန်မျက်နှာပြင်အဖြစ် အသုံးပြုပြီး ဓာတ်ပုံရိုက်ကူးခဲ့တာပါ။ ဒါကြောင့် ကိုယ်လိုချင်တဲ့မြင်ကွင်းကို ဘောင်ထဲဝင်အောင် ထားနိုင်တဲ့အပြင် ပြင်ပက မလိုလားအပ်တဲ့ အရာဝတ္ထုတွေနဲ့ ရှုပ်နေတာကိုလည်း ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ မားသီးယက်စ်ဟာ အခုလို ရောင်ပြန်ဓာတ်ပုံ ရိုက်ကူးနိုင်တာကို မင်္ဂလာဆောင်တစ်ခုမှာ သတို့သမီးကို ဓာတ်ပုံရိုက်နေရင်း သတိပြုမိခဲ့တာပါ။

Image credits: Mathias Fast

မားသီးယက်စ်ဟာ ဓာတ်ပုံပညာနဲ့ အသက်မွေးဝမ်းကြောင်း ပြုလာတာ (၆)နှစ်တာ ရှိပြီဖြစ်ပါတယ်။ “ကျွန်တော့်အိတ်ထဲမှာ ဖုန်းအမြဲတမ်း ရှိပါတယ်။ ဖုန်းက တော်တော်လေး အသုံးဝင်လို့ပါ။ ဒါပေမယ့် တရားလွန်ကြီး မသုံးမိအောင်လို့တော့ကျွန်တော် သတိထားရပါတယ်။ မင်္ဂလာဆောင် ဒါမှမဟုတ် ပုံတူတွေအတွက် ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ကျွန်တော်မကြာခဏ ဆိုသလို ဒီလိုeffect ကို သုံးလေ့ရှိပါတယ်။ ပုံတွေရဲ့ effects က အရမ်းသိမ်မွေ့တာမျိုးရှိသလို အရမ်းထင်ထင်ရှားရှားဖြစ်နေတာတွေလည်းရှိပါတယ်။”

READ
မင်းသမီးချော J-Lo နဲ့ ရုပ်ချင်းဆင်လို့ နေ့ချင်းညချင်း နာမည်ကြီးလာတဲ့ အမျိုးသမီး

ဒါ့အပြင် မားသီးယက်စ်က ၄င်းရောင်ပြန်ဓာတ်ပုံတွေကို ဖုန်းမျက်နှာပြင် တစ်ခုတည်းမှာသာမကပဲ ပြတင်းပေါက်၊ ပြောင်လက်နေတဲ့ ကျောက်စားပွဲတွေနဲ့ လက်ပတ်နာရီလို မျက်နှာပြင်တွေနဲ့ပါ ရိုက်ကူးနိုင်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံတွေကို စိတ်ကူးယဉ်ဆန်ဆန် ရိုက်ကူးနိုင်ဖို့ နည်းလမ်းရှာတွေ့ခဲ့ပါတယ်

Image credits: Mathias Fast

Photoshop သုံးဖို့မလိုပါဘူး

Image credits: Mathias Fast

ဖုန်းတစ်လုံးပဲလိုတာပါ

Image credits: Mathias Fast

ပုံမှာပြထားတဲ့ အနေအထားလို ကင်မရာမှန်ဘီလူးရဲ့အောက်ဘက်နားမှာ ဖုန်းကို အလျားလိုက် ကိုင်ထားပါ

Image credits: Mathias Fast

ရိုက်ကွင်းချောင်းကြည့်ပေါက်ထဲက ကြည့်တဲ့အခါ မြင်ကွင်းရဲ့ရောင်ပြန်ကိုတွေ့ရပါလိမ့်မယ်

Image credits: Mathias Fast

ကိုယ်လိုချင်တဲ့ ရောင်ပြန်ရအောင် ဖုန်းကို အမျိုးမျိုးချိန်ညှိ နိုင်ပါတယ်

Image credits: Mathias Fast
Image credits: Mathias Fast

လင်းလင်း (ShweMom)

Ref: BoredPanda

SHARE