မန္တလေးကို ရောက်နေတဲ့ ဖုန်းသီရိကျော်

ဖုန်းသီရိကျော်ကတော့ အဆိုတော် ဇော်ပိုင်ရဲ့ “ပြည့်စုံလွန်း” သီချင်းလေးနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလူသိများ လာခဲ့သူပါ။သီချင်းထဲမှာ အထူးတလည် လုပ်ယူထားတဲ့ အိုက်တင်မျိုးနဲ့မဟုတ်ပဲ  ပေါ့ပေါ့ပါးပါးလေးနဲ့ ပါတယ်။သူမရဲ့ ချစ်စ ရာအပြုံးချိုချိုလေးတွေ ကြောင့် အွန်လိုင်းပေါ်မှာ ချက်ချင်းနာမည်ကြီးသွားခဲ့သူပါ။

ပုရိသတွေရဲ့ တခဲနက်အားပေးမှုကို ရထားတဲ့ ဖုန်းသီရိကျော်ကတော့ သူမရဲ့ fb မှာ ပုံအသစ်လေးတွေ တင်ထားပါတယ်။ မန္တလေးကို ရောက်နေတဲ့ ပုံလေးတွေပါ။

ဖုန်းသီရိကျော်က ရန်ကုန် တက္ကသိုလ်၊ ဥပဒေဘာသာ၊ စတုတ္ထနှစ် ကျောင်းသူလေးပါ။ရိုးရိုးလေးနဲ့ လှနေတဲ့ ချစ်စရာ ကျောင်းသူလေးကတော့ အခုဆိုရင် ပုရိသတွေရဲ့ သဲသဲလှုပ်ဝန်းရံအားပေးမှုကို ပိုင်ဆိုင်ထားတဲ့ ဆယ်လီ တစ်ယောက် ဖြစ်လာခဲ့ပါပြီ။သူမရဲ့ fb အကောင့်မှာဆိုရင်တော့ Followers (2)သိန်းကျော်အထိ ပိုင်ဆိုင်ထားတာကို တွေ့ရပါတယ်။

READ
အင်စတာဂရမ်ဘုရင် ဒန်ဘဇီရီးယန်းအကြောင်း သင်မသိသေးတဲ့ (၁၀) ချက်

Source ဖုန်းသီရိကျော်

SHARE