ကာဒစ်ဖ်ဘောလုံးသမား ဆာလာ ရဲ့ အိမ်အပြန်ကို မျှော်နေရှာဆဲဖြစ်တဲ့ သနားစရာခွေးလေး

လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသွားပြီလို့ ယူဆရတဲ့ ကာဒစ်ဖ်ဘောလုံးသမား ဆာလာရဲ့ အဖြစ်အပျက်ကို တစ်ကမ္ဘာလုံးက ဘောလုံးပရိသတ်တွေ ဂရုဏာသက်ခဲ့ကြပြီး သူ့ကို ကာလရှည်အားပေးခဲ့ကြတဲ့ နန့်တက်စ်အသင်းပရိသတ်တွေက ပိုပြီးတော့ ကြေကွဲခဲ့ကြပါတယ်။

ဆာလာရဲ့ မိသားစုဝင်တွေကတော့ ဆာလာ တစ်ယောက် သေဆုံးသွားခဲ့တယ်ဆိုတာ မယုံနိုင်သေးပဲ တစ်နေ့နေ့မှာ အိမ်ကိုပြန်လာလိမ့်မယ်လို့ ထင်နေကြဆဲပါ။

အဲဒီ မိသားစုဝင်တွေလိုပဲ ဆာလာ တစ်ယောက် အိမ်ပြန်လာမှာကို စောင့်မျှော်နေသူတစ်ယောက်ရှိနေပါသေးတယ်။

Facebook

အဲဒါကတော့ ဆာလာရဲ့ အချစ်တော် ခွေးလေးပဲဖြစ်ပြီး နာလာ လို့ နာမည်ပေးထားတဲ့ အဲဒီခွေးလေးဟာ အိမ်အ၀မှာ နေ့တိုင်းလိုလို ထိုင်ပြီး သူ့သခင် ပြန်လာမယ့် လမ်းဆီကို မျှော်ကြည့်နေခဲ့တာပါ။

ပုံမှန်ဆိုရင် ညနေပိုင်းတွေမှာ ဆာလာ တစ်ယောက် အိမ်ပြန်လာတာနဲ့ သူ့ရဲ့ခွေးလေးက ကြိုလေ့ရှိပြီး ဆာလာနဲ့ လမ်းအတူ ထွက်လျှောက်တာ ၊ ကစားတာမျိုး လုပ်ကြတာပါ။

READ
မုန်တိုင်းကြားမှာတောင် အစားမပျက်တဲ့ကောင်လေးရဲ့ ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီး
TheSun

ဆာလာရဲ့ အစ်မ ဖြစ်သူကတော့ ဒီခွေးလေးဟာ ဆာလာနဲ့ နှစ်တွေအတော်ကြာ ရှိနေခဲ့တဲ့ ခွေးလေးဖြစ်ပြီး ဆာလာက အဲဒီခွေးလေးကို သူ့ရဲ့အိပ်ယာပေါ်အထိ တင်ပြီး အိပ်တတ်တယ်လို့ TheSun ကို ပြောဆိုထားပါတယ်။

ဆာလာရဲ့ အစ်မဖြစ်သူ ရိုမီနာ က သူမရဲ့ Facebook အကောင့်မှာ အိမ်အ၀ကနေ အမြဲထိုင်စောင့်နေရှာတဲ့ နာလာရဲ့ ဓာတ်ပုံတွေကို တင်သွားခဲ့ပြီး သူ့သခင် ပြန်လာမယ့်လမ်းကို မျှော်နေရှာတဲ့ နာလာရဲ့ ပုံလေးတွေဟာ ကြည့်ရှုသူတွေကို တကယ်ပဲ စိတ်မကောင်းဖြစ်စေခဲ့တာပါ။

Instagram

ဒီခွေးလေးရဲ့ ဓာတ်ပုံဟာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ခဏလေးနဲ့ ပျံ့နှံ့သွားခဲ့ပြီး သတင်းဝက်ဆိုက်တွေကလည်း ဆာလာနဲ့ သူ့ခွေးလေး နာလာ တို့ရဲ့အကြောင်းကို အသေးစိတ်ရေးသားဖော်ပြသွားခဲ့ကြပါတယ်။

Linn

Source : news.com

SHARE