သြဇီတောမီးရဲ့ မီးလောင်ငုတ်တိုတွေမှာ အညွှန့်အတက်တွေ ပြန်ထွက်လာတဲ့အဖြစ်

Facebook/Murray Lowe

လက်တလော လူမှုကွန်ရက်မှာ ပျံ့နှံ့လာတဲ့ဓာတ်ပုံတွေကတော့ အဆိုးထဲက အကောင်းလို့ ပြောရလေမလား၊ သြစတေးလျ တောမီးလောင်မှုမှာ ကျန်ရစ်ခဲ့တဲ့ မီးလောင်ငုတ်တိုတွေဆီကနေ အညွှန့်အတက်တွေ ပြန်ထွက်လာတဲ့ ဓာတ်ပုံးလေးတွေ ဖြစ်နေပါတယ်။ ဒီပုံလေးတွေဟာ သြစတေးလျ ပြည်သူတွေအတွက်တော့ အများကြီးမဟုတ်တောင် နည်းနည်း စိတ်သက်သာရစေမယ်လို့ ယုံကြည်ရပါတယ်။

မကြာသေးမီက သြစတေးလျ တောမီးလောင်နေတဲ့ ဒေသတစိတ်တစ်ပိုင်းမှာ မိုးအနည်းငယ် ရွာသွန်းခဲ့သည်ဆိုသော်လည်း အပူချိန်အနည်းငယ်ကျသွားတာကလွဲပြီး ထိရောက်တဲ့ အကူအညီမျိုးတော့ မရခဲ့ပါဘူး။ အခု ဒီဓာတ်ပုံလေးတွေကတော့ မိုးမရွာပေမယ့် မီးလောင်ငုတ်တိုလေးတွေက သူတို့တက်နိုင်သလောက် ကမ္ဘာမြေကြီးအတွက် ပြန်ပြီး ကုန်းရုန်းထလာခဲ့တာ ကြည်နူးဖွယ်ရပါ။

It's promising to see this State Forest regenerating after the bushfires. New shoots from the trunks of koala food trees, and the sprouting undergrowth brought a smile to our faces.

Posted by Koala Hospital Port Macquarie on Monday, December 9, 2019

ဒီအကြောင်းကို သြစတေးလျ အထင်ကရသတင်းဝက်ဆိုဒ်တစ်ခုဖြစ်တဲ့ news.com.au မှာ တင်ထားခဲ့တာပါ။ ဒီပုံလေးတွေ ကြည့်ချင်းအားဖြင့် သစ်တောသစ်ပင်တို့အနေနဲ့ မလွဲမရှောင်သာလို့ မီးဒဏ်ခံခဲ့ရပေမယ့်၊ သူတို့မှာ စိတ်ဓာတ်ကျဖို့ အချိန်မရှိ၊ သဘာဝတရားကြီးမှာ ပြန်လည်တည်ရှိဖို့ အစွမ်းကုန်ကြိုးစားနေတယ်ဆိုတာ မြင်သာစေမှာပါ။

 

ဒီဓာတ်ပုံတွေကို New South Wale မှာနေထိုင်တဲ့ Murray Lowe အမည်ရအမျိုးသားက Kulnara အနီးက မီးလောင်ပြင်သစ်တောမှာ  ရိုက်ကူးယူခဲ့တာလို့ သိရပါတယ်။ ဓာတ်ပုံဒါဇင်နဲ့ချီဟာ လူမှုကွန်ရက်အသီးသီးမှာ ပျံ့နှံ့နေပါတယ်။ Lowe က “ ဒီနေ့ မီးလောင်ပြင်ကို ရောက်ခဲ့တယ် … သြဇီတောအုပ်က မီးကို ဘယ်လိုတုန့်ပြန်နေတယ်ဆိုတာ မြင်ခဲ့ရပါတယ် … သူတို့ဘာသာ ရှင်သန်ဖို့ ကြိုးစားနေကြတာ ”လို့ ပြောခဲ့ပါတယ်။

Ventured out into the fire grounds today to capture some images of how the Aussie bush responds to fire, and the way it…

Posted by Murray Lowe on Monday, January 6, 2020

သူက ဆက်လက်ပြီး “ ဒီမှာ မိုးလုံးဝမရွာခဲ့ပေမယ့် သစ်ပင်တွေရဲ့ နှလုံးသားကို အခြေတည်ပြီး မီးလောင်အခေါက်တွေထဲကနေ အသက်ပြန်ရှင်ဖို့ ရုန်းကန်ထကြွလာခဲ့ပါတယ် … ဒီလိုနဲ့ ဘဝဆိုတဲ့သံသရာက အသစ်တစ်ဖန် အစပြန်ပြုလာခဲ့တာပါ … ဒါလေးကို ကြည့်ရတာဟာ သိပ်ကို ကြည်နူးစရာပါ”လို့ ပြောခဲ့ပါတယ်။ သူဟာ ဒီဓာတ်ပုံတွေကို ပြန်လည်ရောင်းချပြီး၊ မီးဘေးဒုက္ခသည်တွေကို ကူညီမှာပါတဲ့။

လင်းသုတ

SHARE