Pripyat တစ္ဆေမြို့ကို အနီအောက်ရောင်ခြည်သုံး ကင်မရာနဲ့ ရိုက်ကူးထားတဲ့ ဓာတ်ပုံများ

အခုတွေ့ရမယ့် ဓာတ်ပုံတွေမှာတော့ ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ထားတဲ့ ယူကရိန်းနိုင်ငံ Pripyat တစ္ဆေမြို့တော်ကို ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ဓာတ်ပုံတွေကိုတော့ Vladimir Migutin ဆိုသူက အနီအောက်ရောင်ခြည်ကင်မရာကို အသုံးပြု ရိုက်ကူးထားတာဖြစ်ပါတယ်။

ဓာတ်ပုံဆရာဟာ (၂)ရက်တာခရီးအဖြစ် ချာနိုဘိုင်းနြူကန့်သတ်နယ်မြေကို သွားရောက်ခဲ့ကာ Kolari version က 590-mm Infrared filter ကို အသုံးပြုကာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ၁၉၈၆ခုနှစ်က နျူပေါက်ကွဲမှုပြီးပြီးချင်းပဲ စက်ရုံရဲ့ လေ၀င်လေထွက် တွေကိုပိတ်ပစ်ဖို့ သင်တုန်းဓားပုံသဏ္ဍာန် သတ္တုအမိုးကြီးတစ်ခုကို အားချင်းပြုလုပ်ခဲ့ကြပါတယ်။

စက်ရုံမှာရှိနေတဲ့ အကြွင်းအကျန်ပစ္စည်းတွေဓာတ်ပြုတာကို ကာကွယ်ဖို့ သံသတ္တု(၇,၀၀၀) နဲ့ ကွန်ကရစ်(၄၀၀,၀၀၀) မီတာကို အသုံးပြုပြီး အမိုးခုံးကြီးကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စက်ရုံနေရာက မြေကြီး ကုဗမီတာ(၉၀,၀၀၀) ကိုဓာတ်သတ္တိကြွမှုတွေ မဖြစ်စေအောင် ဖယ်ရှားခဲ့ပါသေးတယ်။

Vladimir က လူသားတွေရဲ့ အကျိုးမရှိတဲ့ ဖန်တီးမှုတွေကြောင့် မိခင်သဘာဝတရားကြီးက အပျက်အစီးတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့အကြောင်း ဆိုလိုက်ပါတယ်။ သူ့အနေနဲ့ ချာနိုဘိုင်းကိုလာတဲ့အခါ ၁၉၈၆ ခုနှစ်တုန်းက ဖြစ်ပွားခဲ့တဲ့ အပျက်အစီးတွေကိုတွေ့မြင်ရပေမယ့် စိတ်ထဲမှာ မနှစ်မြို့မှု မဖြစ်မိကြောင်းနဲ့ တခြားဂြိုလ်ကိုရောက်နေသလိုမျိုး စိတ်ထဲမှာယူဆကြောင်း ပြောပြခဲ့ပါတယ်။

လင်းလင်း(ShweMom)

SHARE