(၆) လခန့် ကိုယ်အလေးချိန်လျှော့ချပြီးနောက် အံ့သြဖွယ်ပြောင်းလဲသွားတဲ့ မိသားစုတစ်စု

မိခင်လောင်းတွေသာ ကိုယ်အလေးချိန်တက်တတ်တာမဟုတ်ဘဲ ဖခင်လောင်းတွေပါ ကိုယ်အလေးချိန်တက်တတ်ပါတယ်။ Jesse ဆိုတဲ့ အမျိုးသားဟာ မနှစ်က သူနဲ့ဇနီးဖြစ်သူတို့ ရင်သွေးမမွေးဖွားခင်မှာ သူကိုယ်အလေးချိန်တက်လာတာကို သတိထားခဲ့မိပြီး ကျန်းမာသင့်တင့်တဲ့ ခန္ဓာကိုယ်မျိုးပြန်ရအောင် ကြိုးစားခဲ့ပါတယ်။

ဒါပေမယ့် အသက် (၃၂)အရွယ် Jesse ဟာ ကိုယ်အလေးချိန်လျှော့ချမယ့်လုပ်ငန်းစဉ်မှာ သူတစ်ယောက်တည်း လုပ်မယ့်အစား မွေးဖွားလာမယ့်ကလေးကို ကူညီစောင့်ရှောက်ဖို့ ရောက်ရှိနေတဲ့ သူ့မိခင်နဲ့ ဖခင်တို့ကိုပါ အတူတူပါဝင်လုပ်ဆောင်စေခဲ့ပါတယ်။ အရက်စွဲနေတဲ့ ဖခင်ဖြစ်သူဟာ ဝိတ်ကျသွားခဲ့မယ်ဆိုရင် ပိုမိုကောင်းမွန်တဲ့ ဘဝကို ရရှိလာနိုင်မယ်လို့လည်း Jesse က ထင်မြင်တာကြောင့်ပါ။

၎င်းမိသားစုဟာ လမ်းလျှောက်လေ့ကျင့်ခန်းက အစပြုပြီး အပြေးလေ့ကျင့်ခန်းပါ တိုးပြီး ပြုလုပ်ကာ နောက်ဆုံးမှာ အားကစားရုံမှာပါ စနစ်တကျ လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြပါတယ်။ တရုတ်နိုင်ငံ ရှာမန်မြို့မှာ နေထိုင်တဲ့ ဓာတ်ပုံဆရာတစ်ဦးဖြစ်သူ Jesse ဟာ သူတို့မိသားစုရဲ့ တိုးတက်ပြောင်းလဲလာမှုကို (၁၀)ရက် (၁) ကြိမ် ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

READ
၁၉၇၀ ခုနှစ်ဝန်းကျင်က စုံတွဲတွေ ဘယ်လို couple အင်္ကျီတွေဝတ်ပြီး ရိုမန်တစ်ဆန်ခဲ့ကြလဲ..

ကျန်းမာရေးလေ့ကျင့်မှုလုပ်ငန်းစဉ်ကို မတ်လကနေ စက်တင်ဘာလအထိသာ ပြုလုပ်မယ်လို့ စီစဉ်ထားခဲ့ကြပေမယ့် ၄င်းနောက်ပိုင်းမှာလည်း ဒီလိုကောင်းမွန်တဲ့ အလေ့အကျင့်ကို စွဲမြဲစွာ ဆက်လက်လုပ်ဆောင်ခဲ့ကြပါတယ်။ Jesse တို့ ဇနီးမောင်နှံဟာ မေလမှာ သားလေးတစ်ယောက် မွေးဖွားခဲ့ပြီး သူတို့မိသားစုရဲ့ တိုးတက်မှုဓာတ်ပုံတွေကို သူ့ရဲ့ Instagram အကောင့်မှာ တင်ခဲ့ပါတယ်။

မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းဟာ အံ့သြစရာကောင်းလောက်အောင် တိုးတက်ပြောင်းလဲသွားကြပြီး Jesse က ဖခင်ဖြစ်သူ ကျန်းမာရေးကောင်းလာကာ ယုံကြည်မှုရှိလာတာကို မြင်ရတာ အကောင်းဆုံးပါပဲလို့ ပြောခဲ့ပါတယ်။

White (Shwemom)

Ref: mirror.co.uk

SHARE