ကမ္ဘာ့ဓာတ်ပုံရိုက်လို့ အကောင်းဆုံး ဂန္တ၀င်ဆန်ဆန် လှပလွန်းတဲ့နေရာများ

အောက်မှာ တွေ့ရမယ့်ဓာတ်ပုံတွေကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဓာတ်ပုံရိုက်လို့ အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ နေရာတွေပါ။ ပုံကောင်းကောင်းလှလှထွက်အောင်လို့ ဆိုပြီး effect တွေ filter တွေ ဘာတစ်ခုမှ ထည့်စရာမလိုပဲ ဓာတ်ပုံစားတဲ့ နေရာလေးတွေပါ။ ဒီနေရာလေးတွေကိုရောက်အပြီး အိမ်ပြန်အလာမှာလည်း တစ်သက်လုံး အမှတ်တရအဖြစ်နဲ့ ကြည့်မ၀အောင် ဖြစ်ရစေမယ့် ရှုခင်းတွေလည်း ဖြစ်ပါတယ်။

Cappadocia, Turkey

delicious

သဘောဝအတိုင်းလှနေတဲ့ တောင်တန်းကြီးတွေနဲ့ လိုဏ်ဂူကြီးတွေဟာ နတ်သမီးပုံပြင်တွေထဲက အတိုင်းလိုပါပဲ။ အာရုဏ်ကျင်းစပြုနေတဲ့အချိန်လေးမှာ လှပတဲ့သဘာဝအလင်းအမှောင်ရဲ့ အားကိုးနဲ့ မိုးပျံပူဖောင်းတွေကို နောက်ခံထားပြီး အလှဆုံးဆိုတဲ့ ဓာတ်ပုံလေးတွေ ရိုက်ကူးနိုင်ပါတယ်။

Angkor Wat, Cambodia

delicious

အန်ကောဝပ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ဘာသာရေးအဆောက်အဦးကြီးတွေထဲက တစ်ခုပါ။ ဘုရားကျောင်းကြီးထဲက အဆောက်အအုံတွေကို ထိုးဖောက်ဝင်ရောက်နေတဲ့ သဖန်းပင်ကြီးရဲ့ ဧရာမအမြစ်ကြီးတွေကလည်း အံ့သြစရာတွေထဲက တစ်ခုပါပဲ။

India

delicious

အာဂရာမြို့မှာတည်ရှိတဲ့ အဖြူရောင်ကျောက်သားနဲ့ ဆောက်လုပ်ထားတဲ့ Taj Mahal ဟာ ထူးခြားရှားပါးလွန်းတဲ့ ရှေးအနုလက်ရာကို ပိုင်ဆိုင်ထားပါတယ်။ တစ်ကမ္ဘာလုံးက လေးစားရတဲ့ ကာလရှည်ကြာတည်ရှိခဲ့တဲ့ အဆောက်အဦးကြီးလည်း ဖြစ်ပါတယ်။

READ
အာရှတစ်ခွင်သွားရောက်လည်ပတ်သင့်တဲ့နေရာများ

Salar de Uyuni, Bolivia

delicious

ကမ္ဘာ့အကြီးဆုံး ဆားချပ်ကြီးတွေ ရှိရာနေရာဖြစ်ပြီး ဓာတ်ပုံရိုက်လို့ ကောင်းလွန်းတဲ့နေရာလို့လည်း ဆိုနိုင်ပါတယ်။ ခြောက်သွေ့တဲ့ ရာသီတွေမှာတော့ ဆားချပ်ကြီးတွေကို အခုလို ဂျီသြမေတြီပုံစံလေးတွေအတိုင်း တွေ့မြင်ရမှာဖြစ်ပါတယ်။ စိုစွတ်တဲ့ရာသီမှာတော့ ဆားချပ်ကြီးတွေရဲ့ မျက်နှာပြင်မှာ မှန်လိုမျိုး ကြည်လင်တောက်ပနေပြီး ကောင်းကင်ရဲ့ အရိပ်ဟာ လာထင်ဟပ်နေလေ့ရှိပါတယ်။

Santorini, Greece

delicious

အဖြူရောင်အဆောက်အဦးတွေကြား ထိုးထွက်နေတဲ့ အပြာရောင်အိမ်ခေါင်မိုးလေးတွေရယ်၊ ပင်လယ်ပြင်ကြီးကို မေးတင်ထားတဲ့ ကျောက်စွန်းကြီးတွေပေါ်ကနေ မြင်ရတဲ့ ရိုမန်းတစ်ဆန်လွန်တဲ့ မြင်ကွင်းတွေရယ်က Santorini ကို အီဂျီယန်ပင်လယ်တောင်ပိုင်းက သုခံဘုံလေးအလား ဖြစ်စေခဲ့ပါတယ်။

Arizona, US

delicious

ဒီနေရာမှာတော့ ကမ္ဘာလှည့်ခရီးသည်တွေဟာ Grand Canyon ရဲ့ သဘာဝအတိုင်း လှပနေတဲ့ အလှအပကို တွေ့ရမှာပါ။ အရစ်လိုက် အခွေလိုက်နဲ့ လှိုင်းတွန့်ကြီးတွေလို တွေ့ရတဲ့ ကျောက်သားကျောက်ဆောင်ကြီးတွေဟာ ဂြိုလ်ကမ္ဘာတစ်ခုကအလား ထင်မှတ်စရာပါပဲ။

Paris, France

delicious

အချစ်မြို့လို့ တင်စားခေါ်ဝေါ်ကြတဲ့ ပါရီမြို့လေးကတော့ ဓာတ်ပုံချစ်သူတွေ သွားရောက်လည်ပတ်သင့်တဲ့ နေရာကောင်းလေးတစ်ခုပါ။ အထူးသဖြင့် နေ၀င်ချိန်မှာ Basilique du Sacre-Coeur ကနေ တစ်မြို့လုံးကို စီးမိုးပြီးမြင်ရတဲ့အရသာဟာ ဘာနဲ့မှ မလဲနိုင်မှာ အသေချာပါ။

READ
ရှေးဟောင်းအီဂျစ်အုတ်ဂူတွေကို အများပြည်သူတွေ လေ့လာနိုင်ဖို့ ပြန်လည်ဖွင့်လှစ်မည်

Iceland

delicious

ဆန်းကြယ်ပြီး လှပလွန်းတဲ့ ရောင်စဉ်အလင်းတန်းတွေကို အိုက်စ်လန်မှာ စက်တင်ဘာလကနေ ဧပြီလအတွင်း တွေ့မြင်နိုင်ပါတယ်။ ရောင်စုံပြေးနေတဲ့ အလင်းတန်းတွေကတော့ ဓာတ်ပုံဆရာတွေအဖို့ အလှဆုံးဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့ သဘာဝကပေးတဲ့ အခွင့်ထူးကြီးတစ်ခုပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: delicious

SHARE