ဓာတ်ပုံကောင်းကောင်းလေး တစ်ပုံရဖို့ ဘာခက်သလဲလို့ ထင်စရာရှိပါတယ်။ ဓာတ်ပုံရိုက်ခံမယ့် သူကလည်း အလှပဆုံး ပြုံးပြုံးလေးနဲ့နေ ရိုက်မယ့်သူကလည်း ဖုန်းလေးကိုထုတ် ကလစ်လေးတစ်ချက်နှိပ် ဒါလောက်ပါပဲ။ ဒါပေမယ့် တစ်ခါတစ်လေ အဲ့ဒီလို သာမန်ရိုးကျဓာတ်ပုံတွေ ရိုက်တဲ့အခါမှာတောင် မမျှော်လင့်တာလေးတွေက ဖြစ်သွားတတ်ပါသေးတယ်။ ဥပမာ ပြောရရင် Brightside ကနေတဆင့် တွေ့မြင်ရတဲ့ ဒီလိုရယ်စရာပုံလေးတွေပါ။
မင်းသမီးလေးလို လှလှလေးပြုံးလို့ ပြောလိုက်ကာမှ…

နောက်က ဘုန်းတော်ကြီးးး

Filter လေးနဲ့ အလှသားပဲ…

ခွေးပေါက်ကလေးနဲ့ ဓာတ်ပုံရိုက်ဖို့ ကြိုးစားစဉ်

ဆိုရှယ်မီဒီယာက ဓာတ်ပုံအတိုင်း ပြန်ဖန်တီးဖို့ ကြိုးစားခဲ့ပေမယ့်…

မင်္ဂလာဆောင်ကို ကလေးတွေ မခေါ်ချင်ရတဲ့ အကြောင်းရင်း

အုပ်စုလိုက် ဓာတ်ပုံထဲ သူမပါလို့ဆိုပြီး ဖိုတိုရှော့ခဲ့တဲ့ မေမေ…

လူပျိုရံတွေက သူ့လိုပဲ ခုန်နေတယ်အထင်နဲ့ တစ်ယောက်တည်း ထခုန်ခဲ့တဲ့ သတို့သား…

သတို့သားနဲ့ သတို့သားပုံကို လှလို့ snapshot လိုက်တာ….

ဒီလို သူငယ်ချင်းမျိုး ရှိကြတယ် ဟုတ်…

လင်းလင်း (ShweMom)