ကမ္ဘာကြီးရဲ့ အလှအပကို ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် ဖော်ပြထားတဲ့ ဓာတ်ပုံများ

ကမ္ဘာအကြီးအကျယ်ဆုံး အခမ်းအနားဆုံး ဓာတ်ပုံပြိုင်ပွဲတွေထဲမှာ Sony World Photography Awards ချီးမြှင့်တဲ့ပွဲလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီနှစ်ထဲမှာလည်း (၁၂) ကြိမ်မြောက် ပြိုင်ပွဲကို ကျင်းပနေပြီး ပြီးခဲ့တဲ့ (၁၂) လ အတွင်းက ရိုက်ကူးပြီး ၀င်ရောက်ယှဉ်ပြိုင်ထားတဲ့ ပုံတွေထဲက အကောင်းဆုံးကို ရွေးချယ်ပေးတဲ့ ပြိုင်ပွဲအမျိုးအစားဖြစ်ပါတယ်။

ဒီနှစ်ထဲမှာ ပြိုင်ပွဲ ကဏ္ဍလေးခုကို ၀င်ရောက် ယှဉ်ပြိုင်တဲ့ ဓာတ်ပုံအရည်အတွက် (၃၂၆,၀၀၀) ကျော်အထိရှိခဲ့ပြီး စံချိန်တင်တဲ့ နှစ်တစ်နှစ်တောင်ဖြစ်ခဲ့တယ်လို့သိရတယ်။ ဒီလို များပြားလွန်ခဲ့တဲ့အတွက်ကြောင့် ပြိုင်ပွဲအတန်းအစားအလိုက် ဆန်ကာတင်ရွေးချယ်ဖို့တောင် ရက်တွေ ခွဲပြီး သတ်မှတ်ခဲ့ရကြောင်းသိရပါတယ်။  ဆုရသူအားလုံးကိုတော့ ဧပြီလ (၁၇) ရက်နေ့မှာ ဖော်ပြပေးမှာ ဖြစ်ကြောင်းသိရပါတယ်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာတုန်းက အန္တာတိကတိုက်ရှိ Snow Hill မှာ အအေးလွန်ကဲချိန်တွေ့ရတဲ့ ပင်ဂွင်းတစ်စု
NADIA ALY

စကာတင် ရွေးချယ်ထားတဲ့ ပုံ (၆၀၀) ကျော်ကို London မြို့မှာရှိတဲ့ Somerset House မှာ မေလ (၆) ရက်နေ့ မတိုင်ခင် ရှိုးပွဲကျင်ပပြီး အကဲဖြတ် ဆက်လက်ရွေးချယ်မှာဖြစ်ကြောင်း သိရပါတယ်။ ပရိသတ် (၃) သောင်းကျော်လောက် တက်ရောက်နိုင်ခွင့်ရဖို့လည်း မျှော်လင့်ထားကြောင်းသိရပါတယ်။ ဗြိတိန် ပြိုင်ပွဲဝင်တွေရဲ့ လက်ရာ အများဆုံးတွေ့ရပြီး ဆုအတွက် ဆန်ကာတင်ရွေးချယ်ထားတဲ့ ပြိုင်ပွဲဝင် ဓာတ်ပုံတစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ရပါတယ်။

READ
ရင်သပ်ရှုမောဖွယ်ကောင်းလွန်းနေတဲ့ နိုင်အာဂါရာရေတံခွန်ကြီးရဲ့ ဆောင်းရေခဲအလှ
စတာလင် ရေတံခွန်
ROBERT SAUNDERS
တိုက်ငါး အလှ
DHIKY ADITYA
ယူနန်နိုင်ငံက နေ့စား အလုပ်ခွင်တစ်ခု
ENG CHUNG TONG
စပိန်နိုင်ငံ Mar Menor ကမ်းမြောင်မှာ တွေ့ရတဲ့ ရေခူ
ANGEL M.FITOR
အီရန်နိုင်ငံမှာ Nowruz ဆိုတဲ့ ရိုးရာပွဲတော် ကျင်းပချိန်
ALIMOHAMMAD KARAMI
ရိုမေးနီယားနိုင်ငံရှိ မိုင်းတွင်းလုပ်ငန်း အနီးက အဆိပ်သင့်နေတဲ့ ရေကန်
ANTONIO GANDORE
Oslo မြို့ရှိ ရေခဲနေတဲ့ တောအုပ်အသေးလေးကို အထက်စီးမှ မြင်ရပုံ
SVEIN NORDRUM
ဂရိနိုင်ငံမှာ သားအဖ နှစ်ယောက် ရိုးရာ ဆိတ်နို့လုပ်ငန်းကို လုပ်ကိုင်နေကြပုံ
GEORGIOS PAPAPOSTOLOU
မိုးသည်းသွားတဲ့ တနင်္ဂနွေနေ့ မနက်
MARLENA KUROWSKA-JANKOWIAK
ဂျပန်နိုင်ငံက နာမည်ကျော်အနုပညာရှင်  Yayoi Kusama ရဲ့ တင်ဆက်နေပုံ
HARDIJANTO BUDYMAN
တရုတ်နိုင်ငံက ရဲတပ်ဖွဲ့တစ်ဖွဲ့ ပြင်းထန်တဲ့ ကာယလေ့ကျင့်ရေးဆင်းနေပုံ
QIN FAN

ဟာဝိုင်ယီက ရေအောက်မှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ MUSE ဆိုတဲ့ နာမည်နဲ့ ဓာတ်ပုံ စီးရီးလိုက်ရှိပါတယ်။

CHRISTY LEE ROGERS
အီရန်သူနဲ့ ယဉ်ကျေးမှု ဓလေ့ရိုးရာ
HASAN TORABI
လူရဲ့ လှုပ်ရှားမှုတိုင်း ပြောင်းလဲမယ့် မီးများ
YUKIHITO ONO
ခို၊ ဓာတ်ကြိုး၊ မြစ်ပြင်ပေါ်ကျနေတဲ့အရိပ်နဲ့ ဓာတ်ပုံဆရာရဲ့ အမြင်
ALESSANDRO ZUNINO
တောင်ကိုရီးယာနိုင်ငံ ဆိုးလ်မြို့ရှိ Gyeongbokgung နန်းတော်ရဲ့ ၀င်ပေါက်နားမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ပါတယ်။

ဧရာမ ငါးမန်းကြီးနဲ့ ကြုံကြိုက်ချိန်
MARCO ZAFFIGNAN
ဒီ ဓာတ်ပုံက ပိုလန်နိုင်ငံက ရဲတပ်ဖွဲ့တစ်ခုရဲ့ အကျင်းဖက်နှိမ်နင်းရေး လှုပ်ရှားမှုပြပွဲမှ ဖြစ်ပါတယ်။
PIOTR CYGANIK

Ref: The Sun

READ
သဘာဝတရားကြီးရဲ့ အလှတွေကို ဖော်ကျူးနေတဲ့ ဆုရ မိုးလေဝသဓာတ်ပုံများ
Matthew 
SHARE