တရုတ်နိုင်ငံထဲမှာ အတွေ့ရများတဲ့ ထူးထူးဆန်းဆန်း လူနေမှုစနစ်များ

© alreadytakenusername / reddit , © Not4world / pikabu

တရုတ်နိုင်ငံဟာ အိမ်နီးချင်းနို်င်ငံ (၁၄) နိုင်ငံနဲ့ နယ်မြေဆက်စပ်နေပါတယ်။ တရုတ်နိုင်ငံထဲက ဒေသခံတွေဟာ သူတို့ရဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုနဲ့ အစဉ်အလာတွေကို ထိန်းသိမ်းစောင့်ရှောက်ကြသူတွေပါ။ ဒါပေမယ့် သူတို့ရဲ့ယဉ်ကျေးမှုအချို့နဲ့ လူနေမှုစနစ်ကတော့ နိုင်ငံခြားသားတစ်ယောက်အနေနဲ့ အံ့သြဖွယ်ရာပါပဲ။ အောက်ဘက်မှာတော့ brightside ကတဆင့် တွေ့မြင်ရတဲ့ ထူးခြားတဲ့ တရုတ်နိုင်ငံထဲက လူနေမှုစနစ်တွေကို ဖော်ပြပေးလိုက်ပါတယ်။

တရုတ်လူမျိုးတွေက ဆောင့်ကြောင့်ထိုင်တဲ့ အိမ်သာတွေကို ပိုနှစ်သက်ကြပါတယ်။

brightside

တိုက်ခန်းတော်တော်များများမှာ ရေနှစ်ပြီးစိမ်လို့ရတဲ့ ရေချိုးကန်တွေမရှိပါဘူး။ ရေပန်းတော့ ရှိပါတယ်။ ရေချိုးခန်းကို အိမ်သာနဲ့ တွဲထားရင်လည်း ထားပါတယ်။

© KaptanJakPskorey / pikabu

ပြတင်းပေါက်တွေမှာ သံဇကာတွေတပ်ထားလေ့ ရှိပါတယ်။ အဓိကက ကလေးတွေကို အဆောက်အဦးပေါ်က လိမ့်မကျစေအောင်လို့ပါ။

© raysikh / pikabu

တရုတ်လူဦးရေ ဘယ်လောက်များတယ်ဆိုတာ အနုပညာကျောင်းတစ်ကျောင်းမှာ ၀င်ခွင့်ဖြေနေတာကို ကြည့်ရင် သိနိုင်ပါတယ်။

© alreadytakenusername / reddit

တရုတ်နိုင်ငံရဲ့ သဘာဝတရားဟာ ထူးဆန်းအံ့သြစရာကောင်းပါတယ်။ ပုံမှာတွေ့ရတာက Zhangjiajie အမျိုးသားဥယျာဉ်ဖြစ်ပါတယ်။ Avatar တောင်တန်းတွေလို့ပဲ ခေါ်နိုင်ပါတယ်။ မြင်ကွင်းတွေက လှလွန်းလို့ ကမ္ဘာပေါ်မှာ တကယ်ရှိတဲ့အရာလားလို့တောင် ယုံရခက်ခက်ပါ။

© ahhlew / reddit
© ethan_kahn / reddit

မဟာတံတိုင်းရဲ့ နေရာတော်တော်များများက ဧည့်လမ်းညွှန်တွေထဲမှာ ပါသလို မဟုတ်ပါဘူး။

© MontyHudson / reddit © wikipedia

ပန်ဒါဝက်ဝံတွေဟာ တရုတ်နိုင်ငံရဲ့ အမျိုးသားရတနာတစ်ပါး ဖြစ်ပါတယ်။

© Chris_Isur_Dude / reddit

အနောက်တိုင်းသားတွေအဖို့ အထူးအဆန်းဖြစ်စေမယ့် အဆောက်အဦးမျိုးတွေ တရုတ်နိုင်ငံမှာ ရှိပါတယ်။ ဒါကတော့ Guangzhou Yuan ဖြစ်ပါတယ်။ ကမ္ဘာ့အ၀ိုင်းဆုံး အမြင့်ဆုံးအဆောက်အဦး ဖြစ်ပါတယ်။

© ResinArtist / reddit

တရုတ်လူမျိုးတွေက ကိုယ့်ဘာသာကိုယ် နှိပ်ရတာကို သဘောကျကြပါတယ်။

© thedavehughes / reddit

သူတောင်းစားတွေက WeChat စနစ်ကနေ အလှူငွေလက်ခံပါတယ်။

© raysikh / pikabu

တရုတ်နိုင်ငံထဲက ဒေသခံအချို့ဆိုရင် စကားပြောတဲ့အခါ အရမ်းကို ကျယ်လောင်ကြပါတယ်။ မသိရင် ရန်ဖြစ်နေသလားလို့တောင် ထင်ရတဲ့အထိ ပြောဆိုကြပါတယ်။

© AndrewPro / pikabu

ကလေးတွေပျောက်မှာစိုးလို့ မိဘတွေက ကလေးတွေကို ကြိုးနဲ့တွဲထားလေ့ ရှိပါတယ်။

© Not4world / pikabu
© Not4world / pikabu

လင်းလင်း (ShweMom)

SHARE