ငုဝါပန်းလေးတွေနဲ့ အပြိုင် ချစ်စရာကောင်းနေတဲ့ စိုးပြည့်သဇင်

ပရိသတ်ရဲ့အသဲကျော် မင်းသမီးချော စိုးပြည့်သဇင်ကတော့ ရိုးရိုးရှင်းရှင်းနေတတ်ပြီး ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားရသူပါ။ သူမကတော့ အနုပညာအလုပ်မှာဆိုရင် ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်နိုင်သူမို့ ပရိသတ်တွေရဲ့အချစ်ကို ရရှိထားတာပဲဖြစ်တယ်။

အမြဲ ရိုးရှင်းတဲ့အလှလေးနဲ့ ချစ်စရာအပြုံးလေးကို ပိုင်ဆိုင်ထားရတဲ့သူမကတော့ အခုမှာလည်း ငုဝါပန်းလေးတွေနဲ့ အပြိုင် သနပ်ခါးပါးကွက်ကြားလေးနဲ့ ချစ်စရာကောင်းနေပြန်ပါတယ်။ သူမရဲ့လူမှုကွန်ရက်ပေါ်မှာ ငုဝါပန်းရဲ့ တာဝန်ကျေမှုကို အခုလိုပြောပြထားပါသေးတယ်။ ” သင်္ကြန်ဆိုတာပိတောက်ပန်းနဲ့မှပနံသင့်ပေမဲ့….ငုဝါလေးတွေကလည်းတာဝန်ကျေစွာလှပေးနေပါတယ် ” လို့ ရေးသားမျှဝေခဲ့ပါတယ်။ ဧပြီ (၁၇)ရက်နေ့မှာ တင်ထားတာပါ။

ငုဝါတွေကို ချစ်တတ်တဲ့သူမကတော့ ငုဝါပင်အောက်မှာ ချစ်စရာကောင်းနေခဲ့ပါတယ်။ သူမရဲ့ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

source : Soe Pyae Thazin

SHARE