ကမ္ဘာကျော်ပေမယ့် လမ်းမှာတွေ့ရင် မှတ်မိမှာတောင်မဟုတ်တဲ့ ဒီဇိုင်နာကြီးများ

ကမ္ဘာကျော်ဖက်ရှင်ဒီဇိုင်နာတိုင်းက လူကြားထဲ ထင်ထင်ပေါ်ပေါ်နေလိုသူတွေ မဟုတ်ပါဘူး။ လူတွေ အများစုဟာ ကမ္ဘာကျော်အမှတ်တံဆိပ်တွေပါတဲ့ လူသုံးကုန်ပစ္စည်းတွေကို စွဲစွဲလန်းလန်း ၀ယ်ယူကြပေမယ့် ဒီအမှတ်တံဆိပ်တွေနောက်ကွယ်က တီထွင်ဖန်တီးသူ ဒီဇိုင်နာတွေကိုတော့ မှတ်မိသိရှိသူ နည်းပါးပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ ဒီတံဆိပ်တွေနောက်ကွယ်က ဖန်တီးရှင်တွေဟာ ဘယ်လိုပုံစံမျိုးရှိမလဲဆိုပြီး တွေးမိသူတွေ ရှိမယ်ထင်ပါတယ်။

အခုအခါမှာတော့ ကမ္ဘာကျော် တန်ဖိုးကြီး အ၀တ်အစားအမှတ်တံဆိပ်တွေရဲ့ နောက်က ဒီဇိုင်နာကြီးတွေကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့များ သူတို့ကို လမ်းမှာ အမှတ်တမဲ့တွေ့မိရင်တောင် သာမန်လူတွေနဲ့ ခွဲခြားဖို့ တော်တော်ခက်လိမ့်မယ်ဆိုတာတော့ ၀န်ခံလိုက်ပါတယ်။

Marc Jacobs, age 55

instagram

အသက်(၂၃) နှစ်အရွယ်မှာ စပွန်ဆာတွေရဲ့ အားပေးထောက်ပံ့မှူနဲ့ Marc Jacobs အမှတ်တံဆိပ်ကို စတင်ခဲ့ပါတယ်။ အသက်(၂၄) နှစ်မှာတော့ အမေရိကား ဖက်ရှင်ဒီဇိုင်နာကောင်စီက ပေးအပ်တဲ့ဆုကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံး ဒီဇိုင်နာတစ်ယောက်အဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။

Christian Louboutin, age 56

© LAURENT BENHAMOU/SIPA/EAST NEWS

သူဟာ ငယ်စဉ်ကတည်းက ChanelYves Saint Laurent နဲ့ Maud Frizon တို့မှာ freelance ဒီဇိုင်နာတစ်ဦး အနေနဲ့ အမျိုးသမီးဝတ်ဖိနပ်တွေကို ဒီဇိုင်းရေးဆွဲနေပါပြီ။ အသက်(၂၇) နှစ်မှာတော့ ကိုယ်ပိုင်ကုမ္ဗဏီတစ်ခုကို တည်ထောင်ဖို့ ဆုံးဖြတ်ခဲ့ပြီး စတိုးဆိုင်ဖွင့်ခဲ့ပါတယ်။ မကြာခင်မှာပဲ တော်ဝင်မျိုးနွယ်တွေနဲ့ ဟောလီးဝုဒ်အကျော်အမော်တွေအတွက်ပါ ဖိနပ်တွေ ဖန်တီးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ အနီရောင်အောက်ခံဆိုးလ်နဲ့ ဖိနပ်ဟာ တစ်ကမ္ဘာလုံးမှာ အကျော်ကြားဆုံး ဖြစ်ခဲ့ပါတယ်။

Michael Kors, age 59

© CJ CONTINO/EVERETT COLLECTION/EAST NEWS

Kors ဟာ ဆယ်ကျော်သက်အရွယ်မှာကတည်းက အ၀တ်အစားတွေကို ဒီဇိုင်းရေးဆွဲပြီး အိမ်မြေအောက်ထပ်မှာ ချုပ်လုပ်ရောင်းချခဲ့ပါတယ်။ အသက်(၁၇) ခုနှစ်မှာတော့ နယူးယောက်စီးတီးက ဖက်ရှင်နည်းပညာကျောင်းကို ၀င်ခဲ့ပါတယ်။ ဒါပေမယ့် () လအကြာမှာ ကျောင်းထွက်ခဲ့ပြီး ဖက်ရှင်ဆိုင်တစ်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့ပါတယ်။ () နှစ်အကြာမှာတော့ ကိုယ်ပိုင် တံဆိပ်ဖြစ်တဲ့ Michael Kors ကို ဖန်တီးပြီး အမျိုးသမီး အ၀တ်အထည် အသုံးအဆောင်တွေကို ဖန်တီးခဲ့ပါတယ်။

Tommy Hilfiger, age 67

© EAST NEWS

အသက်(၂၀) အရွယ်မှာ Hilfiger ဟာ ကိုယ်ပိုင်အ၀တ်အထည်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့် () နှစ်အကြာမှာတော့ စတိုးဆိုင်ဟာ အရှူံးပေါ်ခဲ့တာကြောင့် ပိတ်ပစ်ခဲ့ရပါတယ်။ ဒါနဲ့ နယူးယောက်ကို ပြောင်းရွှေ့ပြီး ဖက်ရှင်တံဆိပ်ပေါင်းများစွာဆီမှာ အလုပ်ဝင်ခဲ့ပါတယ်။ အသက်(၂၈) နှစ်မှာတော့ ကိုယ်ပိုင် အ၀တ်အထည်ကုမ္ဗဏီတစ်ခုကို တည်ထောင်ခဲ့ပြီး “Tommy Hill” လို့ အမည်ပေးခဲ့ပါတယ်။ () နှစ်အကြာမှာတော့ စပွန်ဆာတွေရဲ့ အကူအညီနဲ့ Tommy Hilfiger Corporation ကြီးကို တည်ထောင်နိုင်ခဲ့ပြီး ထိုစဉ်ကစလို့ ကမ္ဘာ့အကျော်ကြားဆုံး အ၀တ်အထည်အမှတ်တံဆိပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။

Christian Lacroix, age 67

© LAURENT BENHAMOU/SIPA/EAST NEWS

Christian ဟာ အရင်တုန်းက ပြတိုက်မှာ အလုပ်လုပ်ချင်ခဲ့တာပါ။ အသက်(၂၂) နှစ်ရောက်တဲ့အခါမှာတော့ ပါရီိကိုပြောင်းရွှေ့ပြီး အနုပညာသမိုင်း အဓိကနဲ့ ကျောင်းတက်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အ၀တ်အထည်ဒီဇိုင်းတွေနဲ့ ပတ်သက်ပြီး အရမ်းဝါသနာပါလာကာ အသက်(၂၄) နှစ်အရွယ်မှာတော့ ကိုယ်ပိုင်အင်္ကျီဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

Miuccia Prada, age 69

© JBMPHOTOS/JBM PHOTOS/EAST NEWS

သူမဟာ Mario Prada ရဲ့ မြေးတစ်ဦးဖြစ်ပြီး မိသားပိုင်စီးပွားရေးဖြစ်တဲ့ တန်ဖိုးကြီးလူသုံးကုန်ပစ္စည်းဒီဇိုင်း လုပ်ငန်းကို အသက်(၂၉) နှစ်မှာ စတင်ဦးဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သူမဟာ ငယ်ရွယ်စဉ်တုန်းကတော့ ပြဇာတ်အနုပညာရှင်တစ်ဦးဖြစ်ချင်ခဲ့ပြီး Teatro Piccolo မှာ နှစ်ပေါင်းများစွာကြာအောင် သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အသက်(၄၀) အရွယ်မှာတော့ အမျိုးသမီးဝတ် collection ကို ဒီဇိုင်းရေးဆွဲခဲ့ပြီး နောင်() နှစ်အကြာမှာ အမျိုးသားဝတ် collection ကိုပါ ထုတ်ဝေခဲ့ပါတယ်။ (၂၀၁၄) ခုနှစ်မှာတော့ သူမဟာ ဖို့ဘ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင်ဆုံး အမျိုးသမီးစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။

Jimmy Choo, age 70

© MARTIN HARRIS/CAPITAL PICTURES/EAST NEWS

Choo ဟာ အသက်(၁၁) နှစ်အရွယ်မှာ ပထမဆုံး ဖိနပ်တစ်စုံကို ဒီဇိုင်းရေးဆွဲခဲ့ပါတယ်။ သူဟာ မလေးရှားကနေ ဗြိတိန်ကို ပြောင်းရွှေ့ပြီး Cordwainers Technical College မှာ ပညာဆည်းပူးခဲ့ပါတယ်။ ဘွဲ့ရပြီးနာက်ပိုင်းမှာတော့ သူဟာ ဒီဇိုင်းကုမ္ဗဏီတစ်ခုမှာ အလုပ်ဝင်ပြီး မကြာခင်မှာပဲ ကိုယ်ပိုင် ဖိနပ်ဆိုင်တစ်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ သူ့ရဲ့ ဖိနပ်ဒီဇိုင်းနဲ့ စွမ်းရည်ကို အားလုံးဟာ လန်ဒန်ဖက်ရှင်ရက်သတ္တပတ်မှာ သတိထားမိလာပြီးနောက်ပိုင်း သူဟာ ကမ္ဘာကျော်လာခဲ့တာ ဖြစ်ပါတယ်။

Calvin Klein, age 76

© CJ CONTINO/EVERETT COLLECTION/EAST NEWS

Calvin ဟာ လူငယ်ဘ၀တုန်းက နယူးယောက်မှာရှိတဲ့ ဖက်ရှင်ဆိုင်ပေါင်းများစွာတို့ဆီမှာ အလုပ်လုပ်ခဲ့ပါတယ်။ အသက်(၂၆) နှစ်မှာတော့ Calvin Klein Inc ဆိုတဲ့ ကုမ္ဗဏီကို သူငယ်ချင်းဖြစ်တဲ့ Barry K.Schwartz နဲ့ နယူးယောက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အစပိုင်းတုန်းကတော့ ကုမ္ဗဏီဟာ အမျိုးသားဝတ်တွေကိုပဲ သီးသန့်ရောင်းချခဲ့ပြီး နောက်ပိုင်းမှာတော့ အမျိုးသမီးဝတ်တွေကိုပါ ထည့်သွင်းချုပ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။

Pierre Cardin, age 96

© SIPA PRESS PIXELFORMULA/SIPA/EAST NEWS

အသက်(၁၄) နှစ်အရွယ်မှာ Pierre ဟာ အပ်ချုပ်ဆိုင်တစ်ဆိုင်မှာ အ၀တ်အစားဒီဇိုင်းတွေရဲ့ အခြေခံတွေကို နားလည်သဘောပေါက်ဖို့ အလုပ်သင်တစ်ဦးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ထို့နောက်မှာတော့ Pierre ဟာ မိဘအိမ်ကနေ ထွက်ခွာပြီး ဗီချီမြို့မှာ အထည်ချုပ်သမားတစ်ဦးအဖြစ် အသက်မွေးခဲ့ပြီး မ၀တ် အထည်တွေကို စတင်ဒီဇိုင်းရေးဆွဲပါတယ်။ အသက်(၂၄) နှစ်မှာတော့ Christian Dior အလုပ်ခန်းရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ () နှစ်အကြာမှာတော့ ကိုယ်ပိုင်ဖက်ရှင်ဆိုင်တစ်ဆိုင်ကိုပါ ဖွင့်လှစ်နိုင်ခဲ့ပြီး မကြာခင်မှာပဲ ကမ္ဘာကျော်လာခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

READ
နယူးအင်္ဂလန်က ကြောက်မက်ဖွယ်ရာအကောင်းဆုံးနေရာ(၁၀)ခု

Ref: Brightside

SHARE