ကမ္ဘာလှည့်ခရီးသည်တွေ နှစ်သက်စရာ ဖြစ်လာနေတဲ့ ပေါက်ပေါက်ဆုပ်ကမ်းခြေ

ကနေရီကျွန်းများကမ်းခြေဟာ အင်တာနက်ပေါ်မှာတော့ ပေါက်ပေါက်ဆုပ်ကမ်းခြေဆိုပြီး နာမည်ကြီးပါတယ်။ ခရီးသွားဘလော့ဂါတွေနဲ့ အင်စတာဂရမ်သရဲတွေကတော့ ကမ်းခြေက သာမန်နဲ့မတူလို့ဆိုပြီး လာရောက်လည်ပတ်မှု များပါတယ်။ ရင်သပ်ရှူမောဖွယ် သွင်ပြင်သဏ္ဍာန်နဲ့ ပေါက်ပေါက်ဆုပ်ကမ်းခြေက Fuerteventura ကျွန်း Corralejo မြို့မှာပါ။

ပင်လယ်ရေတိုက်စားခံရတဲ့ အဖြူရောင် သန္တာကျောက်တွေဟာ ကမ်းခြေက အနက်ရောင်သဲပွင့်၊ မီးတောင်ကျောက်တွေနဲ့ ပေါင်းပြီး ပေါက်ပေါက်ဆုပ်ပုံစံ သဲပွင့်ကြီးတွေ ဖြစ်လာတာပါ။ Fuerteventura ကျွန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာထဲက စပိန်ကနေရီကျွန်းတွေထဲမှာတော့ ဒုတိယမြောက်အကြီးဆုံး ကျွန်းကြီး ဖြစ်ပါတယ်။

ပေါက်ပေါက်ဆုပ်ကျွန်းနဲ့ ပတ်သက်လို့ အင်စတာဂရမ်ပေါ်က ဗီဒီယိုဖိုင်မှာတော့ ကမ်းခြေက အနက်ရောင်ကျောက်ဆောင်တွေကို ပင်လယ်ရေလှိုင်းတွေက ရိုက်ခတ်နေတာကို တွေ့ရပါတယ်။ ကမ်းခြေမှာ ပြန့်ကျဲနေတဲ့ အဖြူရောင်သန္တာကျောက်နဲ့ မီးတောင်ကျောက် အပိုင်းအစလေးတွေကလည်း မြင်ရသူကို ကြည်နူးဆွတ်ပျံ့စရာကောင်းတဲ့ မြင်ကွင်းမျိုး ပေးစွမ်းနိုင်ပါတယ်။

ဆိုရှယ်မီဒီယာတွေပေါ်မှာ ထူးခြားတဲ့ ကမ်းခြေဆိုလို့ ဒီပေါက်ပေါက်ဆုပ်ကမ်းခြေပဲ ရှိတာလားဆိုတော့ မဟုတ်ပါဘူး။ ဂရိဆန်တိုရီနီကျွန်းကလည်း အနီနဲ့ အနက်ရောင် သဲတွေရှိတဲ့ ကမ်းခြေတွေကြောင့် ကျော်ကြားပါတယ်။ ဆိုင်ကလက်ဒစ်ခ်ကျွန်းဆိုရင်လည်း အင်္ဂါဂြိုလ်နဲ့တူလို့ဆိုပြီး ကမ္ဘာလှည့်ခရီးသည်တွေ ထောင်နဲ့ချီ သွားလေ့ရှိတဲ့ ကျွန်းပါ။ အနီရောင် ကျောက်ဆောင်တွေနဲ့ အနက်ရောင်ကတ္တီပါသားခင်းထားသလို မီးတောင်သဲတွေကြောင့်လည်း အထူးအဆန်းအနေနဲ့ လူသူအရောက်အပေါက်များတာ ပါပါလိမ့်မယ်။

လင်းလင်း (ShweMom)

READ
ပိုင်ရှင်မဲ့ခွေးဂေဟာရှိတဲ့ ပစိဖိတ်သမုဒ္ဒရာထဲက Turks & Caicos ကျွန်း

Ref: Dailymail

SHARE