သဘာဝတရားကြီးသာလျှင် အင်အားအကြီးဆုံးဖြစ်ကြောင်း မျက်မြင်တွေ့နိုင်မယ့်ပုံများ

@youknowcyc/Instagram, lorrenzo/Reddit

စာပေတွေထဲ၊ ပြောစကားတွေထဲမှာ မိခင်သဘာဝတရားကြီးဟာ အင်အားကြီးတဲ့အတရာတွေထဲ အင်အားအကြီးတကာ့အကြီးဆုံးတစ်ခု ဖြစ်တယ်လို့ ဖတ်ဖူး၊ ကြားဖူးကြပါလိမ့်မယ်။ လူတွေဟာ စစ်ပွဲတွေ၊ ရန်ပွဲတွေဆီကနေ ထွက်ပြေးလို့ရချင်ရမယ်၊ ပြန်ခံတိုက်ပြီး အနိုင်ယူလို့ရချင်ရမယ်၊ သဘာဝဘေးအန္တရာယ်နဲ့ကြုံလာတဲ့အခါမှာတော့ ကိုယ်ကိုယ်တိုင်မထိခိုက်ဖို့အတွက် အိုးအိမ်တွေစွန့်ကာ ထွက်ပြေးတိမ်ရှောင်လေ့ ရှိတတ်ကြပါတယ်။ လေဆင်နှာမောင်းကို နိုင်တဲ့လူသား၊ ဆူနာမီတွေ၊ မီးတောင်တွေ မဖြစ်ဖို့တားနိုင်တဲ့လူသား အခုအချိန်မထိ မရှိသေးပါဘူး။ ဒီအပြင် ဒီလိုသဘာဝဘေးအန္တရာယ်တွေမဟုတ်ဘဲ သစ်ပင်တွေနွယ်ပင်တွေစတဲ့ သဘာဝတရားကြီးရဲ့ သွေးကြောတွေဟာလည်း သိပ်ကိုသန်မာလွန်းလှပါတယ်။

Quentin Chabrot

ဒီလိုမျိုး သဘာဝတရားကြီးရဲ့ အင်အားကြီးမားပုံတွေကို မျက်မြင်တွေ့နိုင်ဖို့အတွက် Bored panda ကနေပြီး ပုံလေးတွေကို ကိုးကားဖော်ပြပေးလိုက်ပါတယ်နော်။

digitalanthil

ဂျပန်ကသစ်တောတစ်ခုထဲကမြင်ကွင်း

98naykkan

နော်ဝေးကစွန့်ပစ်ထားတဲ့အိမ်အိုလေးပါ။

iam4real

ပင်လယ်သမုဒ္ဒရာထဲ နစ်မြုပ်နေတဲ့ သင်္ဘောကြီးထဲကတောင် အပင်တွေကြီးထွားနိုင်ပါသေးတယ်။

sheenhai

Mangrove သစ်တောထဲက ဗုဒ္ဓဆင်းတုတော်ကို သစ်မြစ်တွေဝါးမြိုနေခဲ့တာပါ။

Fire_Bucket

ဘယ်အရာမဆို လူသားတွေမရှိတော့ရင်၊ လူသားတွေစွန့်ပစ်လိုက်ရင် သဘာဝတရားကြီးကတော့ သူ့ရဲ့ရင်ခွင်တည်း ဆွဲသိမ်းလိုက်ပုံပါပဲ။

READ
မျိုးသုဉ်းတော့မယ့် တိရိစ္တာန်စာရင်းထဲ ပထမဆုံးအကြိမ်ပါလာတဲ့ သစ်ကုလားအုတ်လေးများ
lorrenzo

လူအသုံးမပြုတော့တဲ့ စက်လှေကားတွေဆိုရင်လည်း ပေါင်းပင်တွေနဲ့ ပြည့်နှက်နေတာမျိုး

espinas3

စက်ဘီးလေးကိုပစ်ထားမိရင်လည်း သစ်နွယ်ပင်တွေက အုပ်ခြုံပေးလိုက်တာမျိုး။

martez89

တံတားကို သစ်ခေါက်တွေဖုံးလွှမ်းသွားတာကို တစ်ယောက်ယောက်က မျက်လုံးလေးတပ်ပေးလိုက်တော့ ချစ်စရာလေးဖြစ်နေရော။

pendingperi

နတ်သမီးပုံပြင်တွေထဲက အိမ်လေးကျလို့..

Autogegner

Namibia ကန္တာရမှာရှိနေတဲ့ Kolmanskop မြို့လေးပါ။ အရင်တုန်းက အိုအေစစ်ရှိခဲ့ဖူးတာကြောင့် တွင်းတူးသမားတွေစတည်းချရာ မြို့လေးဖြစ်ခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် စွန့်ခွာခဲ့ကြပြီး လက်ရှိအခြေအနေတစ်ခုပါ။

meminaltan

နာမည်ကြီး Chernobyl ဒေသက ပုံလေးတွေပါ။

avoidingregret.com, http://grandcanyon.free.fr, swagiliciously

Penny

SHARE