တကယ်တော့ အင်တာနက်ဆိုတာ မသုံးတတ်ရင် တကယ့်ကိုကြောက်ဖို့ကောင်းတဲ့ တွင်းနက်ကြီးတစ်ခုဖြစ်ပေမယ့်လို့ အသုံးချတတ်တဲ့အခါကျပြန်တော့လည်း အကျိုးကျေးဇူးတွေ အများကြီး ဖြစ်ထွန်းလာနိုင်ပါတယ်။ ဥပမာ ဒီအမျိုးသားရဲ့ဘဝကိုပဲကြည့်။

သူ့နာမည်ကတော့ Yury ပါတဲ့။ ရုရှားမှာနေထိုင်ပါတယ်။ အသက်ကတော့ အခုဆိုရင် ၄၂ နှစ်ရှိလို့နေနေပါပြီ။ သာမန်လူတွေ အသက် ၄၂ နှစ်ဆိုရင် မိသားစုနဲ့ အလုပ်မှာလည်း ရာထူးခပ်မြင့်မြင့် ဒါမှမဟုတ် ကိုယ်ပိုင်အလုပ်လုပ်ပြီးတော့ ဝင်ငွေအသင့်အတင့်နဲ့ သက်တောင့်သက်သာနေနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ Yury ရဲ့ ဘဝကတော့ တော်တော်လေးကိုကြမ်းတမ်းနေဆဲပါပဲ။ အထူးသဖြင့်ပြီးခဲ့တဲ့ နှစ်တွေတုန်းကပါ။


Yury ဟာရုရှားကမြို့လေးတစ်မြို့မှာ စည်ပင်သာယာဝန်ထမ်းသဘောမျိုးလုပ်ပါတယ်။ ဒီတော့ သူများတွေ အိပ်ကောင်းတဲ့မနက်အစောကြီးမှာ Yury တစ်ယောက် တံမြက်စည်းတွေလှည်း နှင်းတွေဖယ်ပေးနဲ့ တော်တော်လေးကို ပင်ပင်ပမ်းပမ်းရှင်သန်ခဲ့ရတာပါ။ တစ်ရက်တုန်းကဆိုရင် သူ့ကို လူမိုက်အုပ်စုတစ်စုက ရန်စပြီးတော့ ထိုးကြိတ်ကာ ပုဆိန်နဲ့ ခုတ်သတ်ဖို့တောင် လုပ်ခဲ့တာပါ။ နောက်ပိုင်းလည်း ကြုံရင်ကြုံသလို ခြိမ်းခြောက်ခံနေရတဲ့အတွက် Yury ဟာ သူအရင်နေထိုင်ခဲ့တဲ့ မြို့လေးကိုပြန်ပြောင်းရွှေ့လာခဲ့ပါတယ်။

အဲဒီမှာ Yury ဘဝပြောင်းသွားစေဖို့အတွက် လမ်းစလေးစဖြစ်လာခဲ့တော့တာပါပဲ။ ဓာတ်ပုံဆရာ Roman Filippov ဟ၀ာ Yury နဲ့ သူငယ်ငယ်လေးကတည်းက ခင်နေခဲ့တာပါတဲ့။ Roman ရဲ့ မိခင်ဟာ မသန်စွမ်း ကလေးတွေကျောင်းမှာ အလုပ်လုပ်ခဲ့တော့ Yury ဟာလည်း developmental disorder ကို ခံစားနေရကာ မိဘမဲ့လည်းဖြစ်တာကြောင့် Roman မိခင်အလုပ်လုပ်တဲ့ကျောင်းမှာ နေခဲ့ရတာပါ။ အခုတော့ Roman တစ်ယောက် ဖက်ရှင်ဓာတ်ဆရာတစ်ယောက်ဖြစ်လို့နေပြီပေါ့။ Yury ကို စစတွေ့တုန်းကဆိုရင် ပိန်လှီနေပြီးတော့ စုတ်ပြတ်နေတဲ့အတွက် သူ့မှာ တော်တော်လေးကို စိတ်မကောင်းဖြစ်ခဲ့ရတယ်တဲ့။ စကားလည်း ပြောကြည့်လိုက်ရော Yury မှာ အကြွေးတွေပတ်လည်ဝိုင်းနေကာ မိသားစုကလည်း အဆင်မပြေတဲ့အတွက် တော်တော်လေးကို ကြပ်တည်းနေခဲ့တာပါတဲ့။

ဒီလိုနဲ့ Yury နဲ့သူ စကားတွေ တော်တော်ပြောဖြစ်ခဲ့ကြတယ်ပေါ့လေ။ မနက်တိုင်း Yury အလုပ်လုပ်နေတဲ့ပုံလေးတွေကို ဘာရယ်မဟုတ် ဓာတ်ပုံလိုက်ရိုက်ရင်းနဲ့ Roman ဟာ အကြံတစ်ခုစဉ်းစားရမိခဲ့ပါတယ်။ အဲဒါကတော့ Yury ကို အလှဓာတ်ပုံတွေရိုက်ပေးပြီးတော့ ငွေရှာပေးမှာပါ။
Yury ကို ပြင်ပေးဆင်ပေးရင်းနဲ့ အလှဓာတ်ပုံတွေ ရိုက်ကူးကာ ရုရှားရဲ့အလှူခံ website ပေါ်တင်ပေးရင်းနဲ့ အလှူငွေတွေစပြီးရှာပေးခဲ့ပါတယ်။ နောက် Yury ရဲ့ ဓာတ်ပုံစားလှတဲ့ မျက်နှာပေါက်ကြောင့် ဖက်ရှင်ကုမ္ပဏီတွေနဲ့ မဂ္ဂဇင်းတစ်ချို့ရဲ့ ကမ်းလှမ်းခြင်းကို ခံလာခဲ့ရပါတော့တယ်။



View this post on Instagram
အခုတော့ Yury ဟာ အကြွေးတွေ ကြေသွားတဲ့အပြင်ကိုမှ တစ်ဖက်မှာလည်း ကိုယ်ပိုင် အိမ်သေးသေးလေးတစ်ခုကို ဝယ်လိုက်နိုင်ခဲ့ပါပြီ။ Bored panda မှ ကိုးကားဖော်ပြပေးလိုက်ပါတယ်။
penny