တစ်ရက်ခြားပြီး မယုံနိုင်စရာ ပြောင်းလဲမှုတွေ ကြုံတွေ့ခဲ့ရတဲ့ နေရာတွေရဲ့ဓာတ်ပုံများ

(၂၄)နာရီအတွင်းမှာ တစ်မြို့လုံးပျက်သွားနိုင်လောက်အောင် ထင်မှတ်မထားတတ် ပြောင်းလဲမှုတွေ ဖြစ်တတ်ပါတယ်။ ဒီပုံတွေကတော့ မျက်စိတစ်မှိတ်အတွင်းမှာတင် မျက်စိရှေ့မှာ ရှိသမျှအရာတွေက ချက်ချင်းပြိုလဲပျက်စီးသွားနိုင်တာကို သက်သေပြနေပါတယ်။

(၁) စိန့်ဟယ်လန်မီးတောင်ပေါက်ကွဲမှု

© vulkania © offthegridnews

ဝါရှင်တန်ပြည်နယ်ရှိ စိန့်ဟယ်လန်မီးတောင်ဟာ (၁၉၈၀)ခုနှစ်ရဲ့ နွေဦးတုန်းက ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ချော်ရည်တွေ၊ ကျောက်တုံးတွေနဲ့ ဓာတ်ငွေ့များစွာပေါက်ကွဲထွက်လာမှုကြောင့် မီးတောင်တစ်ဝိုက်ပတ်ဝန်းကျင်ကို လုံးဝပြောင်းလဲသွားစေခဲ့ပါတယ်။

(၂) ဆာဟာရသဲကန္တာရအပူချိန်ကွာခြားမှု

© animalreader © telesurtv

အာဖရိကသဲကန္တာရတွေထဲမှာလည်း နှင်းကျနိုင်ပါတယ်။ ဒီပုံကတော့ တစ်ရက်ပဲခြားပြီး ဆာဟာရသဲကန္တာရထဲမှာ အပူချိန်ပြင်းထန်စွာ ပြောင်းလဲခဲ့လို့ နှင်းတွေကျခဲ့ပါတယ်။

(၃) ဂျပန်ဆူနာမီ

© daypic

ပစိဖိတ်သမုဒ္ဒရာအတွင်း လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ဖြစ်ပေါ်လာတဲ့ဆူနာမီက ဂျပန်နိုင်ငံအတွက် ကြီးမားတဲ့ပျက်စီးမှုကို ဖြစ်စေခဲ့တာပါ။ မီတာ (၄၀)အမြင့်ရှိ လှိုင်းလုံးကြီးတွေက တစ်မြို့လုံးကို ဝါးမြိုသွားခဲ့ပါတယ်။

(၄) ဟာရီကိန်းမုန်တိုင်း ဟာဗီ

© pensionpulse © ru.narodna-pravda.ua

(၂၀၁၇)ခုနှစ် သြဂုတ်လတုန်းက တက္ကဆက်မြို့မှာ ဟာရီကိန်းမုန်တိုင်း ဟာဗီဝင်ရောက်တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် မြို့ထဲမှာ ကမ္ဘာပျက်ထားတဲ့အတိုင်း ရေကြီးမှုကြီးဖြစ်ကျန်ခဲ့ပါတယ်။

READ
သကြားလုံးပုံစံပြုလုပ်ထားတဲ့ မူးယစ်ဆေးတွေအတွက် ရဲများက အရေးပေါ်သတိပေးနေ

(၅) ဟေတီငလျင်

© pokazima © novate

ဟေတီနိုင်ငံဟာ (၂၀၁၀)တုန်းက အပြင်းထန်ဆုံးငလျင်ကြုံတွေ့ခဲ့ရပြီး လူပေါင်း (၅)သိန်း ငလျင်ဒဏ်ခံခဲ့ရပါတယ်။ အချိန်အနည်းငယ်အတွင်း လှုပ်ခတ်ခဲ့ပေမယ့် တစ်နိုင်ငံလုံး နာလန်မထူနိုင်တဲ့အထိဖြစ်ခဲ့ရပါတယ်။

(၆) အိန္ဒိယသမုဒ္ဒရာငလျင်

© dailymail

အိန္ဒိယသမုဒ္ဒရာထဲမှာ လှုပ်ခတ်ခဲ့တဲ့ငလျင်ဟာ ကမ္ဘာ့အပြင်းထန်ဆုံး ဆူနာမီတွေထဲက တစ်ခုဖြစ်ပါတယ်။ အင်ဒိုနီရှား၊ သီရိလင်္ကာ၊ အိန္ဒိယတောင်ပိုင်းနဲ့ ထိုင်းနိုင်ငံတို့ရဲ့ ကမ်းရိုးတန်းတွေအကုန်လုံးကို ရေဖုံးလွှမ်းသွားစေခဲ့ပါတယ်။

(၇) ဟာရီကိန်းမုန်တိုင်း ကတ်ထရီနာ

© dailymail

(၂၀၀၅)ခုနှစ်တုန်းက နယူးအော်လိန်းမှာ တိုက်ခတ်ခဲ့တဲ့မုန်တိုင်းဟာ အမေရိကန်မှာ တိုက်ခတ်ခဲ့သမျှဟာရီကိန်းတွေအနက် အပြင်းထန်ဆုံးဟာရီကိန်းဖြစ်ပါတယ်။ တစ်မြို့လုံးလည်း ရေလွှမ်းသွားခဲ့ပြီး လူတွေတစ်ဦးနဲ့ တစ်ဦးကူညီကာ ပြန်လည်ထူထောင်ဖို့ ကြိုးစားခဲ့ကြရပါတယ်။

White (Shwemom)

Ref: Bright Side

SHARE