ကမ္ဘာကြီးပြောင်းလဲစေခဲ့ပြီး နောက်ကွယ် ဇာတ်ကြောင်းတွေ ရှိနေတဲ့ ဓာတ်ပုံများ

ဓာတ်ပုံတွေဟာ သူတို့ရဲ့နောက်ကွယ်က တည်ရှိနေတဲ့ အဖြစ်အပျက်တွေကို ပုံဖော်ပြတာကြောင့် ထင်ရှားကြသလို များသောအားဖြင့် လူတွေက အဲ့ဒီ အဖြစ်အပျက်တွေကို လက်မခံကြပါဘူး။ အားလုံးကို ဓာတ်ပုံကို အမြင်တွေ၊ အချိန်တွေနဲ့ ဆုံးဖြတ်ကြပါတယ်။ ဓာတ်ပုံတွေက သမိုင်းကို ဖန်တီးနိုင်ပါတယ်။ ကမ္ဘာကြီးဟာ အလှပဆုံးနေရာတစ်ခုဖြစ်ပေမယ့် ကြောက်စရာအကောင်းဆုံးလို့လည်း ဆိုနိုင်ပါတယ်။ အခု ဖော်ပြချင်တဲ့ ဓာတ်ပုံတွေကတော့ အလှအပနဲ့ ကြောက်မက်ဖွယ်ရာ နှစ်မျိုးစလုံး ကိန်းအောင်းနေတဲ့ ဓာတ်ပုံတွေပဲဖြစ်ပါတယ်။

 

  • ဂျပန်တွေ လက်နက်ချပြီး အမေရိကန်နဲ့ စစ်ကြီး ပြီးသွားခဲ့ပါပြီ။ အဲ့ဒီ့အချိန် ဇာတ်ရုံထဲကပြေးထွက်လာတဲ့ George က ပထမဆုံး တွေ့တဲ့ သူနာပြုကို ဖမ်းဆွဲပြီး အခုလို အနမ်းပေးခဲ့တာဖြစ်ပါတယ်။

 

  • လူမဲ အခွင့်အရေးတွေကို ထောက်ခံအားပေးလို့ Norman ဟာ နောင်ကျင်းပမယ့် အိုလံပစ်ပွဲတွေကနေ ပိတ်ပင်ခံရပါတယ်။  ဒီ ဓာတ်ပုံကတော့ ၁၉၆၈ ခုနှစ် အိုလံပစ်တုန်းက ဓာတ်ပုံဖြစ်ပါတယ်။ Tommie Smith နဲ့ John Carlos တို့ဟာလည်း black power ကို အလေးပြုခဲ့ကြပါတယ်။

 

  • Edwina နဲ့ Nehru တို့ ဟာသတွေ ပြောဆိုနေခဲ့ကြတဲ့ပုံဖြစ်ပါတယ်။ Louis က တခြားကြည့်နေချိန်မှာပေါ့။ ဒါကို Nehru က Edwina Mountbatten နဲ့ တိတ်တဆိတ် မေတ္တာမျှနေတယ်ဆိုပြီး ဖော်ပြခဲ့ကြပါတယ်။

 

  • ဒီ ဓာတ်ပုံကတော့ အိုင်းစတိုင်းရဲ့ အသက် ၇၂ နှစ်ပြည့် မွေးနေ့ပွဲတုန်းက ရိုက်ကူးခဲ့တြာ့ဖစ်ပါတယ်။ ဓာတ်ပုံဆရာတွေက ပြုံးပါလို့ ပြောတဲ့အချိန် အခုလို အမူအယာကို လုပ်ပြခဲ့တာဖြစ်ပါတယ်။ ကင်မရာသမားတွေ မမှီလိုက်ဘူးထင်ပြီး ခက်သွက်သွက်လုပ်ပြပြီး တစ်ဖက်ကို ချာခနဲလှည့်သွားခဲ့တယ်လို့သိရတယ်။ တချို့ကတော့ ပင်ပန်းနေလို့ အခုလို လုပ်တာလို့လည်း ဆိုကြပါတယ်။

 

  • ၂၃ နာရီလောက် အချိန်ကြာမြင့်စွာ ခွဲစိတ်ခန်းဝင်ရပြီးနောက် ဆရာဝန်က ငုတ်တုတ်ထိုင်နေတာဖြစ်ပါတယ်။ လက်ထောက် ဆရာဝန်ကတော့ ထောင့်မှာ အိပ်မောကျနေလေရဲ့။

 

  • ဒီပုံကတော့ ကမ္ဘာ့ ကုန်သွယ်ရေးတာဝါကို ဒုတိယမြောက် လေယာဉ် ၀င်တိုက်ပြီးနောက် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

  • ဒီ ဓာတ်ပုံကတော့ Martin Luther King သူရဲ့ နာမည်ကျော် “I have a dream” ဆိုတဲ့ မိန့်ခွန်းကို ဟောပြောနေတဲ့အချိန် ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

 

  • ၂၇ နှစ်ကြာပြီးနောက် ပြန်လည် လွတ်မြောက်လာချိန်မှာ တွေ့ရတဲ့ Nelson Mandala

 

  • အမေရိကန်နိုင်ငံ ၀ါရှင်တန် ဒီစီမြို့ရှိ ပန်တာဂွန် စစ်ဌာနချုပ် အပြင်မှာ ဗီယက်နမ်နဲ့ စစ်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်နေစဉ် ရိုက်ကူးခဲ့တဲ့ ၁၉၆၇ ခုနှစ်က ဓာတ်ပုံဖြစ်ပါတယ်။ Marc Riboud ဆိုတဲ့ ဓာတ်ပုံဆရာက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။

  • ၄ ရက်တာ ကြာမြင်ခဲ့တဲ့ မွမ်ဘိုင်းမြို့ အကြမ်းဖက် တိုက်ခိုက်ခဲ့ရမှု

 

  •  အမေရိကန်နိုင်ငံမှာ လိင်တူ လက်ထပ်ခွင့်ပေးပြုလိုက်ပြီးနောက်…. ၀မ်းမြောက် ၀မ်းသာဖြစ်နေကြတဲ့ Siegel (၇၆ နှစ်) နဲ့ Kopelov (၈၄ နှစ်)

  • (၁၉၈၉)ခုနှစ်က တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ တီယန်မင် ရင်ပြင်အရေးအခင်းမှာ ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။ ဒီဓတ်ပုံထဲမှာတော့ အမည်မသိလူတစ်ယောက်ဟာ တီယန်မင် ရင်ပြင်က ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့လာတဲ့ တင့်ကားတွေကို တားမြစ်နေတဲ့ ပုံပါ။ TankMan ဆိုတဲ့ နာမည်နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ဓာတ်ပုံလည်း ဖြစ်ပါတယ်။

Ref: RCVJ

READ
ဒုတိယမြောက်အဆိုးရွားဆုံး သင်္ဘောနစ်မှုအဖြစ် သတ်မှတ်ခံထားရတဲ့ MC Doña Paz
Matthew (ShweMOM)
SHARE