အဖြူ၊အမဲဓာတ်ပုံတွေဟာ အားလုံးနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်ပါတယ်။ ဒီဓာတ်ပုံတွေကို ကြည့်တာနဲ့ ဟိုတုန်းက လူတွေရဲ့ ၀တ်ပုံစားပုံနဲ့ စိတ်ဓာတ်အနေအထားတွေကို အကဲခတ်နိုင်ပါတယ်။ ယနေ့ခေတ်လို နည်းပညာတွေ မထွန်းကားသေးတဲ့အတွက် အချို့ဓာတ်ပုံတွေဆိုရင် ခုခေတ်မျက်စိနဲ့ ကြည့်တဲ့အခါ အူကြောင်ကြောင် နိုင်လှပါတယ်။ အဲဒီတော့ အောက်က ဓာတ်ပုံတွေကို ကြည့်ပြီး အချိန်ခရီးနောက်ပြန်လှည့်ကြည့်ရအောင်။
(၁၉၉၁) ခုနှစ်က ပေါင်(၄၄၀) ၀ိတ်အလေးချိန်ရှိတဲ့ ရေကူးဝတ်စုံ

(၁၉၆၀) ခုနှစ်တွေတုန်းက လေယာဉ်တွေမှာ သတ်မှတ်ထားတဲ့ လုံခြုံရေး

ရေလွှာလှိုင်းစီးခြင်းအကြောင်း ရူပဗေဒသဘောတရားကို လက်တွေ့သရုပ်ပြနေတဲ့ ကယ်လီဖိုးနီးယားက ကျောင်းဆရာတစ်ဦး

(၁၉၅၄) ခုနှစ်တုန်းက ရိုက်ကူးခဲ့တဲ့ သည်းထိတ်ရင်ဖို ဇာတ်ကား “Creature From The Black Lagoon”

ရိုလာကိုစတာပေါ်က ဂုဏ်သရေရှိ အမျိုးသမီးကြီးများ

ယနေ့ခေတ်ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး meme က ဒီပုံကနေ စလာတယ်ထင်ပါရဲ့

စကားမပြောချင်ပဲ တစ်ယောက်တည်း နေချင်တဲ့အခါ ခုခေတ်လို စမတ်ဖုန်းတွေ မဟုတ်ပဲ သတင်းစာဖတ်နေကြတာပါ

အထူးပြုလုပ်ထားတဲ့ ဗီရိုကြီးထဲက အိပ်ရာပါ။ (၁၉) ရာစုနှစ်တုန်းက ပြင်သစ်မှာ ပေါ်ပြူလာဖြစ်ခဲ့တဲ့ ပရိဘောဂဖြစ်ပြီး ချမ်းအေးတဲ့ ရာသီဥတုရှိတဲ့ နေရာတွေမှာ အနွေးဓာတ်ရနိုင်ဖို့ တီထွင်ခဲ့တာပါ။

(၁၉၈၇) ခုနှစ်က ဂျာမနီအရှေ့ပိုင်းမှာ ကွန်ပြူတာတွေကို ပွဲလှည့်ပြသနေစဉ်

(၁၉၃၈) ခုနှစ်က လော့စ်အင်ဂျလိစ်မှာ တွေ့ရတဲ့ တစ်ယောက်စီးဆိုင်ကယ်

(၁၉၃၇) ခုနှစ်က စိတ်ကျဝေဒနာကို တိုက်ဖျက်ဖို့ဆိုပြီး ထူးထူးဆန်းဆန်း မျက်နှာဖုံးအုပ်ထားတဲ့ အမျိုးသမီး

(၂၀) ရာစုအစောပိုင်းမှာ တွေ့မြင်ရတဲ့ အားကစားမယ်တွေရဲ့ လှူပ်ရှားဟန်များ

လင်းလင်း (ShweMom)
Ref: brightside