အထင်နဲ့အမြင်ကို တက်တက်စင်အောင် လွဲမှားစေမယ့်ဓာတ်ပုံများ

ဒီတစ်ခါမှာတော့ အပျော်အနေနဲ့ Shwemom ပရိသတ်ကြီးအတွက် တစ်ယောက်တည်း၊ အဖွဲ့လိုက် ဟားလို့ရမယ့် ဓာတ်
ပုံလေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်လို ဇာတ်ဝင်ခန်းကြီးလဲ

အောက်ဖော်ပြပါပုံကတော့ သေချာမကြည့်ဘဲ ချက်ချင်းမျက်နှာလွှဲမိသူတွေအတွက် ဘာလဲဟဆိုပြီး ဒုတိယအကြိမ် ထပ်
ကြည့်မိစေမယ့် ဓာတ်ပုံပါ။ တကယ်တော့ သူငယ်ချင်း သုံးယောက် နောက်ပြောင်ဆော့ကစားနေတာဖြစ်ပြီး အောက်မှာ
ပတ်လက်အနေအထားနဲ့ အမျိုးသားရဲ့ လက်မောင်းက မြင်ရသူကို ရင်ဖိုစေပါလိမ့်မယ်။

(၂) လျှပ်တစ်ပြက် ရိုက်ချက်

တကယ်တော့ လျှက်တစ်ပြတ် ရိုက်ချက်ဆိုတာ ဒါမျိုးကို ခေါ်တာပါ။ ကလေးမသုံးယောက်ကို ဓာတ်ပုံရိုက်ပေးနေစဉ်
ဘေးက မက်တပ်ရပ်နေသူကို လွတ်အောင် မဖယ်ခိုင်းခဲ့တာက ပြဿနာပါဘဲ။ ဒီကြားထဲမှာ ကွယ်ရာမှာရောက်နေတဲ့ ကလေးက သူလည်း ဓာတ်ပုံထဲမှာ ပါချင်ကြောင်းပြောပြီး ကလေးမတွေအနားကို ချဉ်းကပ်ဖို့ လက်ကမ်းလိုက်ခြင်းဟာ အ
မြင်ကို တစ်မျိုး ဖြစ်သွားစေပါတယ်။

(၃) သေချာကြည့်ပါ

အောက်မှာ ဖော်ပြထားတဲ့ ပုံကတော့ မသိရင် အမျိုးသမီးနှစ်ယောက် မှန်ကို ကြည့်ပြီး Selfie ဆွဲနေစဉ်မှာပဲ နောက်မှာ အ၀တ်လဲနေတဲ့ အမျိုးသမီးရဲ့ တင်ပါးအလှက ဓာတ်ပုံထဲမှာ မတော်တဆ ပါဝင်လာတယ်လို့ ထင်စရာရှိပါတယ်။ တကယ်
တော့ သေချာကြည့်ပါ။ ကင်မရာကိုင်ထားတဲ့ အမျိုးသမီးရဲ့ ချိုင်းကြားဖြစ်ပါတယ်။

READ
ပြောင်မြောက်လွန်းတဲ့ ဓာတ်ပုံတွေရဲ့ လျို့ဝှက်ချက်ကို ပိုင်ပိုင်နိုင်နိုင် သိသွားတဲ့အခါ...

(၄) အမြင်သည် အဆုံးအဖြတ်မဟုတ်

တစ်ခါတလေကျတော့လည်း လူတွေက အနီးစပ်ဆုံး ပုံရိပ်ကို ဖမ်းပြီး ဖြတ်ကနဲ့ ကြည့်တတ်ကြပါတယ်။ အခုလည်း
ဓာတ်ပုံထဲက အရိပ်ကို မြင်လိုက်ပြီး ဘာလဲဟဆိုပြီး တွေးမိစေမယ့် ဓာတ်ပုံလေးဖြစ်ပါတယ်။

(၅) ရှင်းရှင်းလင်းလင်း မသိမချင်း သေချာကြည့်ပါ

ဒီအောက်ဖော်ပြပါ ပုံကတော့ ထင်မှတ်မှားစေတဲ့ ဓာတ်ပုံတွေထဲမှာ အကောင်းဆုံးလို့ ဆိုရမှာပါ။ ဘာလဲဆိုတာ မပြော
တော့ဘူး … ရှင်းရှင်းလင်းလင်း ဖြစ်လာတဲ့အထိ သေချာကြည့်ပါ … ထင်ထားတာ မှားနေပါလိမ့်မယ်။

(၆) တွဲလောင်းကျနေတာလေးက ဘာလဲ … ?

ဓာတ်ပုံထဲမှာတော့ သမီးရည်းစားနှစ်ယောက် Selfie ဆွဲနေတဲ့ပုံပါဘဲ … ဒါပေမယ့် တွဲလောင်းကျနေတဲ့ အရာလေးက
ဓာတ်ပုံကို တစ်မျိုးတစ်မည် ပြောင်းလဲစေပါတယ်။ တွဲလောင်းကျနေတာက ဘာလဲ။

READ
မြေးတွေ အဆွယ်ကောင်းလို့ TikTok မှာ နာမည်ကြီးနေတဲ့ ဖိုးဖိုး နဲ့ ဖွားဖွား

(၇) နေဆာလှုံသူ

ဒါကတော့ နေဆာလှုံနေသူတစ်ယောက်ကို ကင်မရာဆရာက လက်စွမ်းပြထားတာပါ။ ဟိုး ခပ်လှမ်းလှမ်းက မီးပြတိုက်လို့ ယူဆရတဲ့ အရာနဲ့ တွဲစပ်နေတော့ … ဒီလူ အရှက်မဲ့လှချည်လားလို့ ထင်မိစေပါတယ်။

(၈) မွေ့ယာထင်တာပဲ

အောက်မှာ ရထားပေါ်က ဆင်းလာတဲ့ ငနဲ့ရဲ့ လက်ထဲက ဧရာမအရာကြီးကိုတော့ မွေ့ယာလို့ ထင်ပါတယ်။ သေချာတော့ မသိဘူးပေါ့။ တစ်ခုခုတော့ တစ်ခုခုပါဘဲ။ ဒါပေမယ့် ပုံစံက တိုက်တိုက်ဆိုင်ဆိုင် တစ်ခုခုနဲ့သွားတူနေပါတယ်။ ဒီကြားထဲမှာ အဲဒီ အမျိုးသားက ရှေ့မှာရှိနေတဲ့ အမျိုးသမီးကို ငမ်းနေတာဆိုတော့ အဓိပ္ပါယ်တွေ အများကြီး ဖြစ်စေတဲ့ ပုံတစ်ပုံပါ။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE