အလယ်ခေတ်လူသားတွေရဲ့ တကိုယ်ရည်သန့်ရှင်းမှုအားနည်းကြောင်း ပြနေတဲ့ရုပ်ပုံများ

shutterstock/By Fernando Cortes

ခေတ်အဆက်ဆက်ပြောင်းလာတာနဲ့ အမျှ တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ပတ်သက်လို့ လူသားတွေရဲ့ အသိအမြင်ဟာ တဖြည်းဖြည်း ပွင့်လင်းလာခဲ့ပါပြီ။ (၅) ရာစုကနေ (၁၅) ရာစုကာလဟာ အလယ်ခေတ်ကာလ ဖြစ်ပါတယ်။ အလယ်ခေတ်မှာ လူသားတွေဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးကို ခုလောက် အလေးမထားကြပါဘူး။ သူ့ခေတ်သူ့အခါက အလေ့အထတွေမို့ ယနေ့ခေတ်အမြင်နဲ့ကြည့်ရင်တော့ ရွံရှာဖွယ်ကောင်းနေပါတယ်။ အောက်ဘက်မှာတော့ အလယ်ခေတ်လူတွေရဲ့ ကျန်းမာရေးစရိုက်တွေကို ဗဟုသုတယူဖွယ် ဖော်ပြပေးလိုက်ပါတယ်။

ငွေထည်တွေကို စားသောက်ရမှာ အသုံးပြုခြင်း

shutterstock/By vitaliy_73

(၁၈) ရာစုရောက်တဲ့အထိ လူတွေဟာ အစားအသောက် စားတဲ့အခါ ငွေထည်နဲ့ စားသောက်ဖို့အတွေး ရမလာသေးပါဘူး။ လူအများစုဟာ လက်နဲ့ပဲ စားသုံးကြပါတယ်။ သေချာတာကတော့ ထိုခေတ်မှာ ဇွန်း ခွက် ပန်းကန်တွေကိုလည်း အခုလို ပြောင်စင်အောင် ဆေးကြောကြမှာ မဟုတ်ပါဘူး။

 

ရေချိုးခြင်း

shutterstock/By Mila Supinskaya Glashchenko

အခုခေတ်မှာ ရေချိုးခန်း၊ ရေချိုးကန်တွေနဲ့ လွယ်လင့်တကူ ရေချိုးလာနိုင်တာ ခပ်ကောင်းကောင်းပါပဲ။ အလယ်ခေတ်မှာတော့ အများသုံးရေတွင်းတွေကနေ ရေငင်ပြီး အများသုံးရေချိုးကန်တွေမှာပဲ ရေချိုးကြရပါတယ်။

အ၀တ်လျှော်ခြင်း

shutterstock/By CatherineLProd

အလယ်ခေတ်လူသားတွေဟာ တစ်နှစ်ကို ခြောက်လတစ်ကြိမ် (၂) ခါပဲ အ၀တ်လျှော်ကြပါတယ်။ အ၀တ်တွေ လျှော်ဖွပ်ပြီး ၀တ်ဆင်ရတာကို အရေးကြီးတယ်လို့လည်း မသတ်မှတ်ပါဘူး။ ဒါ့အပြင် သူတို့ရဲ့ ဆပ်ပြာရည်က ပြာရည်၊ ကျင်ငယ်နဲ့ မြစ်ရေတွေ ရောထားတာပါ။ ဒါကြောင့်လည်း လျှော်ဖို့ထက် မလျှော်တာကမှ ပိုအ၀တ်သက်သာဦးမယ်ဆိုပြီး ယူဆခဲ့ကြဟန် တူပါတယ်။

READ
လက်တွေ့စမ်းသပ်ခန်းထဲမှ ကယ်သူမဲ့ ခွေးလေးတွေရဲ့ ဘဝ

ထူးထူးဆန်းဆန်း ပါဝင်ပစ္စည်းတွေနဲ့ ဖော်စပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာ

shutterstock/By Africa Studio

အလယ်ခေတ်လူသားတွေ သုံးတဲ့ မျက်နှာသစ်ဆပ်ပြာမှာတောင် ကျင်ငယ်ရည်တွေနဲ့ ဖော်စပ်ထားပါတယ်။ အခုအခါမှာတော့ မျက်နှာသစ်ပစ္စည်းအမျိုးမျိုးအဖုံဖုံ ရွေးချယ်စရာရှိလာတာကြောင့်  ခုခေတ်လူတွေက ကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

တစ်ပိုင်တစနိုင် အပေါ့အလေးစွန့်ကြတဲ့ အိုး

twitter/@rachel

ဆိုလိုတာက အလယ်ခေတ်လူတွေဟာ ကျင်ကြီး ကျင်ငယ်စွန့်တဲ့အိုးလေးတွေကို အိပ်ရာအောက်မှာ ထားကြပါတယ်။ အပေါ့သွားသွား၊ အလေးသွားသွား၊ အားလုံး ကိစ္စပြီးလို့ အိုးပြည့်သွားရင် ပြတင်းပေါက်ကနေပြီး အိုးကို လှမ်းသွန်ချလိုက်တာပါပဲ။ လမ်းသွားရင်းတောင် အခန့်မသင့်ရင် အညစ်အကြေးနဲ့ အပက်ခံရမယ့် ခေတ်အခါပါပဲ။

ကိုယ်နံ့အတွက် ပန်းတွေကို အသုံးပြုခြင်း

shutterstock/By puhhha

အလယ်ခေတ်လူတွေဟာ ရေလဲမချိုး၊ အ၀တ်တွေကိုလည်း တစ်နှစ်(၂) ခါပဲ လျှော်တာဆိုတော့ သူတို့ရဲ့ အနံ့အသက်က ဘယ်လိုရှိမလဲ မတွေးဝံ့စရာပါပဲ။ ထိုခေတ်ကတော့ ကိုယ်တွင်းအနံ့အသက်ဆိုးတွေပျောက်အောင်လို့ ပန်းတွေနဲ့ အနံ့ဖုံးလေ့ရှိကြောင်း သိရပါတယ်။

အလှအပအတွက် တိရစ္ဆာန်တွေကို အသုံးပြုခြင်း

ထိုခေတ်က လူတွေဟာ အလှအပပြုပြင်ရာမှာ တိရစ္ဆာန်တွေရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုကြပါတယ်။ မျက်တောင်မွှေးထူထူထဲထဲ ရဖို့အတွက် တကူးတကကြိုးစားကြတာမဟုတ်ပဲ ကြွက်မွှေးတွေကို မျက်တောင်တုအဖြစ် အသုံးပြုကြတာ ဖြစ်ပါတယ်။

READ
နှစ်(၆၀) နီးပါးသက်တမ်းရှိတဲ့ ပလတ်စတစ်သင်္ဘောရုပ်ကို အာတိတ်သမုဒ္ဒရာထဲမှာတွေ့ရှိ

သံပူကပ်ခြင်း

twitter/@rachel

တစ်ခုခုထိခိုက်ဒဏ်ရာရလို့ ဒဏ်ရာဟောင်းလောင်းကြီး ဖြစ်နေတယ်ဆိုရင် အလယ်ခေတ်လူတွေကတော့ သံကို မီးကျီးခဲမှာ အပူပေးပြီး ဒဏ်ရာပေါ်ကို ကပ်ချကြပါတယ်။ သံပူကပ်ခြင်းဟာ အလယ်ခေတ်လူတွေ အသုံးများကြတဲ့ အလေ့အကျင့်ဖြစ်ပြီး ပဋိဇီဝဆေးဆိုတာတွေဟာလည်း ထိုခေတ်မှာ မကြားဖူးသလောက်ပါပဲ။

လင်းလင်း (ShweMom)

Ref: elitereaders

SHARE