ဖွေးဖွေး ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းများထွက်ပေါ်

ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ နာမည်ကျော် အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်တဲ့ ဖွေးဖွေးကတော့ လတ်တလောမှာ ကားအက်စီဒင့် ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ကားအက်စီးဒင့် ဖြစ်ခဲ့တာကတော့ လွန်ခဲ့တဲ့ ၃ရက်လောက်က ဖြစ်ခဲ့တာလို့လည်း  အချို့ကပြောဆိုနေကြပါတယ်။ ဖွေးဖွေးရဲ့ ကားတိုက်မှု သတင်းကိုတော့ ရုပ်ရှင်ထုတ်လုပ်ရေး ပရိုဂျူဆာ တစ်ယောက်က သူ့ရဲ့ ဖေ့စ်ဘုတ်ကနေ တစ်ဆင့် ပြောပေးထားတာဖြစ်ပါတယ်။

ဖွေးဖွေးကတော့ ကားတိုက်ခံရပြီး မနေ့ ညက ခါးခွဲစိတ်ထားတယ်လို့လည်း သိရပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး ပရိုဂျူဆာကတော့ “တော်သေးတယ် ခါးပတ်ပတ်ထားလို့ နို့မို့ဆို..” လို့လည်း ရေးပြီး ဖွေးဖွေးအတွက် စိုးရိမ်နေတဲ့အကြောင်းကို တင်ပေးထားပါသေးတယ်။

ပရိသတ်တွေလည်း ဖွေးဖွေး အမြန်ဆုံး သက်သာပြီး ထိခိုက်ဒဏ်ရာ နည်းဖို့အတွက် ဆုတောင်းပေးလိုက်ပါဦးနော်။

Source: tin winn tun

SHARE