စိတ်ပူနေကြတဲ့ ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့အခြေအနေကို ပြောပြလိုက်တဲ့ ဖွေးဖွေးရဲ့ ဖခင်

ဒီနေ့မနက်မှာတော့ အကယ်ဒမီ မင်းသမီး ဖွေးဖွေး ကားအက်စီးဒင့်ဖြစ်တယ်ဆိုတဲ့ သတင်းတွေက ပရိသတ်တွေကြားမှာ တော်တော်လေးကို ပျံနှံ့သွားခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုတော့ ရုပ်ရှင်ထုတ်လုပ်ရေး ပရိုဂျူဆာတစ်ယောက်က သူ့ရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ သူကတော့ “ဖွေးဖွေး ကားတိုက်ခံရ မနေ့ညက ခါးခွဲစိတ်ပြီး” လို့ရေးထားပြီး ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးခဲ့တာဖြစ်ပါတယ်။

ဒီအကြောင်းကြောင့် စိတ်ပူနေကြတဲ့ ဖွေးဖွေးရဲ့ ပရိသတ်တွေကိုတော့ ဖွေးဖွေးရဲ့ အဖေက “စိတ်ပူပေးကြသူများအတွက်အားလုံးကျမ်းကျမ်းမာမာအေးအေးဆေးဆေးပါ မက်စင်ဂျာခဏနားထားပါတယ်ဗျ ဖြေ ရတာမောလွန်လွန်းလို့စ်” ဆိုတဲ့ စာလေးကို ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားတာပါ။ ဖွေးဖွေးရဲ့ ဓါတ်ပုံကိုတောင် ဖေ့စ်ဘုတ်ပေါ်မှာ တင်ပေးထားပါသေးတယ်။

ဒီသတင်းလေးကို ဖွေးဖွေးကို အားပေးကြတဲ့ အခြား ပရိသတ်တွေပါ သိသွားအောင် မျှဝေပေးလိုက်ကြပါဦးနော်။

Source: Phway Phway, kyaw kyaw win, tin tunn win

SHARE