“ကြာတော့သည်လည်း မောင့်စကား..” Red Carpet ပွဲမှာ တွေ့ရတဲ့ ဖွေးဖွေး

“ကြာတော့သည်လည်း မောင့်စကား..” ရုပ်ရှင်ဇာတ်ကားရဲ့ Red Carpet ပွဲကိုတော့ Juncity City JGCV မှာ ဇန်န၀ါရီလ (၂၉)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲကိုတော့အနုပညာရှင်တွေ၊ ဖိတ်ကြားထားတဲ့ တခြားဧည့်သည်တွေ အများကြီး တက်ရောက်ခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ စာရေးဆရာမ ဂျူးရဲ့ ၀တ္ထုကို ရုပ်ရှင်ကားအဖြစ် ပြန်လည်ရိုက်ကူးခဲ့တာပါ။ Red Carpet ပွဲ ပုံတွေကိုတော့ ဖွေးဖွေးက သူမရဲ့ fb မှာ ဝေမျှထားပါတယ်။

ကြာတော့သည်လည်း…မောင့်စကား….
Red Carpet show….
With Special People I Respect

Make up by Rita
Hair by Ou Wae
Burmese Attire by Designer Ko Nyein Ko(Chic & chic)

Thanks for joining everyone xX
Have a peaceful day my Darlings..
#BurmeseActressPP #ကြာတော့သည်လည်းမောင့်စကား

READ
နောင်ထွက်မယ့် Marvel ရုပ်ရှင်တွေထဲမှာ Gay ဟီးရိုး နှစ်ယောက်ပါဝင်မည်ဟု အတည်ပြု

“ကြာတော့သည်လည်း မောင့်စကား..” ကို အရင်ကလည်း ရုပ်ရှင်ကားအဖြစ် ရိုက်ကူးခဲ့ဖူးပါတယ်။ (၁၉၉၅)ခုနှစ်ဝန်း ကျင်ေ လာက်တုန်းက ရုပ်ရှင်ကား အဖြစ် ရိုက်ကူးခဲ့ဖူးပြီး စိုးမြတ်သူဇာ၊ ရန်အောင်၊ ရဲအောင် တို့နဲ့ ရိုက်ကူးခဲ့တာပါ။ Red Carpet ပွဲကိုတော့ “ကြာတော့သည်လည်း မောင့်စကား..” ရဲ့ အရင်သရုပ်ဆောင်ဟောင်းတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဒီကားမှာတော့ ဖွေးဖွေး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း တို့ ပါဝင်ထားပါတယ်။ ဇာတ်ညွှန်းမိုးနီလွင်၊ ဒါရိုက်တာ မီးပွား ပါ။ ဒီဇာတ်ကား ကတော့ တင်တင်ဇော်၊ ဖြိုးကျော်၊ နန္ဒ ဆိုတဲ့ ဇာတ်ကောင် (၃) ယောက်ရဲ့ သုံးပွင့်ဆိုင် ချစ်ဇာတ်လမ်းလေးပါ။ ဖေဖော်ဝါရီ (၁)ရက်နေ့မှာ ရုံတင်ပြသတော့မှာပါ။

Source: ဖွေးဖွေး

SHARE